၂၀၁၃ ခုနှစ်ရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွေကြောင့် ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေ သာမက
ပြည်ပနိုင်ငံက စီးပွားရေးလုပ်ငန်းတွေ ပါ ယခုနှစ်အတွင်း သိသိသာသာ များပြားလာခဲ့ပါတယ်။
ဒီလို တိုးတက်များပြားလာတဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် အချက်အချာကျတဲ့ ရန်ကုန်မြို့က
မြေ နေရာလိုအပ်မှုတွေကလည်း တစ်နေ့ထက်တစ်နေ့ တိုးသထက် တိုးလာတာခဲ့ပါတယ်။
အဲဒီလို မြေနေရာလိုအပ်မှု တွေကြောင့် ရန်ကုန်တစ်မြို့လုံးရဲ့ အိမ်ခြံမြေဈေးကွက်ဟာ ၂၀၁၃ ခုနှစ်
မှာ ၅၀ ရာခိုင်နှုန်းလောက်အထိ ပိုမို ကောင်းမွန်လာတဲ့အကြောင်း ရန်ကုန်အခြေစိုက် အတွေ့
အကြံုရင့် အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါတယ်။
"ဒီနှစ်က ရန်ကုန်တိုင်းဒေသကြီးမှာ မြို့နယ်ကုန် အိမ်ခြံမြေဈေးကွက် ကောင်းမွန်ခဲ့တယ်။ အိမ်ခြံ
မြေဈေးနှုန်းတွေကလည်း အရင်နှစ်တွေထက် ၅၀ ရာခိုင်နှုန်း လောက်ကို မြင့်တက်ခဲ့ တယ်။ အ
ရောင်းအဝယ်ကလည်း ဒီနှစ် မှာ ရန်ကုန်တိုင်းတစ်တိုင်းလုံးနီးပါး ကောင်းခဲ့တယ်။ ဈေးတွေ ဘယ်
လောက် တက်တက် မြို့နယ်တိုင်းမှာ အိမ်ခြံမြေ တွေ အရောင်းအဝယ်ဖြစ်တယ်" လို့ ရွှေကံမြေ
အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ ဦးခင်မောင်အေးက ပြောပါ တယ်။
ဒီလို အိမ်ခြံမြေ အရောင်းအဝယ်ကောင်းမွန်မှုတွေထဲကမှ လယ်မြေနဲ့ ဥယျာဉ်ခြံတွေရဲ့ အရောင်း
အဝယ်က ပိုများခဲ့ပြီး ကွန်ဒိုတိုက်ခန်း ငှားရမ်းမှုနှုန်း တွေကလည်း ဒီနှစ်မှာ သိသိသာသာ မြင့်
တက်ခဲ့ပါတယ်။ ရန်ကုန်မြို့ရဲ့ မြို့ပြင်ဆင်ခြေဖုံးဒေသတွေမှာ လယ်မြေဝယ်လိုမှုတွေ မြင့်တက်
ခဲ့ပြီး ဈေးနှုန်းတွေကလည်း အဆမတန် မြင့်တက်ခဲ့ပါတယ်။ ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့နေ
ရာတွေမှာတော့ လုံးချင်းနဲ့ ကွန်ဒို တိုက်ခန်းတွေရဲ့ ဈေးနှုန်းတွေ မြင့် တက်ခဲ့ပါတယ်။
အခုလို မြေဈေးနှုန်းမြင့်တက်ခဲ့မှု တွေက ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံး မြို့နယ်တွေမှာပြုလုပ်မယ့် စီမံ
ကိန်းတွေကြောင့် သက်ဆိုင်ရာနေရာတွေမှာရှိတဲ့ မြေကွက်ဈေး တန်ဖိုးတွေ မြင့်တက်ခဲ့ရပြီး စီးပွား
ရေးလုပ်ငန်းရှင် တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှုတွေကြောင့် ၀ယ်လိုအားပါ မြင့်တက်ခဲ့
ပါတယ်။
အထူးသဖြင့် ရန်ကုန်မြို့ရဲ့ အထူး စီးပွားရေးဇုန်ဖြစ်တဲ့ သီလဝါစီမံကိန်းရှိတဲ့ သန်လျင်မြို့နယ်က
သီလဝါဆိပ်ကမ်းနဲ့ ဇုန်နေရာတို့က လယ်မြေဈေးတွေက ဒီနှစ်အတွင်းမှာ ဆယ်ဆခန့် မြင့်တက်
ခဲ့တယ်လို့ အိမ်ခြံမြေလုပ်ငန်း ကျွမ်း ကျင်သူများက ပြောပါတယ်။
သီလဝါဆိပ်ကမ်း နေရာက မြေ ဈေးနှုန်းတွေက တစ်ဧကကို ကျပ် သိန်းသုံးထောင်ကျော်လောက်
အထိ ဈေးပေါက်ခဲ့ပါတယ်။ စီမံကိန်းမစခင် အချိန်က အဲဒီနေရာတွေရဲ့ လယ်မြေဈေးနှုန်းတွေက
ကျပ်သိန်းရာကျော် ၀န်းကျင်လောက်ပဲ ရှိရာကနေ စီးပွားရေး အထူးစီမံကိန်းကြောင့် အရောင်း
အဝယ်ရော ဈေးနှုန်းပါ တစ်ဟုန်ထိုး မြင့်တက်ခဲ့ရတာပါ။ သီလဝါဆိပ်ကမ်းလိုပဲ ရန်ကုန်မြို့ရဲ့
မြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ဒလမြို့ရဲ့ အိမ်ခြံမြေဈေးနဲ့ ၀ယ်လိုအားက မြင့်တက်ခဲ့မှုကလည်း ဒီနှစ်
အိမ်ခြံမြေဈေးကွက်ရဲ့ ထူးခြားတဲ့ လှုတ်ခတ်မှုထဲ မှာ မပါမဖြစ်ရှိနေတဲ့ အပြောင်းအလဲတစ်ခု ဖြစ်
ခဲ့ပါတယ်။
ဒလမြို့နဲ့ ရန်ကုန်မြို့ကို မြစ်ကူးတံတား တည်ဆောက်မယ်ဆိုတဲ့ သတင်းစကားက ဒလမြို့ရဲ့
အိမ်ခြံ မြေဈေးကွက်ကို များစွာပြောင်းလဲ စေခဲ့ပါတယ်။ ဒါပေမဲ့ မြစ်ကူးတံတား တည်ဆောက်မှု
က ချက်ချင်း အကောင်အထည် ပေါ်မလာခဲ့တဲ့ နောက်ပိုင်းမှာတော့ ဒလမြို့အိမ်ခြံမြေဈေးကွက်
က ပြန်ပြီးထိုးကျခဲ့တယ်လို့ ဦးခင်မောင်အေးက ပြောပါတယ်။
"ဒလမြို့ဆိုလည်း တံတားထိုးမယ် ဆိုတာနဲ့ မြေဈေးတွေ ဆယ်ဆလောက် ကို မြင့်တက်သွား
တယ်။ နောက်ပိုင်း မထိုးဖြစ်တော့ဘူးလို့ ပြန်သတင်းထွက် တော့ ထက်ဝက်လောက် ပြန်ကျ
သွား တယ်။ ဒါပေမဲ့ ဈေးတက်နေတဲ့အချိန်တုန်းကတော့ အဲဒီကလယ်မြေတွေကို ၀ယ်မယ့်သူ
တွေ အပြည့်ရှိပါတယ်" လို့ သူက ပြောပါတယ်။
ဒလမြို့မှာ လယ်မြေနဲ့ အိမ်ခြံတွေ ၀ယ်ပြီး ရင်းနှီးမြှုပ်နှံကြဖို့အတွက် ရန်ကုန်မြို့ကနေ သွားရောက်
လေ့လာ တဲ့သူ တစ်နေ့ကို အယောက် နှစ်ဆယ်လောက်ထိ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း လယ်
မြေဈေးတွေ ကလည်း အရင်က တစ်ဧကကို ကျပ်သိန်း တစ်ရာကျော်ဝန်းကျင်ကနေ သိန်း ၁,၃၀၀
ထိ အဆမတန် ဈေးတွေ တက်ခဲ့ ပါတယ်။
သီလဝါနဲ့ ဒလတို့လို မြေဈေး တွေမြင့်တက်တဲ့ တခြားမြို့စွန် မြို့နယ်တွေကတော့ မြို့သစ်လေး
မြို့ နယ်ဖြစ်တဲ့ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)နဲ့ ဒဂုံ
ဆိပ်ကမ်း မြို့နယ် တွေ ဖြစ်ပါတယ်။
ဒီမြို့သစ်လေးမြို့နယ်က အိမ်ရာ စီမံကိန်းတွေ ဒဂုံစက်မှုဇုန်စီမံကိန်းတွေနဲ့ လမ်းပန်းဆက်သွယ်
ရေးကောင်းမွန်မှုတွေနဲ့အတူ အိမ်ခြံမြေဈေးတွေက ဒီနှစ်အတွင်းမှာတစ်စတစ်စ မြင့်တက်ခဲ့ပြီး
နောက်ထပ်လည်း မြင်တက်နိုင် မယ့် အလားအလာတွေရှိတယ်လို့ စိုင်းခွန်နောင် အိမ်ခြံမြေ
အကျိုးဆောင် လုပ်ငန်းက မန်နေဂျာဖြစ်တဲ့ ဦးရန်အောင်က ပြောပါတယ်။
"ဒီနှစ်အိမ်ခြံမြေဈေးက မြောက်ဒဂုံ နဲ့ စီမံကိန်းရှိတဲ့ နေရာတွေမှာ ဈေးတက်တယ်။ အစိုးရက
အောက်တို ဘာလမှာ ထုတ်ပြန်တဲ့ တစ်ပေပတ်လည် အခွန်ဆောင်ရတဲ့နှုန်းတွေ ကြောင့်
နောက်ပိုင်းမှာ မြေကွက်တွေ တော့ အရောင်းအဝယ် ပြန်အေးခဲ့ပါ တယ်။ ဒါပေမဲ့ တစ်နှစ်လုံး
ခြံုကြည့်ရရင် အိမ်ခြံမြေဈေးက မာလာပါတယ်။ အရောင်းအဝယ် အေးပေမယ့် ဈေး မကျဘူး"
လို့ သူကပြောပါတယ်။

ရန်ကုန်မြို့နဲ့ အလှမ်းဝေးတဲ့ မြို့စွန် ဒေသမြို့နယ်တွေဖြစ်ကြတဲ့ မြောက် ဒဂုံဘက်နဲ့ အရှေ့ဒဂုံမြို့
နယ်တွေရဲ့ အချက်အချာကျတဲ့ နေရာတွေမှာ မြေဈေးတွေက စတုရန်းပေ ၂,၄၀၀ တစ်ကွက်ကို
ကျပ်သိန်း လေးထောင်ကနေ ငါးထောင်အထိ ဈေးတွေမြင့် တက်ခဲ့ပါတယ်။
ရန်ကုန်မြို့ရဲ့ မြေဈေးတွေက မြို့စွန် နေရာတွေသာမကဘဲ မြို့တွင်းအချက် အချာကျတဲ့ နေရာ
တွေဖြစ်တဲ့ ရွှေတောင်ကြား၊ ပြည်လမ်းနဲ့ ဗဟန်း မြို့နယ်တွေမှာဆိုရင် စတုရန်းပေ ၂,၄၀၀ မြေ
တစ်ကွက်ကို ကျပ်သိန်းတစ်သောင်းခွဲထိ ဈေးတွေမြင့်တက်ခဲ့တယ်လို့ အိမ်ခြံမြေ အကျိုးဆောင်
တွေ က ပြောပါတယ်။
နောက်ပြီး ဒီနှစ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကလည်း သိသိသာသာ ၀င်ရောက်လာခဲ့ပြီး နိုင်ငံ
ခြားသားဝင်ရောက်မှုနှုန်းပါ မြင့်တက်ခဲ့တဲ့အတွက် ကွန်ဒိုတိုက်ခန်း ငှားရမ်းမှုနှုန်းလည်း မြင့်တက်
ခဲ့ပြီး ယခင်ဈေးထက် သုံးဆယ်ရာခိုင်နှုန်းလောက် မြင့်တက် ခဲ့တယ်လို့ ဦးရန်အောင်က ပြောပါ
တယ်။
နောက်ပြီး နိုင်ငံခြားသားတွေအတွက် ကွန်ဒိုတိုက်ခန်း အဆောက်အအုံတွေမှာ ခြောက်လွှာနဲ့
အထက် အခန်းတွေကို ပိုင်ဆိုင်ခွင့်ရမည်ဆိုတဲ့ ၂၀၁၂ ခုနှစ် နို၀င်ဘာလက ပြည်သူ့ လွှတ်တော်
မှာ အဆိုပြုတင်သွင်းခဲ့တဲ့ ကွန်ဒိုဥပဒေမူကြမ်းကြောင့် ၂၀၁၃ ခုနှစ်အတွင်းမှာ တက်လက်စ
ကွန်ဒို တိုက်ခန်းဈေးတွေကို ပိုတက်လာ အောင် တွန်းအားပေးလိုက်သလို ဖြစ်ခဲ့ ရပါသေးတယ်။
နိုင်ငံတော်အစိုးရက မြန်မာနိုင်ငံက အိမ်ရာတွေကို နိုင်ငံခြားသားတွေအတွက် ပိုင်ဆိုင်မှု ၁၀၀
ရာခိုင်နှုန်းထိ ခွင့်ပြုမပေးခဲ့ပေမယ့် ကွန်ဒိုတိုက်ခန်းဝယ်ယူနိုင်မှုကိုပထမဆုံးအနေနဲ့ ခွင့်ပြု ပေး
ခဲ့ခြင်းက နိုင်ငံခြားသားတွေရဲ့ မြန်မာ့နိုင်ငံက အိမ်ခြံမြေဈေးကွက် ကို စိတ်ဝင်စားမှုကို ပိုမိုရရှိစေ
ခဲ့တာ လည်း ဖြစ်ပါတယ်။
နိုင်ငံခြားသားတွေ ၀င်ရောက်မှု များပြားလာတာနဲ့အတူ ရန်ကုန်မြို့ လယ်ကောင်ရဲ့ အချက်အချာ
ကျတဲ့နေရာတွေက ကွန်ဒို၊ တိုက်ခန်းနဲ့ ရုံးခန်းငှားရမ်းမှုတွေပါ လိုက်ပြီး မြင့်တက်လာခဲ့ပါတယ်။
ဒီလိုမြင့်တက်လာတဲ့ ငှားရမ်းမှုကြောင့်လည်း ရန်ကုန် မြို့ရဲ့ ရုံးခန်းငှားရမ်းမှုပုံစံတောင် ပြောင်းလဲ
လာတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ရန်ကုန်မြို့ရဲ့ ရုံးခန်းငှားရမ်းနှုန်းက လွန်ခဲ့တဲ့ သုံးနှစ်လောက်နဲ့ယှဉ်ရင်
အဆရှစ်ရာလောက် မြင့်တက်လာပြီး ငှားရမ်းမှုနှုန်းကလည်း ငါးဆယ် ရာခိုင်နှုန်းလောက် မြင့်တက်
လာတယ်လို့ မြပန်းသခင် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းက အကြီးတန်းအကျိုးဆောင်ဖြစ်တဲ့
ကိုမင်းမင်းစိုးက ပြောပါတယ်။
နောက်ပြီး ရန်ကုန်မြို့မှာ ရုံးခန်းလိုအပ်မှုမြင့်တက်လာမှုပေါ် အခြေခံပြီး ၀န်ဆောင်မှု ကောင်း
ကောင်းပေးနိုင် တဲ့ စီးပွားရေးစင်တာ အဆောက်အအုံ တွေလည်း များပြားလာတာကို တွေ့ရ
ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား ကုမ္ပဏီရုံးခွဲတွေ ၀င်ရောက်ခြင်းနဲ့ အတူ ပြည်တွင်း
စီးပွားရေး တိုးတက်လာမှုတွေကြောင့် ရန်ကုန်မြို့လယ်ကောင်က မြို့နယ် ခြောက်မြို့နယ်မှာ
လည်း ကွန်ဒိုနဲ့ တိုက်ခန်းငှားရမ်းမှု တွေက သိသိသာသာ မြင့်တက်ခဲ့တယ် လို့ အကျိုးဆောင်
တွေက ပြောပါတယ်။
အခုလို ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေ ဈေးကွက်က မြို့နယ်ကုန်နီးပါး ဈေးနှုန်းမြင့်တက်ခဲ့ပြီး အရောင်း
အဝယ် ကောင်းမွန်ခဲ့ပေမယ့်လည်း အောက်တိုဘာလ ၁ ရက်နေ့က နိုင်ငံတော် အစိုးရက
တစ်ပေပတ်လည် မြေအခွန် ဆောင်နှုန်းများ သတ်မှတ်ခဲ့တဲ့ နောက်ပိုင်းမှာတော့ အိမ် ခြံ မြေ
အရောင်းအဝယ်တွေ ပြန်ပြီး အေးစက် ခဲ့ပါတယ်။ နိုင်ငံတော်က အိမ်ခြံမြေဈေးနှုန်း သင့်တင့်
မျှတစေဖို့ မြေအခွန်နှုန်း ထားကို ဘယ်လိုပဲသတ်မှတ်ခဲ့ပေမယ့် ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးနှုန်း
တွေ ကတော့ တင်းမာဆဲဖြစ်ပြီး လာမယ့် ၂၀၁၅ ခုနှစ်ထိ ဆက်ပြီး ဈေးနှုန်း တွေ ကောင်းမွန်လိမ့်
မယ်လို့ အိမ်ခြံ မြေ အကျိုးဆောင် လုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။
တကယ်လို့များ နိုင်ငံတော်အစိုးရက အိမ်ရာသစ်တွေ မြေယာသစ်တွေ တန်ဖိုးနည်းအိမ်ရာတွေ
အခုထက်ပိုပြီး ဖန်တီးတည်ဆောက်ပေးနိုင်မယ်ဆိုရင်တော့ ရန်ကုန်မြို့ရဲ့အိမ်ခြံမြေဈေးနှုန်း အဆ
မတန်မြင့်တက်နေမှုကို ထိန်းပေးရာ ရောက်မယ့်အကြောင်း အိမ်ခြံမြေလုပ်ငန်းနယ်ပယ်မှာ ကျွမ်း
ကျင်သူဖြစ်တဲ့ ဦးခင်မောင်အေးက ပြောပါတယ်။ "ဘယ်လိုပဲဖြစ်ဖြစ် ဒီနှစ် ရန်ကုန် မြို့ရဲ့ အိမ်ခြံ
မြေဈေးနှုန်းက အမြင့်ဈေး မှာပဲ ရှိနေတယ်။
အရောင်းအဝယ် ကလည်း အပေါ်တန်းမှာပဲ ရှိတယ်။ လာမယ့်နှစ်တွေမှာလည်း ဆက် ကောင်းဖို့
အခြေအနေ ရှိပါတယ်။ နိုင်ငံတော်အစိုးရက အိမ်ရာသစ်တွေ မျာများလုပ်ပေးမယ် ဆိုရင်တော့
ဈေးနှုန်းတွေကျသွားနိုင်ပါတယ်" လို့ သူက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
ကျွမ်းကျင်သူတွေ ခန့်မှန်းတဲ့အတိုင်း ဖြစ်လာမလာကိုတော့ လာမယ့် နှစ်သစ် ၂၀၁၅ မှာ စောင့်
ကြည့်ရတော့ မှာပဲ ဖြစ်ပါတော့တယ်။ သေချာတာတစ်ခုကတော့ အိမ်ပိုင် မြေပိုင်နဲ့ မြို့ စွန်မြို့နယ်
တွေမှာ အခြေချနေထိုင် ဖို့ ရသမျှငွေကို ချွေတာစုဆောင်းပြီး ၀ယ်ယူဖို့ကြိုးစားနေတဲ့ သူတွေအဖို့
တော့ စီးပွားရေးလုပ်ငန်းတစ်ခုလို သဘောထားပြီး ဈေးကစားနေတဲ့သူတွေရှိနေသရွေ့ လိုက်လေ
ဝေးလေ ဖြစ်နေဦးမှာပဲ ဖြစ်ပါတော့တယ်။
















