မလေးနှင့်၊စင်ကာပူနယ်စပ်က ဖွံ့ဖြိုးတိုးတက်ရေးဇုန်၊စီမံကိန်း

မလေးနှင့်၊စင်ကာပူနယ်စပ်က ဖွံ့ဖြိုးတိုးတက်ရေးဇုန်၊စီမံကိန်း

ဆီအုန်းစိုက်ခင်းတစ်ခုကြောင့် ဆူပူမှု များဖြစ်ပွားခဲ့သည့် မလေးရှားနှင့် စင်ကာပူနိုင်ငံနယ်စပ်ရှိ
Astaka Complex စီမံကိန်းသည် ၂၀၁၇ ခုနှစ် ၌ နှစ်နိုင်ငံ နယ်စပ်ဒေသတွင် အကောင် အထည်
ပေါ်လာမည့် စီမံကိန်းကြီး တစ်ခုဖြစ်ပြီး ယခင်က ပြိုင်ဘက် များဖြစ်ခဲ့သည့် ယင်းနှစ်နိုင်ငံကို ဆက်
သွယ်ချိတ်ဆက်ပေးမည့်အထင်ကရ ဖွံ့ဖြိုးတိုးတက်ရေးဇုန်တစ်ခု၏ ပြယုဂ်တစ်ခုပင် ဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်ရေးဇုန်ဖြစ်သည့် Iskandar တွင် ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာခြင်းကြောင့်
မလေးရှား တောင်ပိုင်း ဂျိုဟာဘာရူးပြည်နယ်တစ်ဝန်းတွင် လုပ်ငန်းခွင်တွင် လှုပ်ရှား နေသည့်
ဆောက်လုပ်ရေးယန္တရား အများအပြားကို တွေ့မြင်နေရသည်။ အဆိုပါ ဖွံ့ဖြိုးတိုးတက်ရေးဇုန်
အား မလေးရှားက ၎င်း၏မြေယာပေါများ မှုနှင့် လုပ်သားစရိတ်သက်သာခြင်း တို့ဖြင့် အိမ်နီးချင်း
စင်ကာပူနိုင်ငံကို ဆွဲဆောင်သွားရန်အတွက် ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ၎င်းဖွံ့ဖြိုးရေး
ဇုန်ကို စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည့် ၂၀၀၆ ခုနှစ်မှစတင်ခဲ့သည့် သံသယ
မကင်းသည့်ဆက်ဆံရေးကြောင့် ပြဿနာများဖြစ်ပွားခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ စင်ကာပူတို့
က ဂျိုဟာပြည်နယ်ကို ဖွံ့ဖြိုးမှုမရှိသော ကားသူခိုးများ၏ ဒုစရိုက်နယ်မြေဟု သိရှိထားခြင်းကြောင့်
လည်း ဖြစ်သည်။

သို့သော် မြင့်မားလာသော စင်ကာပူ ၏ နေထိုင်မှုစရိတ်များကြောင့် ယင်း ဖွံ့ဖြိုးရေးဇုန်ကိစ္စကို
တစ်ဖန်ပြန်လည် စဉ်းစားရမည့် အကြောင်းဖန်လာခဲ့ သည်။ စင်ကာပူအိမ်ဈေးနှုန်းများထက် ထက်
၀က်လျော့နည်းပြီး ကျောင်းစရိတ် လည်းသက်သာခြင်းတို့ကြောင့် အန် ထော်နီဖိလစ်သည် မိသား
စုနှင့်အတူ ဂျိုဟာရေလက်ကြားကို ဖြတ်ကျော် ကာ Iskandar ဖွံ့ဖြိုးရေးဇုန်သို့ ပြောင်းရွှေ့လာခဲ့
သည်။

ယခုအခါ ဖိလစ်သည် Iskandar မှ စင်ကာပူရှိ ၎င်း၏ ဆက်သွယ်ရေး အကြံပေးကုမ္ပဏီသို့
တစ်နာရီပင်မကြာသော ခရီးကို သွားကာ အလုပ်လုပ်ကိုင်လျက် ရှိသည်။

"မနှစ်က Iskandar ကို ကျွန်တော်တို့ ပြောင်းလာခဲ့ပါတယ်။ အခု ဒီနေရာမှာ နေရတာ အစစ
အရာရာ အဆင်ပြေ တယ်။ Iskandar ဟာ နှစ်ဖက်စလုံး မှာရှိတဲ့ အကောင်းဆုံးအရာတွေကို
ပေးစွမ်းနိုင်ပါတယ်"ဟု ၎င်းက ပြော သည်။

ယခင် ဂျိုဟာဘုရင်၏အမည်ကို အစွဲပြု၍ အမည်ပေးထားသည့် Iskandar တွင် အောက်တို
ဘာလကုန် ၌ ရင်းနှီးမြှုပ်နှံမှုအတွက် အမေရိကန် ဒေါ်လာ ၄၀ ဒသမ ၅ ဘီလျံရရှိထား ပြီး ၎င်း
ပမာဏာမှာ ၂၀၂၅ တွင် ပြီးမြောက်မည့် ယင်းစီမံကိန်းကြီး အတွက် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး
ဒေါ်လာ ၁၂၃ ဘီလျံ၏ သုံးပုံ တစ်ပုံစာ ရှိကြောင်း အာဏာပိုင်များ က ပြောသည်။

၂၀၁၂ ခုနှစ်က မလေးရှားနိုင်ငံက ဖွင့်လှစ်ခဲ့သည့် ဒေါ်လာ သန်း ၂၈၀ တန်ဖိုးရှိ Legoland
ဥယျာဉ်ကြီးနှင့် ဈေးဝယ်ကုန်တိုက်တို့သည် စင်ကာပူ နိုင်ငံသားတို့ကို ဆွဲဆောင်နိုင်ခဲ့သည့်
အဓိကဈေးကွက်ကြီးတစ်ခုပင် ဖြစ် သည်။

အခြား စီမံကိန်းများဖြစ်သည့် ယူကေအခြေစိုက်ရုပ်ရှင်ရိုက်ကူးရေး လုပ်ငန်းတစ်ခုဖြစ်သော
Pinewood Studios နှင့် ဥရောပတက္ကသိုလ်အချို့ အား ပြည်တွင်းတက္ကသိုလ်နယ်မြေအတွင်း
အရောက်ခေါ်ဆောင်လာပေး မည့် Educity စီမံကိန်းတို့ကိုလည်း ဆက်လက် ဆောင်ရွက်နေ
ဆဲဖြစ်သည်။

ထို့ပြင် ဆောက်လုပ်ဆဲပင်ဖြစ်သော စင်ကာပူနိုင်ငံသားပိုင် ဒေါ်လာ ၁ ဒသမ ၁ ဘီလျံတန်ဖိုးရှိ
Motorsports City စီမံကိန်းတွင် ကားပြိုင်ကွင်းများ၊ ကားမောင်းသင်တန်းကျောင်းတစ်ခု တို့
ပါ၀င်မည်ဖြစ်ပြီး အားကစားကဏ္ဍ အတွက် ဒေသတွင်းဗဟိုဌာနတစ်ခု အဖြစ်အသုံးပြုရန်
ရည်ရွယ်ထား သည်။


 

နှစ်နိုင်ငံဆက်ဆံရေးမှာ အချိန်ကြာမြင့်စွာ အဆင်မပြေမှုများရှိခဲ့သော် လည်း မလေးရှား၏
Iskandar ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ ၏ အကြီးအကဲ အစ္စမေး အီဘရာဟင်
က ကမ္ဘာ့စီးပွားရေးအခြေအနေမှာ မရောမရာဖြစ်နေသေးသော်လည်း Iskandar စီမံကိန်းသည်
နဂိုရှိနှင့်ပြီး သား အားသာချက်များကို အစွမ်းကုန် အသုံးချသွားနိုင်သည့် အခွင့်အရေးများရှိကြောင်း
ပြောသည်။

"ကျွန်တော်တို့နဲ့ စင်ကာပူနိုင်ငံရဲ့ ဆက်ဆံရေးကို 'အတူပူးပေါင်း ယှဉ်ပြိုင်နေခြင်း'ဆိုတဲ့ စကား
တစ်ခုနဲ့ပဲ ဖော်ပြပေးချင်ပါတယ်။ ကျွန်တော်တို့ အချင်းချင်းကြားမှာ ယှဉ်ပြိုင်မှုတွေ ရှိနေကြသလို
ပဲ တစ်ဖက်မှာလည်း အတူ တကွ ပူးပေါင်းဆောင်ရွက်နေပါတယ်" ဟု အစ္စမေးက ပြောသည်။

ကမ္ဘာ့အဆင့်မီ ဘဏ္ဍာရေးဗဟိုဌာန နှင့် ဆိပ်ကမ်းတို့ တည်ရှိနေသည်ဆို သည့် အားသာချက်
များနှင့်အတူ အဆင့်မြင့် နည်းပညာများကို အသုံး ပြုနိုင်ကြသည့် စင်ကာပူနိုင်ငံသား ငါးသန်းက
လူဦးရေ ၂၈ သန်းကျော်ရှိသော မလေးရှားနိုင်ငံနှင့် ွီဏ တန်ဖိုးချင်း တူညီရန် ကြိုးစားခဲ့သည်။

သို့သော် မြင့်မားလွန်းလှသော ကုန်ဈေးနှုန်းများ က နိုင်ငံချင်း ယှဉ်ပြိုင်မှုစွမ်းအားကို ကန့်သတ်
ချုပ်နှောင်နေသည်။ စင်ကာပူမြို့လယ်တွင် တည်ရှိသော စတုရန်းမီတာ ၁၂၀ ရှိ ကွန်ဒိုမီနီယံ အဆောက်အအုံအား ဒေါ်လာနှစ်သန်း ကျော်အထိ ဈေးခေါ်နိုင်သော်လည်း မလေးရှား၏ ဂျိုဟာ
ဘာဟူရှိ အလားတူအဆောက်အအုံမျိုးမှာ ဒေါ်လာလေးသိန်းသာ ပေါက်ဈေးရှိသည်။

ယခင်နှစ်က ဂျိုဟာအိမ်ဈေးနှုန်း များ ၂၀ ရာခိုင်နှုန်းကျော် မြင့်တက် ခဲ့ပြီး ယင်းပမာဏမှာ နိုင်ငံ
တွင်း ပျှမ်းမျှ ဈေးနှုန်း၏ နှစ်ဆဖြစ်သောကြောင့် ပြည်တွင်းဆန္ဒပြမှု အချို့ကို ဖြစ်ပွား စေခဲ့သည်။

သို့သော် Iskandar သည် မလေးရှားတွင် လက်လီအရောင်းဆိုင် များနှင့် ရုံးခန်းနေရာ ပမာဏ
အနည်း အကျဉ်းသာရှိသော ဒေသတစ်ခု ဖြစ်သည်။ လေ့လာသုံးသပ်သူများက ဈေး ကစားမှုများ
ကို ငြိမ်သက်အောင် ဆောင်ရွက်ခဲ့သည့် မလေးရှားအစိုးရ သည် မကြာသေးမီက ထုတ်ပြန်ချမှတ်
ခဲ့သည့် စီမံချက်များ အထူးသဖြင့် Iskandar စီမံကိန်းအား မျက်စိကျနေ သော တရုတ်ဆောက်
လုပ်ရေးလုပ်ငန်း ကြီးများကြောင့် အကျိုးသက်ရောက်မှု အနည်းငယ်ရှိမည်ဟု ပြောသည်။

တရုတ်ထိပ်တန်း အိမ်ခြံမြေလုပ်ငန်း ကြီးတစ်ခုဖြစ်သော ဃသကညအမပ ွမေိနည နှင့် Iskandar
ရှိ အရင်းအနှီးပေါများ သော တရုတ်ဆောက်လုပ်ရေးလုပ်ငန်း အချို့တို့အကြားတွင် ဒေါ်လာ ၅
ဒသမ ၆ ဘီလျံတန်ဖိုးရှိ လူနေစီမံကိန်းတစ်ခု ကို စတင်ဆောင်ရွက်လျက် ရှိသည်။

အဆိုပါစီမံကိန်းရှိ အဆင့်မြင့် ကွန်ဒိုတိုက်ခန်း ၉,၀၀၀ ၏ လေးပုံတစ်ပုံ အား တရုတ်ဝယ်လက်
များထံ ရောင်းချခဲ့ပြီးဖြစ်သည်။ မလေးရှားတာဝန် ရှိသူများက Legoland နှင့် Motorsports City
စီမံကိန်းများက အခြားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ ရရှိအောင် လှုံ့ဆော်ပေးနိုင်မည်ဟု
မျှော်လင့်ကြောင်း ပြောသည်။

"အစပိုင်းကတော့ အိမ်ခြံမြေကစားပွဲတစ်ခုရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုကျွန်တော်တို့ အာရုံစိုက်ရမှာ
က လှုပ်ရှားတက်ကြွတဲ့ စီးပွားရေးဇုန်တစ်ခုအတွင်း အလုပ်အကိုင်ရရှိရေး ကို ဖန်တီးပေးနိုင်ဖို့ပါပဲ"
ဟု မလေးရှား အစိုးရပိုင် Iskandar ၏ အဓိက ဆောက်လုပ်ရေးလုပ်ငန်းကြီး UEM Sunrise
၏ အမှုဆောင် အရာရှိချုပ် ၀မ်အဗ္ဗဒူလာက ပြောသည်။

နိုင်ငံတကာစီးပွားရေးဆိုင်ရာ အကြံ ပေးလုပ်ငန်းကြီး  က Iskandar တွင်
ဒေါ်လာ ၁၇၆ သန်း ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းများကို ထုတ်ဖော်ကြေညာခဲ့သည်။

Iskandar ဧရိယာရှိ မလေးရှား လုပ်သားများမှာ လုပ်ငန်းကျွမ်းကျင်မှု မရှိခြင်းနှင့် ငွေများများရ
သာ စင်ကာ ပူရှိအလုပ်အကိုင်များကိုသာ စိတ်ဝင် စားသူများကြောင်း ဂျိုဟာစီးပွားရေး စွမ်းဆောင်
ရှင်များက ပြောသည်။

Iskandar ဒေသနှင့် စင်ကာပူ၏ လူသုံးများသောပို့ဆောင်ရေးစနစ်တို့ကို ဆက်သွယ်ပေးမည်ဆို
သော ထင်ကြေးပေးပြောဆိုမှုများ ရှိနေပြီး ၎င်းကို အလားအလာ ကောင်းတစ်ခု ဟု ညွှန်းဆိုနေ
ကြသော်လည်း ယခု အချိန်အထိ ခိုင်မာတိကျသည့်အစီ အစဉ်များ ထွက်ပေါ်လာခြင်း မရှိ သေး
ပေ။

သို့သော် စီးပွားရေးဆိုင်ရာ အခြေခံ အချက်များသည် Iskandar ဧရိယာ အပြောင်းအလဲပြုလုပ်မှု
ကို နောက်ဆုံး တွင် ပြီးမြောက်အောင်ဆောင်ရွက်ပေး နိုင်မည်ဟု ယုံကြည်ကြောင်း လေ့လာ သူ
များကပြောသည်။

"Iskandar စီမံကိန်းဟာ အောင်မြင် မယ့် စီမံကိန်းတစ်ခုပါ။ လူဦးရေပိုများ တဲ့ မလေးရှားနိုင်ငံ
အတွက်ဆိုရင် တော့ စီးပွားရေးတိုးတက်မှုအရ အရေး တကြီး လိုအပ်နေတဲ့စီမံကိန်းတစ်ခု ဖြစ်နေ
သလို စင်ကာပူနိုင်ငံအတွက် ဆိုရင်တော့ နေထိုင်မှုကုန်ကျစရိတ် တွေ လျှော့ချနိုင်စေဖို့ နိုင်ငံရေး
အရ လိုအပ်နေတဲ့ စီမံကိန်းတစ်ခုပါပဲ"ဟု ဂျိုဟာအာဏာရပါတီ ပါလီမန် အဖွဲ့ဝင် နာဂျာဇလန်
မိုဟာမက်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်