ရန်ကုန်မြို့တွင်နေထိုင်သူများ၏ မြေဂရန် လျှောက်ထားခြင်းနှင့် အဆောက်အအုံ ဆောက်လုပ်ခွင့် လုပ်ငန်းလိုင်စင်လျှောက်ထားမှုများကို မြန်ဆန်စွာရရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများက ပြောသည်။
"အရင်တုန်းက လုပ်ငန်းလိုင်စင်နဲ့ မြေဂရန် ပါမစ်ကိစ္စတွေလုပ်ပေးတဲ့နေရာမှာ ကြန့်ကြာ ခဲ့ပါတယ်။
အခု ကျွန်တော်တို့ သညန ျအသစ ျနမလငခ လုပ်ဆောင်ဖို့အတွက် ကြိုးစားခဲ့တာပါ" ဟု
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးညီညီက ပြောသည်။
အဆိုပါမြေဂရန် လျှောက်ထားမှုများနှင့် အဆောက်အအုံဆောက်လုပ်ခွင့်များအတွက် ရန်ကုန်မြို့
တော် စည်ပင်သာယာရေး ကော်မတီ ရှိ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနနှင့် အဆောက်အအုံ
ဌာနတို့က တာဝန်ယူ လုပ်ဆောင်ပေးလျက်ရှိသည်။ ထို့ပြင် ယခင်လျှောက်ထားမှုများ၌ စည်းကမ်း
တင်းကျပ်မှုများရှိသည့်အတွက် ယခုနောက်ပိုင်း တွင် အချို့သော စည်းကမ်းတင်းကျပ်မှုများအား
ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင် နီယာ
ဌာနနှင့် အဆောက်အအုံဌာနမှ ဌာနမှူး ဖြစ်သူ ဦးမောင်မောင်ဇော်က ပြောသည်။
"အရင်တုန်းက မြေဂရန်လျှောက်ရင် အချက် အလက်တွေ အများကြီးပြရတယ်။ အခုနောက် ပိုင်း
မှာ သိပ်မလိုအပ်တော့တဲ့ အချက်တွေ၊ အထောက်အထားတွေကို ဖြေလျှော့ပေးထား ပါတယ််"
ဟု ၎င်းက ပြောသည်။
ယခုပြောင်းလဲ ကျင့်သုံးမည့် စနစ်ကြောင့် အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့်များ၊
မြေပိုင်ဆိုင်မှုနှင့် မြေဂရန်လျှောက်ထားမှုများ ပြုလုပ်ရန်ကြာမြင့်ချိန်များမှာလည်း ယခင်ကြာမြင့်
ချိန်အောက် ထက်ဝက်နီးပါးခန့် လျှော့ချသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ထို့ပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက အဆိုပါလျှောက်ထားမှုများကို အွန်လိုင်း
မှတစ်ဆင့် လျှောက်ထားနိုင်ရန်အတွက် လည်း စီစဉ်လျက်ရှိကြောင်း တာဝန်ရှိသူများက
ပြောသည်။
"အွန်လိုင်းကနေ လုပ်ငန်းလိုင်စင်လျှောက် တာကို ၂၀၁၄ နှစ်ဆန်းပိုင်းရအောင် ကြိုးစားနေ
ပါတယ်။ လိုအပ်တဲ့အချက်တွေကို အွန်လိုင်း ကနေ ပို့နိုင်ပြီး ကျွန်တော်တို့ဘက်ကလည်း စစ်ဆေး
ပြီးရင် အွန်လိုင်းကပဲ ပြန်အကြောင်းကြားလိုက်ရင် လုပ်ငန်းလိုင်စင် ရနိုင်မှာပါ" ဟု ဦးမောင်မောင်
ဇော်က ပြောသည်။















