အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင် သူများသည် တရားဝင် အိမ်ခြံမြေ အကျိုးဆောင်
လိုင်စင်ရရှိရန် မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှုအသင်း (ဗဟို) က စီစဉ်နေမှုအပေါ် အဆိုပါ
၀န်ဆောင်မှု လုပ်ငန်းရှင်များက အမျိုး မျိုး ဝေဖန်သုံးသပ်လျက်ရှိကြသည်။
အိမ်ခြံမြေ အရောင်းအဝယ်နှင့် ပတ်သက် သည့် အရှုပ်အရှင်းပြဿနာများကို ကာကွယ်နိုင်ရန်
ရည်ရွယ်၍ အိမ်ခြံမြေအကျိုးဆောင် လိုင်စင်အား စီစဉ်ရခြင်းဖြစ်ကြောင်း မြန်မာ နိုင်ငံ အိမ်ခြံမြေ
၀န်ဆောင်မှုအသင်း (ဗဟို) အတွင်းရေးမှူး ဒေါ်မိုးမိုးအောင်က ယခုလ ၁၀ ရက်နေ့က ပြောသည်။
"အပြင်မှာ အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ အရောင်းအဝယ်မှာ အရှုပ်အရှင်းလေးတွေ ရှိတယ်ပေါ့နော်။
ဘယ်သူက ရောင်းသွားမှန်း မသိ၊ ပွဲစားဘယ်သူမှန်းမသိ စတာတွေပေါ့။ လိုင်စင်ရှိထားတဲ့အခါ
ကျ ပြဿနာတစ်စုံတစ်ရာ ဆိုလည်း အလွယ်တကူဖြေရှင်းပေးနိုင်မယ်" ဟု ၎င်းက ဆိုသည်။
အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းများမှာ ျနမလငခန ူငခနညခန ဖြင့်လုပ်ကိုင်နေပြီး အများ အားဖြင့်
အကျိုးဆောင်လုပ်ငန်း ဆိုင်းဘုတ်တင်ပြီး လုပ်ကိုင်နေကြသူများဖြစ်သည့်အတွက် လိုင်စင်သီး
သန့်ရှိလျှင် ပိုအဆင်ပြေမည်ဟု ယူဆသည်ဟု ဆိုသည်။
"အသင်းသားဖြစ်ကြောင်း ထောက်ခံတယ် ဆို လိုင်စင်ရမယ်ဆိုတဲ့သဘောပါပဲ။ ကျန်တာ ဘာမှ
ထူးထူးခြားခြားမရှိပါဘူး။ ကျွန်မတို့က အိမ်ခြံမြေ အသင်းသားတွေကို လိုင်စင် ထုတ် ပေးတော့
မယ်လို့ သတင်းကောင်းပါးပြီး အကြို ပြင်ဆင်မှုအနေနဲ့ ပြောတဲ့သဘောပါ။ တရားဝင် လိုင်စင်နဲ့
တကယ်လုပ်မယ့်သူတွေကို အစိုးရက လိုင်စင်ချပေးတဲ့အခါ မြန်မာနိုင်ငံ အိမ်ခြံမြေ အသင်းဝင်
ဆိုတော့ အားလုံးအဆင်သင့်ဖြစ်နေ မယ်'' ဟု ဒေါ်မိုးမိုးအောင်က ပြောသည်။
သို့သော် မည်သည့်ဝန်ကြီးဌာနက မည်သည့်အစီအစဉ်ဖြင့် လိုင်စင်ချထားပေးမည်ဆိုသည့်
အကြောင်းကို အတည်ပြုနိုင်ခြင်း မရှိသေးဟုဆိုသည်။ နျအအေန ပြညောမေ အိမ်ခြံမြေ အကျိုး
ဆောင်လုပ်ငန်းမှ အမှုဆောင်အရာရှိဖြစ်သူ ဦးဟိန်းမိုးမြင့်လွင်ကလည်း တရားဝင် လိုင်စင်
ရှိထားခြင်းသည် အကျိုးဆောင်လုပ်ငန်းနှင့် လုပ်ငန်း အပ်နှံသူများအား ကာကွယ်ပြီးသားဖြစ်
သွား မည်ဟု သုံးသပ်သည်။
"လိုင်စင်တွေ ရှိထားတဲ့အခါကျ ပြဿနာဖြစ် ရင် လိုင်စင်ပြန်ရုပ်သိမ်းလိုက်လို့ ရနိုင်တယ်။
အကျိုးဆောင်ရော၊ ကပ်စတန်မာရော နှစ်ဦးနှစ် ဖက် ကာကွယ်ပြီးသားဖြစ်တာပေါ့။ ဒါရှိထား
တာကို ကပ်စတန်မာသိရင် ပွဲစားလိမ်တာတွေ ဘာတွေလည်း လုပ်လို့မရတော့ဘူး။ ကျွန်တော်
ကတော့ အကျိုးဆောင်အလုပ်ကို နိုင်ငံတကာ မှာလို ပရော်ဖက်ရှင်နယ်အလုပ်မျိုး ဖြစ်စေချင်
တယ်။ ဖုန်းတစ်လုံး၊ ပါးစပ်တစ်ပေါက်ရှိရုံနဲ့ ပွဲစားလုပ်နေတာမျိုးတွေ မဖြစ်စေချင်တော့ဘူး" ဟု
၎င်းကဆိုသည်။
အိမ်၊ခြံ၊မြေဈေးကွက် အားကောင်းလာသည် နှင့်အမျှ အကျိုးဆောင်များလည်း များပြား လာ
သည့်အတွက် ဖောက်သည်များဘက်မှ နစ်နာဆုံးရှုံးမှုများရှိလာလျှင် အယုံအကြည် ပျက်သွား
နိုင်သည်ဟု မြောက်ဒဂုံမြို့နယ် ကောင်းကောင်း အိမ် ခြံ မြေ အကျိုးဆောင်မှ ကိုအောင်မိုးကျော်
က ဆိုသည်။
"အိမ် ခြံ မြေ အရောင်းအဝယ်တွေက ငွေ ပမာဏတွေကလည်း များလာပြီ။ ဈေးကွက်က လည်း
အရမ်းကောင်းနေတဲ့အခါကျ အရပ်ပွဲစား တွေလည်း များလာတယ်။ ပွဲစားကလည်း ဥပဒေ နဲ့
စာချုပ်စာတမ်းအကြောင်း ဘာမှနားမလည်၊ ကပ်စတန်မာကလည်း နားမလည်ဆိုရင် နစ်နာမှု
တွေရှိလာနိုင်တယ်။ တာဝန်မယူနိုင်တာတွေရှိလာရင် အကျိုးဆောင်တွေကို အယုံအကြည်
ပျက်မယ်။ လိုင်စင်နဲ့ လုပ်လိုက်တဲ့အခါကျ ကြပ်မတ်ပြီးသား ဖြစ်သွားတာပေါ့" ဟု
ကိုအောင်မိုးကျော်က ပြောသည်။
တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေသော အရပ် ပွဲစားများအပါအဝင် ပုံစံအမျိုးမျိုးဖြင့် လုပ်ငန်း
လုပ်ကိုင်လျက်ရှိသော အကျိုးဆောင်များ (ပွဲစားများ) အနေဖြင့် မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ
၀န်ဆောင်မှုအသင်းဝင်ဖြစ်လျှင် လိုင်စင် ရရှိရန် အသင်းက ထောက်ခံပေးမည်ဖြစ်ကြောင်း
အိမ် ခြံ မြေ ၀န်ဆောင်မှုအသင်းက အစည်း အဝေးတစ်ခုတွင် ပြောဆိုခဲ့ပြီး မန္တလေးမှ အိမ် ခြံ
မြေ အကျိုးဆောင်များက အဆိုပါ မူဝါဒကို ကန့်ကွက်ခဲ့သည်။
အသင်းဝင်ဖြစ်သည့် စိုင်းခွန်နောင် အိမ် ခြံ မြေ အကျိုးဆောင်လုပ်ငန်းမှ ဦးရန်အောင် ကလည်း
မြန်မာနိုင်ငံ အိမ် ခြံ မြေ အသင်းဝင် ဖြစ်မှ လိုင်စင်ရရှိရန် ထောက်ခံပေးမည်ဆိုသည် မှာ အသင်း
၀င်မဟုတ်သည့် အကျိုးဆောင် လုပ်ငန်းများအတွက် နားလည်မှုလွဲစေနိုင်ကြောင်း သုံးသပ်ပြော
ဆိုသည်။
"အကျိုးဆောင်လုပ်ငန်းဆိုတာ လူအများကို ၀န်ဆောင်မှုပေးတဲ့ လုပ်ငန်း ဖြစ်တဲ့အတွက်
၀န်ဆောင်မှုလုပ်ငန်းလိုင်စင်ပဲ ယူရတာပေါ့။ ဒီလိုင်စင်ကလည်း အစိုးရဌာန၊ တရားဝင် လိုင်စင်
ချထားပိုင်ခွင့်ရှိတဲ့ဆီကနေ ရတာပါပဲ။ အဲဒီတော့ အိမ် ခြံ မြေ အကျိုးဆောင်လိုင်စင်ရဖို့ရာ
အသင်းဝင်ဖြစ်မှ ရနိုင်မယ်ဆိုတာက နားလည်မှုလွဲစေနိုင်တယ်။ မြန်မာနိုင်ငံ အိမ် ခြံ မြေအသင်း
က အာဏာပိုင်အဖွဲ့အစည်း မဟုတ်ဘူးလေ" ဟု ဦးရန်အောင်က ပြောသည်။
လက်ရှိ ၀န်ဆောင်မှု လုပ်ငန်းများတွင် ကုမ္ပဏီလုပ်ငန်းလိုင်စင်ဖြင့် လုပ်ကိုင်သူများ၊ မြို့တော်
စည်ပင်လုပ်ငန်းလိုင်စင်ဖြင့် လုပ်ကိုင်သူများ၊ အစုစပ်လုပ်ငန်းလိုင်စင်ဖြင့် လုပ်ကိုင်သူများ
စသည်ဖြင့် လုပ်ငန်းလိုင်စင် သုံးမျိုးဖြင့် လုပ်ကိုင်လျက်ရှိသည်။ မြန်မာနိုင်ငံ အိမ် ခြံ မြေ
၀န်ဆောင်မှုအသင်း တွင် (က) ကုမ္ပဏီ/လုပ်ငန်းရှင်များ၊ (ခ) အစုစပ် လုပ်ငန်းရှင်များနှင့်
(ဂ) တစ်ဦးတစ်ယောက်တည်း လုပ်ကိုင်သူများ (လမ်းလျှောက်ပွဲစား၊ အရပ်ပွဲစားများ)
စသည်ဖြင့် အုပ်စုသုံးခု သတ်မှတ်ထား ပြီး အသင်းဝင်ကြေးမှာ (က) အုပ်စုအတွက်
ကျပ်တစ်သိန်း၊ (ခ) အုပ်စုအတွက် ကျပ် ၅၀,၀၀၀ နှင့် (ဂ) အုပ်စုအတွက် ကျပ် ၃၀,၀၀၀
သတ်မှတ် ထားကြောင်းသိရသည်။
လက်ရှိ မြန်မာနိုင်ငံ အိမ် ခြံ မြေ ၀န်ဆောင်မှု အသင်းတွင် အသင်းဝင်ပေါင်း ၂,၁၅၀ ၀န်းကျင်
ရှိပြီး အများစုမှာ ရန်ကုန်မှ အကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူများဖြစ်ကြောင်း သိရ သည်။















