ဆောက်လုပ်ရေး ကုမ္ပဏီများ၏ စီးပွားရေးဆန်သည့် အလေ့အထ တစ်ခုဖြစ်သည့် အိမ်အတွင်း
ပိုင်းပြင် ဆင်မှုကို ၀ယ်လက်များအား စိတ် တိုင်းကျလုပ်ပိုင်ခွင့်ပေး လိုက်ခြင်း သည် ရေရှည်တွင်
အဆောက်အအုံပုံစံ ယိုယွင်းစေပြီး နောက်ပိုင်းပြင်ဆင်မှုများ အတွက် လက်ဆင့်ကမ်းဝယ်ယူသူ
များ ကို ငွေကုန်ကြေးကျပိုများစေကြောင်း အိမ်ခြံမြေလုပ်ငန်း ကျွမ်းကျင်သူများ က ပြောသည်။
"တိုက်ခန်းအများစုကို အိမ်အတွင်း ပိုင်းပြင်ဆင်မှု ဘာမှမပါဘဲ ၀ယ်လက် ဆီ အပ်လိုက်ပါတယ်။
မီးကြိုးနည်းနည်း သွယ်ပေးထားတယ်။ ရေပိုက် ဆင်ပေးထားတယ်။ ကြမ်းခင်းကတော့ အင်္ဂတေ
ပဲ ခင်းပေးထားတယ်။ ဒါကြောင့် တိုက်ခန်းတစ်ခန်းကို အချောသတ် ပြင်ဆင်ဖို့အတွက်
အိမ်အတွင်းပိုင်းပြင်ဆင်ရေးကန်ထရိုက်လက်ကို အပ်လိုက်ကြတာက ဒီမှာ ပုံမှန်လိုဖြစ်နေပါပြီ"
ဟု အိမ်ခြံမြေဝန်ဆောင်မှုကုမ္ပဏီ Blue Sea Services Group မှ မန်နေဂျာ ဦးစိုးနိုင်က
ပြောသည်။
"အများအားဖြင့်တော့ ပထမ အိမ်ရှင် နဲ့ ဒုတိယအိမ်ရှင်တွေဟာ သူတို့ ၀ယ် ထားတဲ့အိမ်ကို
အတွင်းပိုင်းပြင်ဆင်မှုအများအပြားအတွက် အကုန်အကျခံရပါတယ်။ ဆောက်လုပ်ရေးကုမ္ပဏီနဲ့
မြေရှင်က အဆောက်အအုံ ထိန်းသိမ်း ရေးပိုင်းကို တာဝန်မခံတဲ့အတွက် ၀ယ်လက်တွေကလည်း
အိမ်အတွင်း ပိုင်းကို သူတို့ဘာသာ အကုန်အကျခံရမယ်လို့ပဲ ခံယူထားကြပါတယ်" ဟု ၎င်းက
ပြောသည်။
အိမ်အတွင်းပိုင်း ပြင်ဆင်မှုအတွက် ကုန်ကျစရိတ် သက်သာစေရန် အိမ်ရှင် များသည် ဈေးချိုသည့်
ပစ္စည်းများ ကိုသုံးသည့် ကန်ထရိုက်တာများဖြင့် အိမ်အတွင်းပိုင်းပြင်ဆင်မှုများကို ပြုလုပ်ကြောင်း
ဦးစိုးနိုင်က ပြောသည်။
"ဥပမာ ပြောရမယ်ဆိုရင် ကိုရီးယား ဒါမှမဟုတ် တရုတ်နိုင်ငံက တင်သွင်းလာတဲ့ ပါကေးတွေက
ဈေးပိုသက်သာ ပါတယ်။ ဒါပေမဲ့ ဒီပါကေးတွေရဲ့ အရည် အသွေးက သိပ်မကောင်းပါဘူး" ဟု
၎င်းက ပြောသည်။
ကန်ထရိုက်တာအများစုသည် အိမ်အတွင်းပိုင်း ပြင်ဆင်ရေးဝန်ဆောင်မှုပေးရာတွင် ရေလုံသည့်
ပစ္စည်းများကို အသုံးမပြုကြကြောင်း ၎င်းက ပြောသည်။ "တချို့ အဆင့်မြင့်အိမ်ကြီးတွေမှာ
တောင် အရည်အသွေးပြည့်ဝတဲ့ ရေလုံ တဲ့ ပစ္စည်းမျိုးတွေနဲ့ အတူရောပြီး အရည်အသွေး သိပ်
မကောင်းတာတွေ ကို ထည့်သုံး ကြပါတယ်။ ဒါကြောင့် ရေယိုစိမ့်တဲ့ ပြဿနာတွေအပြင်
ရေရှည်ခိုင်ခံမှုမရှိတဲ့ ပြဿနာတွေ ဖြစ်လာတယ်"ဟု ဦးစိုးနိုင်က ပြောသည်။
အဆောက်အအုံ အတွင်းပိုင်း ပြင်ဆင်မှုတွင် အရည်အသွေးမကောင်း သည့် ပစ္စည်းများကို
အသုံးပြုခြင်းဖြင့် ရေရှည်တွင် ပျက်စီးမှုအလားအလာအများအပြားရှိနေသော်လည်း လက်ရှိ
တွင် ကုန်ကျစရိတ် သက်သာသည့်အချက်ကြောင့် အိမ်ရှင်များက အိမ်အတွင်းပိုင်း ပြင်ဆင်မှု
ကိုယ်တိုင် လုပ်ပိုင်ခွင့်ကို ၀မ်းမြောက်ဝမ်းသာ လက်ခံနေကြခြင်း ဖြစ်သည်။
စီးပွားရေးလုပ်ငန်းရှင် ဦးခင်မောင်လေးသည် စတားစီးတီးက ဆောက်လုပ် ပေးထားသည့် သန်
လျင်ရှိ တိုက်ခန်းလေးခန်းနှင့် ရန်ကုန်ရှိမြို့လယ်ရှိ တိုက်ခန်းတစ်ခန်းကို ပိုင်ဆိုင်ထားသည်။ စုစု
ပေါင်း အမေရိကန်ဒေါ်လာ ၉၂ယဝဝ၀ ဖြင့် ၀ယ်ယူထားသည့် စတားစီးတီးတိုက်ခန်းများမှ နှစ်ခန်း
ကို ပြင်ဆင် မွမ်းမံရန်အတွက် လတ်တလောတွင် 'ကန်' ဒေါ်လာ ၆၀ယဝဝ၀ ကို ထပ်မံ အသုံးပြု
ခဲ့ရသည်။
"ဒီတိုက်ခန်းတွေကို ၀ယ်တော့ မီးဖို နဲ့ ရေချိုးခန်းမှာ ကြွေပြားတစ်ပိုင်း တစ်စ ခင်းပေးထားပြီး
အိမ်သာကြွေအိုး တပ်ပေးထားတယ်။ မီးကြိုးအထိုင် ဆင်ပေးထားပြီး ဆေးအဖြူတစ်ထပ် သုတ်
ပေးထားတယ်။ ကြမ်းခင်း ကတော့ အင်္ဂတေပါပဲ။ ကျွန်တော့် အခန်းကို အရည်အသွေးကောင်း
စေချင်လို့ စိတ်ကြိုက်ရှာပြီး အပ်ပါ တယ်။ ငွေတော့ တော်တော်ကုန်ပါ တယ်"ဟု ဦးခင်မောင်
လေးက ပြောသည်။
"ပြင်ဆင်မှုတွေအတွက် အသုံး စရိတ်ကို ကျွန်တော်သုံးချင်တဲ့အတိုင်း အတာဖြစ်အောင် ညှိပြီး
လုပ်လို့ ရပါ တယ်။ ငွေကိုသိပ်မသုံးချင်ရင် သာမန် လောက်ပဲလုပ်နိုင်ပြီး ကုန်ကျစရိတ် က ၅၀
ရာခိုင်နှုန်းလောက် ကွာပါ တယ်" ဟု ၎င်းက ပြောသည်။ သို့သော် အဆောက်အအုံတစ်ခုတွင်
ရှိရမည့် တူညီသည့်စံသတ်မှတ်ချက် မရှိသည့်အတွက် ဈေးသက်သာသည့်ပစ္စည်းများကြောင့်
နောက်ပိုင်းတွင် ငွေကုန်ကြေးကျ ပိုများစေမည် ဖြစ်သည်။ "အပင်ရဲ့အမြစ်ကြောင့် ရေပိုက်
ပျက်စီးသွားတယ်။ ဒါကြောင့် ရေပိုက် ကိုပြန်လဲဖို့ အစအဆုံး ပြန်ပြင်ရပါ တယ်" ဟု ရန်ကုန်မြို့
လယ်ရှိ အချက်အချာကျသော လမ်း ၅၀ တွင် ၁၉၈၇ ခုနှစ်က ၀ယ်ထားသည့် နှစ်ထပ်အိမ်တွင်
နေထိုင်နေသည့် မစန်းစန်းရီ က ပြောသည်။
ဈေးနှုန်းသက်သာသည့် ပိုက်ပြင် နှင့် အတွေ့အကြံု နည်းသေးသည့် ကန် ထရိုက်ကို အပ်ခဲ့သည့်
အတွက် အခက် ကြံုရကြောင်း ၎င်းက ပြောသည်။
"မီးဖိုခန်း မျက်နှာကြက်က မိုးယိုလို့ ဆွေးနေပြီးအိပ်ခန်းမှာလည်း အက် ကြောင်းတွေ ဖြစ်နေပါပြီ။
ဆောက်တုန်း က အရည်အသွေးညံ့တဲ့ပစ္စည်းတွေ သုံးခဲ့လို့ပေါ့"ဟု ၎င်းက ပြောသည်။ ဦးခင်မောင်
လေးက ပုဇွန်တောင် မြို့နယ်ရှိ ၎င်းပိုင်အိမ်တွင် အတွင်းပိုင်း ဆောက်လုပ်မှုများ မကောင်းသည့်
နောက်ပိုင်းဆိုးကျိုးများ ခံစားခဲ့ရ ကြောင်းပြောသည်။ "၁၉၉၆ ခုနှစ်မှာ အမိုးထပ်တင်တော့ အခင်း
လောင်းတဲ့အခါမှာ သေသေချာချာရှင်းပြီး မလုပ်ခဲ့တဲ့အတွက် လေခိုတာတွေဖြစ်ပြီး ရာသီဥတုဒဏ်
ကို မခံနိုင်ဘဲ ကျံု့တာတွေ၊ ပွတာတွေ ဖြစ်လာတော့တယ်။ ပြီးတော့လည်း အသုံးပြုမယ့် ပစ္စည်း
ကို ကျွန်တော်တို့ စိတ်ကြိုက် ရွေးချယ်ခွင့် မရှိပါဘူး။ သူတို့ သုံးတဲ့ပစ္စည်းက များသောအားဖြင့်
အရည်အသွေးနဲ့ ပတ်သက်ပြီး စိတ် တိုင်းမကျစရာတွေချည်းပဲ" ဟု ဦးခင်မောင်လေးက
ပြောသည်။
ဈေးချိုသည့် ကန်ထရိုက်တာများက သင့်သလို ဆောင်ရွက်ပေးသည့် အိမ် တွင်းအပြင်အဆင်
၀န်ဆောင်မှုများ သည် အဆိုပါ အလေ့အထများကို ထိန်းချုပ်ပေးမည့် ထိရောက်သည့် ပြဋ္ဌာန်း
ချက် မရှိခြင်းကြောင့်ဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင် ဦးစိုးနိုင်က ပြောသည်။
"အရည်အသွေး ထိန်းချုပ်ရေးစနစ် နဲ့ ပတ်သက်တဲ့ ကွာဟမှုဟာ အရမ်းကို ကြီးပါတယ်။ အစိုးရ
အင်ဂျင်နီယာတွေ က ပစ္စည်းအရည်အသွေးပိုင်းနဲ့ ပတ်သက်ပြီး သိပ်မသိကြပါဘူး။ အာဏာပိုင်
တွေကလည်း ဘယ်လိုစံနှုန်းမျိုး သတ်မှတ်သင့်တယ်ဆိုတာကို နားမလည်ကြပါဘူး။ စာရင်းစစ်
လုပ် ထုံးလုပ်နည်းကလည်း စိတ်မချရ ပါဘူး။ ဒါကြောင့် သူတို့လိုသလို လုပ်လို့ရတာတွေ
အများကြီး ရှိနေပါတယ်" ဟု ဦးစိုးနိုင်က ပြောသည်။
ဈေးကွက်အတွင်းတွင် ပြင်ပရင်းနှီး မြှုပ်နှံမှုများကို ဖွင့်ပေးထားသည့်အ တွက် အရည်အသွေးမြှင့်
တင်ပေးနိုင် မည့် နိုင်ငံတကာမှ ဆောက်လုပ်ရေးကုမ္ပဏီများဖြင့် အိမ်ခြံမြေကဏ္ဍသို့ စိတ်ဝင်စားမှု
များလာနိုင်ကြောင်း ဦးခင်မောင်လေးက ပြောသည်။ "အရည်အသွေးကောင်းတဲ့ ပစ္စည်း တွေကို
အသုံးပြုတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတွေကတော့ ကောင်းကျိုးတွေ ခံစားဖို့ ထိုက်တန်ပါတယ်။
ဒါပေမဲ့ တချို့ စုန်းပြူးကုမ္ပဏီတွေကတော့ အရည်အသွေးမကောင်းတဲ့ ပစ္စည်းတွေကို အသုံးပြုခြင်း
ရဲ့ ဆိုးကျိုးတွေကို ခံစားသင့်ပါတယ်"ဟု ၎င်းက ပြောသည်။
နန်ရှင်ယောင်း
















