ခွင့်ပြုချက်စောင့်ဆိုင်းနေဆဲ ရန်ကုန် မြို့လယ်က ဆောက်လုပ်ရေးစီမံကိန်း

ခွင့်ပြုချက်စောင့်ဆိုင်းနေဆဲ ရန်ကုန် မြို့လယ်က ဆောက်လုပ်ရေးစီမံကိန်း

စီမံကိန်းကို စီးပွားရေးအရ အလားအလာရှိအောင် ပြုလုပ်ပေးနိုင်ရန် ပဓာနကျသည်ဟု ဆောက်
လုပ်ရေးလုပ်ငန်းရှင်များက ဆိုသည့် ငှားရမ်းမှု စာချုပ်သက်တမ်းတိုးပေးရန်အတွက် ရန်ကုန်မြို့
လယ်ရှိ အမေရိကန်ဒေါ်လာ သန်း ၄၀၀ တန် ဆောက်လုပ်ရေးစီမံကိန်းဖြစ်သည့် Landmark
project သည် မီးရထားဝန်ကြီးဌာန ၏ အတည်ပြုချက်ကို စောင့်နေဆဲဖြစ်သည်။

ပြီးခဲ့သည့်နှစ်တွင် ၀န်ကြီးအပြောင်းအလဲဆက်တိုက်ဖြစ်ပေါ်ခဲ့သည့်အတွက် အဆိုပါစီမံကိန်း
အတွက် ငှားရမ်းမှုစာချုပ်သက်တမ်းတိုးပေးရေးအတွက် ခွင့်ပြုချက်ရရှိရန် ကြန့်ကြာ နေရခြင်း
ဖြစ်သည်ဟု ယင်းစီမံကိန်းကို အဓိက ငွေကြေးပံ့ပိုးပေးသူ မစ္စတာဆာ့ဂျ်ပန်က ပြီး ခဲ့သည့်
ရက်သတ္တပတ်တွင် ပြောကြားခဲ့သည်။

သို့သော် စီမံကိန်းအတွက် ဆောက်လုပ် ရေးလုပ်ငန်းများ စတင်နိုင်ရန်နှင့် စီမံကိန်းတွင် ရင်းနှီး
မြှုပ်နှံမည့်သူများနှင့် သဘောတူညီမှုစာချုပ် အပြီးသတ်ချုပ်ဆိုနိုင်ရန် လိုအပ်သည့် စာရွက်စာ
တမ်းများကို လာမည့်လများတွင် ရရှိလိမ့်မည်ဟု ၎င်းက မျှော်လင့်ထားသည်။

မြေနေရာအကျယ် ၁၀ ဧက ကျော်တွင် အဆောက်အအုံမျိုးစုံ ဆောက်လုပ်မည့် အဆိုပါ စီမံကိန်းတွင် ရှေးဟောင်းအမွေအနှစ်စာရင်းဝင် မြန်မာ့မီးရထားဌာနရုံးချုပ် အဆောက်အအုံ
ဟောင်းကို Peinsula Hotel Yangon အဖြစ် ပြောင်းလဲရန် ဟောင်ကောင်အခြေစိုက် HK &
Shanghai hotels က အကျိုးတူပူးပေါင်း ပါ၀င် မည်ဖြစ်သည်။

မစ်ဆူဘီရှီကော်ပိုရေးရှင်းနှင့် မစ်ဆူဘီရှီအက်စ်တိတ်ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မည့်စီမံကိန်း
တွင် သီးခြားဟိုတယ်၊ ပရိဘောဂပါ အသင့်နေတိုက်ခန်း၊ အဆင့်မြင့် ကွန်ဒို၊ လက်လီအရောင်း
ဆိုင်နှင့် ရုံးခန်း အဆောက်အအုံများ ပါ၀င်မည်ဖြစ်ပြီး ဆူးလေဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်
ဆန်းလမ်းထောင့်ရှိ အကွက်အကွင်းကောင်းသည့်နေရာ တွင် ဆောက်လုပ်မည်ဖြစ်သည်။

အဆိုပါစီမံကိန်းကြီးနှင့် ပတ်သက်ပြီး မြို့တော်စည်ပင်၏ မြို့တော်အကွက်ချသတ် မှတ်ရေး
စီမံကိန်းနှင့် ကိုက်ညီပြီး ရှေးဟောင်း အမွေအနှစ်နှင့် ပတ်သက်ပြီး စည်းရုံးလှုံ့ဆော်သူများ၏
ကန့်ကွက်ခြင်းများ မရှိသည့်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ထံမှ
မူအားဖြင့် ခွင့်ပြုချက်ရထားပြီးဖြစ်သော် လည်း ငှားရမ်းမှုသက်တမ်းတိုးပေးရန် မြန်မာ့
မီးရထားနှင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်များရရှိရန် လိုအပ်နေသည်။

အဆိုပါစီမံကိန်းကို လက်ရှိရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မူလ ၁၉၉၅ ခုနှစ်ငှားရမ်းမှုကို အများ ဆုံး
နှစ် ရ၀ အထိ (နှစ်၅၀ ငှားရမ်းမှုနှင့် ၁၀နှစ် နှစ်ကြိမ်) သက်တမ်းတိုးပေးရန် ၀န်ကြီးဌာနတွင်
လျှောက်လွှာတင်ထားသည်ဟု ပုုဂ္ဂလိက ကုမ္ပဏီ First Myanmar Investment (FMI)၊
serge Pun & Associates (Myanmar) SPA နှင့် စင်ကာပူနိုင်ငံတွင် စာရင်းဝင်သည့် Yoma
Strategic Holdings ၏ ဥက္ကဋ္ဌ မစ္စတာပန်က မြန်မာတိုင်း(မ်)နှင့် သီးသန့်အင်တာဗျူးတွင်
ပြောသည်။

"စုစုပေါင်းရင်းနှီးမြှုပ်နှံမှုဟာ ဒေါ်လာ သန်း ၄၀၀ လောက် ကုန်ကျမှာပါ။ ဒါက ကျွန်တော်တို့
မှန်းထားတာထက် တော်တော်လေးကို များပါတယ်။ဒါကြောင့် အခုထွက်ပေါ်လာတဲ့ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့အညီ ကျွန်တော်တို့ရဲ့ စီမံကိန်းကို အများဆုံးလက်ခံနိုင်တဲ့ကာလအထိ ငှားရမ်းလုပ်ကိုင်ခွင့်သက်တမ်းတိုးပေးဖို့ လျှောက်လွှာတင်ထားပါတယ်"ဟု ၎င်းက ဒီဇင်ဘာလ
၅ ရက်နေ့တွင် ပြောသည်။

အဆိုပြုထားသည့် သဘောတူညီမှုအရ အက်ဖ်အမ်အိုင်နှင့် ရိုးမတို့သည် အဆိုပါစီမံ ကိန်း
အတွက် အဓိက ရှယ်ယာရှင်များ ဖြစ်လာ မည် ဖြစ်သည်။ ငှားရမ်းလုပ်ကိုင်ခွင့် သက်တမ်း
ကာလနှင့် ပတ်သက်ပြီး မီးရထားဝန်ကြီးဌာန၏ သဘောတူ ခွင့်ပြုချက်ရလျှင်ရချင်း အမ်အိုင်စီ
သို့ လုပ်ငန်း ငှားရမ်းလုပ်ကိုင်ခွင့် သက်တမ်းအတွက် လျှောက်လွှာဆက်တင်သွားမည်ဟု
၎င်းက ပြောသည်။

မူလငှားရမ်းမှုကို ၂၀၁၂ ခုနှစ် အကုန် ပိုင်းတွင် အတည်ပြုပေးခဲ့သည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု
ဥပဒေနှင့်အညီ ပြင်ဆင်ပေးရန် ရှေ့နေ ချုပ်ရုံးသို့လည်း လျှောက်ထားပြီး ဖြစ်သည်။

"အမ်အိုင်စီကတော့ သူ့ဆီရောက်လာတဲ့ ကိစ္စတွေကို အတည်ပြုပေးတဲ့ အဖွဲ့တစ်ဖွဲ့ပါ။ အမ်အိုင်
စီကို တင်ဖို့အတွက် မီးရထားဝန်ကြီး ဌာနနဲ့ ချုပ်ဆိုထားတဲ့ သဘောတူညီချက်ရဖို့ လိုသလို
မြန်မာ့မီးရထားက လက်မှတ်ထိုးပေးထားတဲ့ အမ်အိုင်စီ လျှောက်လွှာအတွက် ထောက်ခံချက်
လည်း လိုပါတယ်" ဟု ၎င်းက ပြောကြားသည်။

"၀န်ကြီးသစ်က တာဝန်လွှဲပြောင်းယူတဲ့အခါဒီကိစ္စကို အစကနေ ပြန်ပြီးလေ့လာသုံးသပ်ရ
ပါတယ်။ ဒါက အချိန်ကုန်စေပါတယ်။ မြန်မာ့ မီးရထားက ထိပ်တန်းအာဏာပိုင်တွေကိုလည်း
အလားတူ အချိန်ကုန်စေပါတယ်။ ကျွန်တော်တို့ ဒါကိုသည်းခံပြီးတော့ စောင့်ဆိုင်းရုံပဲ ရှိပါ
တယ်" ဟု မစ္စတာပန်ပြောသည်။

"ဒီနေရာမှာ ဘာဆောက်မယ်ဆိုတာ လူတိုင်း သိပါတယ်။ ကန့်ကွက်တဲ့သူလည်း မရှိပါဘူး။
ဒါပေမဲ့ အမ်အိုင်စီရဲ့ ခွင့်ပြုချက်မရမချင်း ဆောက်လုပ်ရေးလုပ်ငန်းတွေကို စတင်ဖို့ပါမစ် လည်း
ရမှာမဟုတ်ပါဘူး" ဟု ၎င်းကဆိုသည်။


 

ယခုနှစ်အတွင်းတွင် ခွင့်ပြုချက်ရရန် အလား အလာသိပ်မရှိတော့သော်လည်း ၎င်းသည် နိုဝင်
ဘာလ ၂၂ ရက်နေ့တွင် ကျင်းပခဲ့သည့် အက်ဖ်အမ်အိုင် နှစ်ပတ်လည် အထွေထွေ အစည်း
အဝေးတွင် စီမံကိန်းအတွက် ခွင့်ပြုချက် ကျလာနိုင်မည်ဟု ၎င်း၏ မျှော်လင့်ချက်ကို ပြောကြား
ခဲ့သည်။

"ဒီစီမံကိန်းအတွက် သက်တမ်းတိုး ခွင့်ပြုချက် ရမှာပါလို့ အစိုးရက ကျွန်တော့်ကို အကြိမ်ကြိမ်
အခိုင်အမာပြောပါတယ်။ ဒါက လုပ်ရိုးလုပ်စဉ်ပါ။ ဒီစီမံကိန်းအတွက် ခွင့်ပြုချက်ချပေးဖို့ကိစ
္စ နှောင့်နှေးနေတာကို သတိပြုမိကြောင်းနဲ့ အမြန်ဆုံး ဆောင်ရွက်ပေးနိုင်အောင်လည်း ညွှန်ကြား
ချက်တွေ ပေးထားပါတယ်လို့ ပြီးခဲ့တဲ့ သုံးလေးရက်ကတောင် သမ္မတရုံးက ကျွန်တော့် ကို
ပြောလာပါတယ်" ဟု ၎င်းက ပြောသည်။

အဆိုပါ စီမံကိန်းမြေနေရာတွင် ငှားရမ်း လုပ်ကိုင်နေသည့် မီးရထားအပြည်ပြည်ဆိုင်ရာ ဟိုတယ်
၏ ရှယ်ယာအများစုပိုင် မူလ ရင်းနှီး မြှုပ်နှံသူ Nawarat Patanakarn Public Company နှင့်
အငြင်းပွားမှုကို ဖြေရှင်းပြီးမှသာ Landmark project စီမံကိန်းကို ရှေ့ဆက် ဆောင်ရွက်သွားနိုင်
မည် ဖြစ်သည်။

ရှယ်ယာ အနည်းစုပိုင် ဖက်စပ်လုပ်ငန်းရှင် အက်စ်ပီအေ နှင့် ထိုင်းကုမ္ပဏီကြားမှ ပြဿနာကို
၂၀၁၂ ခုနှစ်၊ ဩဂုတ်လတွင် 'မိတ်မပျက်စေသောနည်း' ဖြင့် ဖြေရှင်းပေးနိုင်ခဲ့ပြီး ၎င်း၏ အစိုးရ
အပေါ်တင်ရှိနေသည့် ကြွေးမြီများကိုလည်း အက်စ်ပ်ီအေ က ဖြေရှင်းပေးခဲ့ကြောင်း ၎င်းကပြော
သည်။

အဆိုပါကိစ္စဖြေရှင်းပေးပြီးနောက် သုံးလ အကြာ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မီးရထား ဌာန
အဆောက်အအုံ အသစ်ပြုပြင်ဆောက် လုပ်ခြင်း၊ Grand Mee Ya Hta Executive
Residences နှင့် အက်ဖ်အမ်အိုင်စင်တာ ဖြိုချ ခြင်း၊ အဆောက်အအုံသစ်လေးခု ဆောက်လုပ် ြ
ခင်းတို့ ပါ၀င်သည့် Landmark project ကို တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း ရိုးမ (Yoma)
က အသိပေး ကြေညာခဲ့သည်။

အဆိုပါစီမံကိန်းမှတစ်ခုဖြစ်သည့် မီရထားဌာန ဌာနချုပ်ဟောင်းကို ဏနညငညျကူေ ဟိုတယ်
အဖြစ် ပြောင်းလဲမည့် စီမံကိန်းအတွက် ဟောင်ကောင်နှင့် ရှန်ဟိုင်းဟိုတယ်များ (HK&
Shanghai Hotels) တို့နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီချက်ကို ဧပြီလ
တွင် ရရှိခဲ့သည်။

အဆင့်မြင့် Peninsula Residences ကိုလည်း ရိုးမက စီမံ ဆောင်ရွက် သွားမည်ဖြစ်ပြီး စီးပွား
ရေးအရအသုံးပြုနိုင် သည့် ဟိုတယ်လည်ပတ်ရေးအတွက်မူ အမေ ရိကန်ကုမ္ပဏီ Starwood
Hotelsကို ရွေးချယ် ထားသည်။

ဆောက်လုပ်ရေး ကုမ္ပဏီများသည် Landmark စီမံကိန်းများ ငှားရမ်းမှုသက်တမ်းတိုးပေးရေး
အတွက် ဇန်နဝါရီလကုန်ပိုင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ထုတ်ပြန်ပြီး နောက်ပိုင်းတွင်
ချက်ချင်းနီးပါး လျှောက်လွှာ တင်သွင်းခဲ့ကြသည်ဟု မစ္စတာပန်က ပြော သည်။

သို့သော် ဇွန်လ ၁၆ ရက်နေ့တွင် နောက်ဆုံးအငှားသက်တမ်း (အရောင်းအဝယ် စာချုပ်သဘော
တူညီချက်အရ အငှားစာချုပ်သက်တမ်းတိုးရန် အက်စ်ပီအေ၏ နောက်ဆုံး အငှားစာချုပ်ရက်)
ကို ဇွန်လ ၃၀ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်သို့ နောက်ဆုတ်လိုက်ကြောင်း ရိုးမကကြေညာ
ခဲ့သည်။

ရိုးမသည် Landmark ဆောက်လုပ်ရေး စီမံကိန်းကို ပူးပေါင်းဆောင်ရွက်ရန် ဂျပန်နိုင်ငံ ၏
အိမ်ခြံမြေဆောက်လုပ်ရေးကဏ္ဍတွင် အကြီးဆုံး ကုမ္ပဏီဖြစ်သည့် မစ်ဆူဘီရှီ ကော်ပိုရေးရှင်းနှင့်
မစ်ဆူဘီရှီအက်စ်တိတ်တို့ နှင့် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုး ပြီးဖြစ်ကြောင်း
အောက်တိုဘာလတွင် ကြေညာခဲ့သည်။

အဆိုပါစီမံကိန်းတွင် မစ်ဆူဘီရှီသည် ရှယ်ယာ အနည်းစုသာ ပါ၀င်ဖွယ်ရာရှိပြီး အက်ဖ်အမ်
အိုင်နှင့် ရိုးမတို့က ရှယ်ယာအများစု ပါ၀င်မည်ဖြစ်သည်။ ဆောက်လုပ်ရေးစီမံကိန်း ၏ ကုန်ကျ
စရိတ် ၅၀ ရာခိုင်နှုန်းခန့်ကို အစု ရှယ်ယာရှင်များ၏ ရှယ်ယာငွေများဖြင့် စုပေါင်းကျခံကြမည်ဖြစ်
ပြီး ကျန်ကုန်ကျစရိတ်များကို ချေးငွေဖြင့် ပေးချေမည်ဖြစ်သည်။ သို့သော် လက်ရှိငှားရမ်းမှုကို
သက်တမ်းတိုးပေးရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ၏ ခွင့်ပြုချက်မရမချင်း ဟောင်ကောင်
နှင့် ရှန်ဟိုင်းဟိုတယ်များ၊ မစ်ဆူဘီရှီ၊ စတားဝုဒ်တို့ နှင့် ပြုလုပ်ထားသည့် သဘောတူညီချက်
များကို ရှေ့ဆက် ဆောင်ရွက်နိုင်မည် မဟုတ်ချေ။

ရိုးမကုမ္ပဏီကိုယ်တိုင်ပင် တရားဝင် စီးပွားဖက် မဖြစ်သေးချေ။ အကယ်၍ စီမံကိန်းရှေ့ဆက်
မဆောင်ရွက်နိုင်ပါက ရိုးမ၏ ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျမည့် ကနဦးကုန်ကျစရိတ် များ
ကို အက်စ်ပီအေနှင့် မစ္စတာပန်တို့က ငွေစိုက် ထုတ်ပေးရန် သဘောတူပေးရမည် ဖြစ်သည်။

"တရားဝင်သတောတူညီချက်တွေနဲ့ စီမံကိန်း တွေ ရှေ့ဆက်မဆောင်ရွက်ခင်မှာ အမ်အိုင်စီ ရဲ့
နောက်ဆုံးခွင့်ပြုချက်ရဖို့ ကျွန်တော်တို့ စောင့်ဆိုင်းနေပါတယ်" ဟု ၎င်းက ပြောသည်။

အဆိုပါ စီမံကိန်းကြီးအတွက် တရားဝင် လျှောက်လွှာ မရောက်လာသေးကြောင်း ရင်းနှီးမြှုပ်နှံ
မှုကော်မရှင် (အမ်အိုင်စီ) အဖွဲ့ဝင် တစ်ဦးက ပြီးခဲ့သည့် ရက်သတ္တပတ်က ပြောကြားသည်။

"ဒီစီမံကိန်းအတွက် ကုမ္ပဏီတွေနဲ့ အစိုးရ အဖွဲ့ ဆွေးနွေးညှိနှိုင်းနေသေးတယ်လို့ ကျွန်တော် တို့
ထင်ပါတယ်"ဟု အမ်အိုင်စီအဖွဲ့ဝင်နှင့် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
ညွှန်ကြားရေးမှူး ဒေါ်ခင်အေးတင့်က ပြောသည်။

"တကယ်လို့ လျှောက်လွှာတစ်စောင်စောင်ရထားမယ်ဆိုရင် ဒီစီမံကိန်းကို ကော်မရှင်ရဲ့
လုပ်ထုံးလုပ်နည်းအရ စဉ်းစားသုံးသပ်ပေးဖို့ အဆင်သင့်ပါပဲ"ဟု ၎င်းက ပြောသည်။

အဆိုပါစီမံကိန်းကြီးသည် Yoma Strategic Holdings  ၏ အနာဂတ် အလားအလာအတွက်
အရေးပါသည့် စီမံကိန်းကြီးတစ်ခုဖြစ်သည်။ ရိုးမ၏ ရှယ်ယာများသည် စင်ကာပူ စတော့
အိတ်ချိန်းတွင် ၎င်း၏ရောင်းအားအကောင်းဆုံးအချိန် ၂၀၁၂ ခုနှစ်အောက် ၂၅ ဆင့်ခန့်
ကျဆင်းသွားသည့် နှုန်းထားဖြစ်သည့် စင်ကာပူဒေါ်လာ သုည ဒသမ ရ၅ (ကန်ဒေါ်လာ
သုည ဒသမ ၆)ခန့် ရရှိနေသည်။

စီမံကိန်းမြေနေရာ ရရှိရေးအတွက် ဒီဇင်ဘာလ ၃၁ ရက်နောက်ဆုံးသတ်မှတ်ရက် တွင်
အပြီးသတ် မဆောင်ရွက်နိုင်ခြင်းသည် ရှယ်ယာဈေးနှုန်းများကို ယာယီ ကျဆင်းကောင်း
ကျဆင်းစေနိုင်ပြီး ရင်းနှီးမြှုပ်နှံသူများကိုလည်း ၎င်းတို့၏ ရင်းနှီးမြှပ်နှံမှုကို ရပ်ဆိုင်းထားရန်
ဖြစ်ကောင်း ဖြစ်စေမည်ဟု ဒီဇင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကုမ္ပဏီ၏အခြေ
အနေနှင့်ပတ်သက်၍ စင်ကာပူအခြေစိုက် အိုစီဘီစီ ရင်းနှီးမြှုပ်နှံမှုသုတေသနကုမ္ပဏီက
ခန့်မှန်းထားသည်။

အဆိုပါ စီမံကိန်းကို ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်း အပြောင်းအလဲဖြစ်စေသည့်အရာအဖြစ်
ဈေးကွက်သုတေ သနကုမ္ပဏီက သတ်မှတ်ထားသည်။

သီရိမင်းထွန်း ဘာသာပြန်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်