ကမ္ဘာအေးဘုရား လမ်းမတစ်လျှောက် ရွှေဂုံတိုင်လမ်းဆုံနှင့် ဓမ္မစေတီလမ်းဆုံ နှစ်ခုတို့အား
တောင်မြောက်ဦးတည် ကာ ဖြတ်ကျော်တည်ဆောက်ထား သည့် ရွှေဂုံတိုင်ခုံးကျော်တံတား
သစ် အား ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ခါ ဖြတ်သန်းသွားလာခွင့် ပြုထားခဲ့ပြီးဖြစ် သည်။
အဆိုပါ ရွှေဂုံတိုင်ခုံးကျော်တံတား အား ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ စီစဉ်မှုဖြင့်
Capital Development Limited (CDL) ကုမ္ပဏီ က တာဝန်ယူတည်ဆောက်ခဲ့ကာ ဂျပန်
နိုင်ငံအခြေစိုက် JFE engineering corporation ကုမ္ပဏီက ခုံးကျော်တံတား ၏ ဒီဇိုင်းကို
ရေးဆွဲကာ ပူးပေါင်း လုပ် ဆောင်ခဲ့ခြင်း ဖြစ်သည်။
ရွှေဂုံတိုင် ခုံးကျော်တံတားတည်ဆောက်မှုကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် စတင်
ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ပြီးစီးခဲ့ကာ တည်ဆောက်မှုကာလ တစ်နှစ်နီးပါး
ခန့် ကြာမြင့်ခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် ယဉ်ကြော များအား ဖြတ်သန်းသွားလာခွင့်ပြုခဲ့
ကြောင်း Capital Development Limited (CDL) ကုမ္ပဏီ စီမံကိန်း အင်ဂျင်နီယာ ဦးစိန်မောင်
က ပြောသည်။
ခုံးကျော်တံတား အရှည်မှာ ၄၂၁ မီတာ ရှည်လျားပြီး လေးလမ်းသွား တံတားဖြစ်သည်။
တံတား တည် ဆောက်မှုအတွက် ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့၏၂၀၁၂-၁၃ ဘဏ္ဍာ
နှစ်၏ ငွေကြေးအဆိုပြုငွေ ကျပ် ၁၇ ဒသမ ၄၄ ဘီလျံခန့်ဖြစ်ပြီး ခွင့်ပြုငွေ ၁၇ ဒသမ ၂
ဘီလျံဖြင့် ယင်းငွေကြေးအတွင်းတွင်သာ ကုန်ကျခံ တည် ဆောက်ခဲ့ကာ စုစုပေါင်းကုန်
ကျစရိတ် ကို စာရင်းအတိအကျ ထုတ်ပြန် ခြင်းမရှိသေးကြောင်း ရွှေဂုံတိုင်တံတား စီမံကိန်း
ဒါရိုက်တာဖြစ်သူ ဦးအေးသော် က ပြောသည်။
ယင်းရွှေဂုံတိုင်တံတား၏ တရားဝင်ပြုလုပ်မည့် ဖွင့်ပွဲအခမ်းအနားအတွက် လည်း ရန်ကုန်တိုင်း
ဒေသကြီး အစိုးရ အဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီတို့၏ ခွင့်ပြုမှု လမ်းညွှန်
ချက်ဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
"အခုလောလောဆယ်တော့ ဖြတ်သန်းသွားလာခွင့် ပြုထားတယ်။ တရားဝင် တံတားဖွင့်ပွဲ
အတွက်တော့ ကျွန်တော်တို့ အတိအကျတော့ မပြော နိုင်သေးပါဘူး။ အစိုးရအဖွဲ့က အဆင်
ပြေမယ့် အချိန်ကိုရွေးပြီး သူတို့က ညွှန်ကြားတော့မှ ပြုလုပ်မှာပါ။ ဒါပေမဲ့ တံတားတည်ဆောက်
ပြီလို့ ဖြတ်သန်း သွားလာခွင့် ပြုလိုက်တဲ့အတွက် ကြောင့် ယဉ်ကြောပိတ်ဆို့မှုတွေ သက်သာ
သွားတာကို မြင့်တွေ့ရပါ တယ်"ဟု ၎င်းက ပြောသည်။
















