ခရစ္စမတ်ရာသီတွင်၊ဟိုတယ်နှင့်၊စားသောက်ဆိုင်များ၌ ပိုမိုအလှဆင်လာ

ခရစ္စမတ်ရာသီတွင်၊ဟိုတယ်နှင့်၊စားသောက်ဆိုင်များ၌ ပိုမိုအလှဆင်လာ

ခရစ္စမတ်ကာလ နီးကပ်လာသည်နှင့် အမျှ ဟိုတယ်များ၊ စားသောက်ဆိုင်များ သည် နိုင်ငံခြား
သားဧည့်သည်များကို ဆွဲဆောင်နိုင်ရန် အချို့နေရာများတွင် ခရစ္စမတ်ကာလ အပြင်အဆင်များ
အပြိုင်အဆိုင် ပြုလုပ်လာကြသည်။

နာမည်ကြီးဟိုတယ်များနှင့် စား သောက်ဆိုင်များတွင် ခရစ္စမတ်ကာလ အပြင်အဆင်များဖြစ်သော
ခရစ္စမတ် ဘိုးဘိုးကြီးရုပ်၊ ခရစ္စမတ်သစ်ပင်များ၊ ခရစ္စမတ်ရုပ်စတစ်ကာများ၊ ခရစ္စမတ် ရောင်စုံမီးများ၊
ခရစ္စမတ် ကြယ်လေး များစသော ခရစ္စမတ်ပစ္စည်း မျိုးစုံ အသုံးပြုကာ တစ်နှစ်ထက်တစ်နှစ် ပိုမို
ထူးခြားကောင်းမွန်သော ဒီဇိုင်းများဖြင့် အလှဆင်လာကြသည်။

Sedonal Hotel သည် ယခုနှစ်ခရစ္စမတ်အတွက် ခရစ္စမတ်သစ်ပင် အဖြစ် ထင်းရှူးပင်အစစ်များနှင့်
အလှ ဆင်ထားပြီး ယခုနှစ်၏ ထူးခြားချက် အဖြစ် ခရစ္စမတ်အိမ်ကိုလည်း ပြုလုပ် ထားသည်။

"ဒီနှစ်ခရစ္စမတ်ရာသီအတွက် ဆန်း ဆန်းပြားပြားလေးအနေနဲ့ ခရစ္စမတ်အိမ် လုပ်ထားတယ်။
ခရစ္စမတ်အိမ်က ခြောက်ပေ ပတ်လည်လောက် ကျယ် တယ်။ ခရစ္စမတ်အိမ်ထဲမှာ နှင်းတွေကျ
နေတဲ့ပုံလုပ်ထားတယ်။ ခရစ္စမတ်သစ်ပင်တွေနဲ့ ခရစ္စမတ် ပစ္စည်းလေးတွေ ပါ၀င်တယ်။ ခရစ္စမတ်
သစ်ပင်မှာ ခရစ္စမတ် လက်ဆောက်လေးတွေ ချိတ်ဆွဲထားတယ်။ အစိမ်းရောင်နဲ့ အနီရောင် မီးဆ
လိုက်တွေထိုးပြီး တန်ဆာဆင်ထားတယ်"ဟု အစားအသောက်နှင့် အဖျော်မယကာမန်နေဂျာ
ကိုရဲမင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

"ဆီဒိုးနားဟိုတယ်ရဲ့ အဆောက်အအုံပေါ်မှာ ခရစ္စမတ်ဘိုးဘိုးကြီးနဲ့ သမင်ပုံနဲ့ အလှဆင်ထား
တယ်။ ဆီဒိုးနား ရဲ့ အပြင်ဘက်နဲ့ ဧည့်ခန်းမဆောင်မှာ ခရစ္စမတ်မီးရောင်းစုံနဲ့ အလှဆင်ထား
တယ်။ စားသောက်ဆိုင်တိုင်းမှာ ထင်းရှူး ပင်တွေ၊ မီးရောင်စုံတွေနဲ့ ခရစ္စမတ်ပစ္စည်းဆန်းလေးတွေ
မျိုးစုံနဲ့ ပြင်ဆင် ထားတယ်။ ဒီနှစ်မှာ ထူးခြားချက် အနေနဲ့ ခရစ္စမတ်သစ်ပင်အနေနဲ့ ထင်းရှူးပင်
အစစ်တွေကိုပဲ သုံးပြီး အလှ ဆင်ထားတယ်။ ပလတ်စတစ်အပင်တု တွေကို သုံးမထားဘူး"ဟု
၎င်းက ဆက်လက်ပြောသည်။

နာမည်ကြီး Chatrium Hotel ကလည်း ယခုနှစ် ခရစ္စမတ်ရာသီအတွက် မီးဆလိုက်များကို
အဓိကထားပြင်ဆင်ထားပြီး ဟိုတယ်ပတ်ဝန်းကျင် တစ်ခုလုံးတွင် မီးများဖြင့် နိုင်ငံတကာအဆင့်မီ
အလှဆင်ထားသည်။

"ချက်ထရီယံဟိုတယ်ရဲ့ အပြင် မျက်နှာစာတစ်ခုလုံးကို ခရစ္စမတ် သစ်ပင်တွေ၊ မီးရောင်စုံတွေနဲ့
အလှ ဆင်ထားတယ်။ ဟိုတယ်ရဲ့လှေကားတွေမှာ ဘောလုံးတွေနဲ့ အလှဆင်ထား တယ်။
ဟိုတယ်မှာ နှစ်တိုင်းခရစ္စမတ်အပြင်အဆင်တွေကို လုပ်နေကျပါပဲ"ဟု  Senior Marketing
Executive ကိုထက်မြင့်ကိုကိုက ပြောသည်။

Traders Hotel တွင်လည်း ထူးခြား သည့် ခရစ္စမတ်အပြင်အဆင်များကို နှစ်စဉ် ပြုလုပ်နေကျ
ဖြစ်သော်လည်း အောက်တိုဘာလတွင် ဖြစ်ပျက်ခဲ့သော မတော်တဆမှုများကြောင့် ယခုနှစ်တွင်
ရိုးရိုးသာ ပြုလုပ်ထားသည်။

"ဒီနှစ် ခရစ္စမတ်ကာလအတွက် အထူးအပြင်အဆင်တွေလုပ်ဖို့ အစီ အစဉ်ရှိပေမယ့် မကြာသေးခင်
က ဖြစ်ခဲ့ တဲ့ မတော်တဆမှုတွေကြောင့် အကောင်အထည် မဖော်နိုင်ခဲ့ဘူး။ ခရစ္စမတ်ကာလ
အတွက် ရိုးရိုးလေးပဲ ပြင်ဆင်ထားတယ်။ ဧည့်ခန်းမဆောင်၊ စားသောက်ခန်းနဲ့ ဟိုတယ်မျက်နှာစာ
မှာ ခရစ္စမတ်သစ်ပင်တွေ၊ ခရစ္စမတ်ပစ္စည်းတွေ၊ မီးရောင်တွေနဲ့ အလှဆင်ထားတယ်"ဟု ဧည့်စောင့်
ရှောက်ရေး ဌာနမှ ကိုထွန်းထွန်းလင်းက ပြော သည်။

ခရစ္စမတ်ပစ္စည်း အပြင်အဆင်များ ကို ဟိုတယ်များတွင်သာမက ဈေးဝယ် စင်တာများတွင်ပါ
ပြုလုပ်လာကြပြီး အားလပ်ရက် ဈေးဝယ်ထွက်ချိန်တွင် ခရစ္စမတ်အပြင်အဆင်များကို မြင်ရ မည်
သာမက ခရစ္စမတ် အထူးလျှော့ဈေး များဖြင့် ဈေးနှုန်းချိုသာစွာ ဈေးဝယ်နိုင် ကြမည် ဖြစ်သည်။

"Ruby Martမှာ နှစ်တိုင်း ခရစ္စမတ်အတွက် သီးသန့် အပြင်အဆင်တွေကို လုပ်တယ်။ ခရစ္စမတ်
ဘိုးဘိုးကြီးတွေ၊ ခရစ္စမတ်သစ်ပင်တွေ၊ ခရစ္စမတ် စတစ်ကာတွေအပြင် တခြားခရစ္စမတ်ပစ္စည်းတွေ
နဲ့ စင်တာတစ်ခုလုံးကို အလှ ဆင်ထားတယ်"ဟု တာဝန်ခံ မသီတာသန်းက ပြောသည်။

"ခရစ္စမတ်နဲ့ Sea Games ကာလ အမှတ်တရအနေနဲ့  Ruby Mart မှာ ခရစ္စမတ်လက်ဆောင်နဲ့
တခြားပစ္စည်း တွေဝယ်ရင် promotion အစီအစဉ် တွေအများကြီးရှိတယ်"ဟု ၎င်းက ဆက်ပြော
သည်။

Capital Hyper Mart တွင် ခရစ္စမတ်ကာလ အထူးအစီအစဉ်အဖြစ် ဈေးရောင်းပွဲတော်ကို ပြုလုပ်
မည်ဖြစ်ပြီး အထူးဈေးနှုန်းနှင့် ဈေးလျှော့ ရောင်းချ ပေးသွားမည် ဖြစ်သည်။

"Capitalမှာ ခရစ္စမတ်ကာလ အထူး အစီအစဉ်တစ်ရပ်အနေနဲ့ End of Year
Stock Sale programကို ဒီဇင်ဘာ ၁၆ ရက်နေ့ကနေ ၃၁ ရက် နေ့ထိ ကျင်းပ သွားမှာပါ။
ခရစ္စမတ် ပစ္စည်းတွေနဲ့ တခြားပစ္စည်းတွေကို အထူးဈေးလျှော့ ပြီး ရောင်းပေးသွားမှာ ဖြစ်တယ်။
ဒီအထူးဈေးပွဲတော် ကာလအတွင်းမှာ ဖက်ရှင်အဝတ်အထည်တွေကို ရ၀ ရာခိုင်နှုန်းထိ ဈေးလျှော့
ရောင်းပေး သွားမှာပါ"ဟု Capital Hyper Market မှ ကြော်ငြာမန်နေဂျာ ကို၀ိုင်းချစ်က
ပြောသည်။

ယခုနောက်ပိုင်းတွင် ဟိုတယ်များ၊ စားသောက်ဆိုင်ကြီးများ တွင်သာ ခရစ္စမတ်ပစ္စည်းများဖြင့်
အလှဆင်လာကြသည်မဟုတ်ဘဲ ဈေးဆိုင်ငယ်အချို့တွင်လည်း ခရစ္စမတ်ပစ္စည်းများ ဖြင့်
အလှဆင်ခြင်း၊ ခရစ္စမတ်ပစ္စည်း များရောင်းချခြင်းများကို ပြုလုပ် လာကြသည်။

"နှစ်တိုင်း ဆိုင်ကို ခရစ္စမတ်ပစ္စည်း တွေနဲ့ အလှဆင်တာတွေနဲ့တင်မကပဲ ခရစ္စမတ်ပစ္စည်း အစုံ
အလင်ကိုလည်း ရောင်းတယ်။ ခရစ္စမတ် ပစ္စည်းတွေကို လူတိုင်းကြိုက်ကြတယ်။ ခရစ္စမတ်ပစ္စည်း
တွေကို ခရစ်ယာန်တွေသာ မဟုတ် ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေလည်း ၀ယ်ကြတယ်"ဟု
ဗဟန်းမြို့နယ်ရှိ စိန်ဗီဒီယိုနှင့် စတိုး ပိုင်ရှင် ဦးကိုကြီးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်