ဗိုလ်ချုပ်အောင်ဆန်းဈေး ကျောက်မျက်ခန်းမရှိ ဆိုင်ခန်းများကို ဖယ်ရှားခိုင်း

ဗိုလ်ချုပ်အောင်ဆန်းဈေး ကျောက်မျက်ခန်းမရှိ ဆိုင်ခန်းများကို ဖယ်ရှားခိုင်း

ဗိုလ်ချုပ်အောင်ဆန်းဈေး စူပါဝေါလ် ကျောက်မျက်ရတနာ ခန်းမအတွင်းတွင်ရှိသည့် ကျောက်
မျက်ရတနာအရောင်းကောင်တာများအား အဆိုပါ စူပါဝေါလ် ခန်းမ၏ပိုင်ရှင်က ငှားရမ်း ထား
လျက်ရှိရာ ယခုအခါတွင် ဆိုင်ခန်း များအား အကြီးစားပြင်ဆင်မှုများ ပြုလုပ်ရန်အတွက် ငှား
ရမ်းသူများအား ဒီဇင်ဘာလကုန်မှစ၍ ဖယ်ရှားခိုင်း သော်လည်း ငှားရမ်းသူများကမူ ဆက် လက်
လုပ်ကိုင်သွားမည်ဟု ဆိုသည်။

"ကျွန်မတို့ရဲ့ ဆိုင်ခန်းတွေမှာ ဒီဇင်ဘာလ ၁ ရက်နေ့ကတည်းက သတိပေးစာတွေ လာကပ်
သွားတယ်။ အဲဒီစာထဲမှာ ဒီလကုန်မှာ အပြီးထွက်ပေးရမယ်ဆိုပြီး ရေးထားတယ်။ ကုမ္ပဏီ
အနေနဲ့ကတော့ ဒီခန်းမကြီးကို အကြီးစား ပြင်ဆင်မှုတွေ လုပ်မယ်လို့ပဲ ပြောတယ်။ တခြား
ဘာမှ မပြောဘူး။ မပြောတဲ့အပြင် စုံစမ်းမေးမြန်းခြင်း သည်းခံပါဆိုပြီး လည်း စာကပ်ထားသေး
တယ်။ သူတို့ အနေနဲ့တော့ ညှိနှိုင်းမှု လုပ်ပေးသင့် တယ်။ ကျွန်မတို့ ဆိုင်ခန်းငှားတဲ့သူတွေ
အနေနဲ့ကတော့ လုံးဝ ဖယ်ရှားမပေးနိုင် ပါဘူး"ဟု ဗိုလ်ချုပ်အောင်ဆန်းဈေး တွင် ၁၀ နှစ်ကျော် ဖွင့်လှစ်ခဲ့သူ ွသိူနည ံသကျန ကျောက်မျက်ဆိုင်ပိုင်ရှင် ဒေါ်ခင်မာဝင်းက ပြောသည်။

အဆိုပါ စူပါဝေါလ် ကျောက်မျက် ရတနာခန်းမတွင် ကျောက်မျက်ရတနာ အရောင်းကောင်တာ
ပေါင်း ၆၀ ၀န်းကျင် ခန့်ရှိပြီး ကောင်တာငှားရမ်းသူ ၃၀ ၀န်းကျင်ခန့်ရှိကြောင်း သိရသည်။

"ကျွန်မတို့လို ကျောက်မျက်ရတနာဆိုင်ဆိုတာက ဗိုလ်ချပ်ဈေးလို နေရာမှာမှ မဖွင့်ရင် တခြား
နေရာတွေမှာ ဘယ်လိုမှ အဆင်မပြေဘူး။ ဗိုလ်ချုပ် ဈေးထဲမှာ တခြားနေရာလွတ်တွေ မရှိ
တော့ဘူးဆိုတော့ ဆိုင်ကို ဗိုလ်ချုပ်ဈေး ထဲမှာ ပြန်ဖွင့်ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်ပါ
ဘူး။ ဒါဟာ ကျွန်မတို့ရဲ့ စီးပွားရေးကို ထိခိုက်လာတဲ့အတွက် ကျွန်မတို့ကလည်း ဒီမှာ
ဆိုင်ဖွင့် လာတာ ၁၀ နှစ်ကျော်ရှိနေပါပြီ" ဟု ယော်ရွှင် ကျောက်မျက်ဆိုင်ပိုင်ရှင် ဒေါ်ခင်ကြွယ်
ကပြောသည်။

ယင်းဗိုလ်ချုပ်ဈေးရှိ ကျောက်မျက် ရတနာခန်းမမှာ ယခင်က သမဝါယမ ပိုင်ဖြစ်၍ ၁၉၉၃ ခုနှစ်
တွင်မှု စူပါဝေါလ် ကုမ္ပဏီသို့ တာဝန်ယူရန်လွှဲပြောင်းပေး ခဲ့ပြီး ယခုအခါတွင်မှု အဆိုပါ ကျောက်
မျက်ရတနာခန်းမမှာ ပုဂ္ဂလိကပိုင် ခန်းမ ဖြစ်သည်။ ထို့ပြင် ယခုဖြစ်ပေါ်လျက်ရှိသည့် ဆိုင်ခန်း
ငှားရမ်းသူများအား ဖယ်ရှား ခိုင်းမှုအပေါ် ရန်ကုန်တိုင်းဒေသကြီး အမျိုးသား လွှတ်တော်ကိုယ်
စားလှယ် က ပြီးခဲ့သည့်လွှတ်တော်တွင် တင်ပြထားပြီးဖြစ်ပြီး လာမည့်လွှတ်တော်တွင် လည်း
ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စား
လှယ် က ဦးထွန်းမြင့်အောင် ကပြောသည်။

"၁၉၉၃ ခုနှစ် မတိုင်ခင်ကတော့ ဒီဆိုင်ခန်းတွေကတော့ သမဝါယမ ဆိုင်ခန်းတွေ၊ နိုင်ငံပိုင်ဆိုင်
ခန်းတွေ ဖြစ်တယ်။ အစောပိုင်းမှာတော့ သမဝါ ယမလုပ်ငန်းတွေကို အမှုဆောင်အဖွဲ့ တွေကို
လုပ်ပိုင်ခွင့်တွေ ပေးထားပါ တယ်။ ဒါပေမဲ့ ဒီလုပ်ငန်းတွေကို သူတို့တွေမပိုင်ပါဘူး။ ၁၉၉၃ ခုနှစ်
လောက်ကစပြီး အမှူဆောင်အဖွဲ့တွေ ရယ် သမဝါယမက အဆင့်နိမ့် တာဝန်ရှိ အဖွဲ့ရယ်
ပူးပေါင်းပြီးတော့ ရောင်းမယ် ဆိုပြီးလုပ်ကြပါတယ်။ ဒါပေမဲ့ ကိုယ်ပိုင် ပစ္စည်းကို ရောင်းတာ ၀ယ်တာက ပြဿနာမရှိပေမယ့် နိုင်ငံပိုင်ပစ္စည်းကို ရောင်းတာဝယ်တာက နိုင်ငံတော်အဆင့်က
ရောင်းရမှာ ဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။

သို့သော် သမဝါယမဦးစီးဌာနနှင့်စူပါဝေါလ်ကုမ္ပဏီအား ၁၉၉၃ ခုနှစ် တွင် ယင်းအချိန်၌တာဝန်
ယူသည့် သမ ၀ါယမ အမှုဆောင်အဖွဲ့နှင့် သမဝါယမ ဦးစီးဌာန တာဝန်ရှိပုဂ္ဂိုလ်များ၏ သဘော
တူညီချက်ဖြင့် ရောင်းချထား သည့် မှတ်တမ်းများတွေ့ရှိသည်ဟု သမဝါယမဦးစီးဌာနမှ
ထုတ်ပြန်ထား ကြောင်း ၎င်းကပြောသည်။

ကျောက်မျက်ရတနာ ခန်းမတွင် ယခင်က သမဝါယမကျောက်မျက်ရတနာခန်းမအဖြစ်
စူပါဝေါလ်ကုမ္ပဏီ မှ တစ်ဆင့်ခံငှားရမ်းခဲ့ခြင်းဖြစ်သည်။ "အရင်တုန်းက သမဝါယမက ဆိုင်ခန်း
တွေကို စူပါဝေါလ်က တစ်ဆင့် ငှားတယ်လို့ပဲ ကျွန်မတို့ ထင်ခဲ့တာ။ ဆိုင်းခန်းခရှင်းလို့ ငွေလက်
ငင်း ဖြတ်ပိုင်းပေးရင်လည်း သမဝါယမဆိုတဲ့ တံဆိပ်နဲ့ပဲ ပေးခဲ့တာ။ အခုနောက်ပိုင်း မှ သူတို့တွေ
က ပုဂ္ဂလိက ပိုင်ဆိုပြီး ဖယ်ခိုင်းနေတာပါ" ဟု ဒေါ်ခင်ကြွယ်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်