ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်း မှ Italian Thai ကုမ္ပဏီမှာ ထွက်ခွာသွား ခြင်းမဟုတ်ဘဲ
လုပ်ငန်းလိုအပ်ချက် အရ ယထာဘူတကျကျ ခွဲခြမ်း လေ့လာ သုံးသပ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်
များ (Due Diligence Assessment) များ ပြုလုပ်ရန်အတွက် တည်ဆောက်ရေးလုပ်ငန်းများ
ကို ခေတ္တရပ်နားထားရ ခြင်းဖြစ်ကြောင်းဇုန်နှင့် ဆက်စပ်စီမံကိန်း များ ဥပဒေနှင့် လုပ်ထုံးလုပ်နည်း
များ ညှိနှိုင်းရေးဆွဲရေးကဏ္ဍဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောသည်။
"အီတာလျံထိုင်းက တည်ဆောက်ရေး လုပ်ငန်းတွေကို ရပ်ရတဲ့ အဓိကအချက် Due Diligence
လုပ်ဖို့အတွက်ပါ။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကို ဒီပရောဂျက်ထဲ ခေါ်ဖို့အတွက်ဆိုရင် ဒါတွေကို
မဖြစ်မနေလုပ်ရပါမယ်။ အဲဒါလုပ်ဖို့အတွက်ဆိုရင်လည်း Italian Thai က လက်ရှိလုပ်နေတဲ့
လုပ်ငန်းတွေအားလုံးကို ရပ်ထားမှရမယ်"ဟု ဒီဇင်ဘာလ ၂ ရက်နေ့က ထားဝယ်အထူးစီးပွားရေး
ဇုန်နှင့် ဆက်စပ် စီမံ ကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုဆိုင်ရာများ ရှင်းလင်းပွဲ၌
၎င်းက ပြောသည်။
ထို့ကြောင့် နိုင်ငံတကာက ထင်မြင် နေသလို Italian Thai ကုမ္ပဏီ စီမံကိန်း မှ ဖယ်ထုတ်လိုက်ခြင်း
မဟုတ်ကြောင်း ၎င်းက ပြောသည်။
စီမံကိန်းကြီး တစ်ခုလုံးအား အကောင်အထည်ဖော်ရန် ယင်းကုမ္ပဏီ တစ်ခုတည်း၏ အင်အားနှင့်
မလုံ လောက်သည့်အလျောက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နိုင် ရန်အတွက် မည်ရွေ့
မည်မျှ ရင်းနှီးမြှုပ်နှံ ထားသည်၊ မည်သည့်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီးဖြစ်သည် စသည့် ကိစ
္စရပ်များကို ပွင့်လင်းမြင်သာစွာချပြနိုင်ရန် လိုအပ်ကြောင်း ဦးဆက်အောင်က ပြောသည်။
"ထားဝယ်က အရမ်းကြီးတဲ့ ပရော ဂျက်ကြီးပါ။ ဒီလို အရမ်းကြီးတဲ့အတွက် ကုမ္ပဏီတစ်ခုတည်းနဲ့
မနိုင်ဘူး။ အီတာလျံထိုင်းကလည်း ဇုန်ဖွံ့ဖြိုးရေး အားလုံးလုပ်ဖို့ ဆိုရင်လည်း သူ့မှာ ငွေကြေး
အင်အား အလုံအလောက် မရှိဘူး။ အီတာလျံထိုင်းမှ မဟုတ်ဘူး ဘယ်ကုမ္ပဏီမှ ဒီလောက်ကြီးတဲ့
စီမံကိန်း ကိုလုပ်ဖို့အတွက် ငွေကြေး အလုံ အလောက် မရှိပါဘူး။ ဒါကြောင့် ကျွန်တော်တို့က
တခြားနိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေကို ခေါ်ရမှာဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။
Due Diligence ဆိုသည်မှာ စာရင်း စစ်သည့် သဘောတရားပင်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီ
က ရင်းနှီး မည်ဟု ပြောထားသည့် ငွေပမာဏနှင့် အမှန်တကယ် သုံးစွဲနေသော ပမာဏ ကိုက်ညီမှု
ရှိမရှိ၊ လုပ်ငန်းဆောင်ရွက် မှု အနေအထားများ မည်မျှအထိ ပြီးစီး ပြီဆိုသည်ကို နိုင်ငံတကာအကြံ
ပေး လုပ်ငန်းအဖွဲ့များ ငှားရမ်း စစ်ဆေးသည့်စနစ်လည်း ဖြစ်သည်။
ယင်းအနေအထားမှာ ယုံကြည်မှုမရှိသည့်အနေအထားမဟုတ်ဘဲ နိုင်ငံတကာစံနှုန်းအတိုင်း လုပ်ငန်း
လိုအပ်ချက်အရ လုပ်ရခြင်းဖြစ်ကြောင်းလည်း ဦးဆက်အောင်က ပြောသည်။ ထားဝယ်အထူးစီးပွား
ရေးဇုန် စီမံကိန်း တွင် ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ သံမဏိစက်ရုံ၊ ဓာတ်မြေဩဇာစက်ရုံ၊ ကျောက်
မီးသွေး/ သဘာဝဓာတ်ငွေ့ သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစသည်တို့ ပါ၀င်မည်ဖြစ်ပြီး ၂၀၁၅
စ် ကုန်တွင် ရေနက်ဆိပ်ကမ်း အဆင့် ၁၊ မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီး အဆင့် ၁၊ စက်မှု
ဇုန် စသည်တို့ကို ပြီးစီးရန် လျာထားကြောင်း သိရသည်။
ကနဦးစီမံကိန်းများအတွက် နိုင်ငံ တကာမှ တင်ဒါများကို ယခုလ ၂၀ ရက်နေ့တွင် ဖိတ်ခေါ်သွား
မည်ဖြစ်ပြီး အဆိုပြုချက်များကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တင်သွင်းရမည်ဟု ထားဝယ်
အထူးစီးပွားရေးဇုန် စီမံခန့်ခွဲ မှု ကော်မတီဥက္ကဋ္ဌ ဦဟံစိန်က ပြော သည်။ တင်ဒါများကို ၂၀၁၄
ခုနှစ်၊ မတ်လကုန်တွင် ရွေးချယ်သွားမည် ဖြစ်သည်။ ကနဦးစီမံကိန်း တည်ဆောက်ရေးအတွက်
မြန်မာ၊ ထိုင်းနှင့် ဂျပန် သုံးနိုင်ငံ အစိုးရ ဆွေးနွေးလျက်ရှိပြီး နိုင်ငံ တကာ ရင်းနှီးမှုများ ဖိတ်ခေါ်ရာ
တွင် ဂျပန် အကျိုးတူပူးပေါင်းအဖွဲ့အစည်းများသာမက ဂျပန်မှမဟုတ်သော အခြားကုမ္ပဏီများပါ
ပါ၀င်လာနိုင်ပြီး ပြည်တွင်းကုမ္ပဏီများကလည်း sub contractor များအဖြစ် ပါ၀င်လာနိုင်မည်ဟု
ဆိုသည်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း အတွက် ဒေသခံများ၏ ကန့်ကွက်မှု များလည်း ခံနေရသေး
ရာ အစိုးရက ပေးလျော်ရန် ကျန်ရှိနေသေးသော လူဦးရေများနှင့် မြေယာ၊ စိုက်ခင်း လျော်ကြေး
များကို ကျပ်သိန်း ရ,၀၀၀ ကျော်ဖိုး ဆက်လက်ပေးလျော်သွား မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း
ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ၀န်ကြီးဌာန၊ ဒုဝန်ကြီး ဦးဘုန်းဆွေက ပြောသည်။















