လက်အုတ်ရှားပါးလာ၍၊ကွန်ကရစ်အုတ်များ၊အစားထိုး၊သုံးရဖွယ်ရှိ

လက်အုတ်ရှားပါးလာ၍၊ကွန်ကရစ်အုတ်များ၊အစားထိုး၊သုံးရဖွယ်ရှိ

ယခုနောက်ပိုင်း နှစ်များအတွင်း ထုတ်လုပ်မှုကျဆင်းလာခြင်းကြောင့် လက်အုတ်များ ရှားပါးလာ
ကာ ၀ယ်လို အား ပိုမိုမြင့်တက်လာသည့်အတွက် ဆောက်လုပ်ရေး လုပ်ငန်းများတွင် ကွန်ကရစ်
အုတ်များကို တွဲဖက်သုံးစွဲလာရဖွယ်ရှိကြောင်း ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များနှင့်
ဆောက်လုပ်ရေးလုပ်ငန်းအသိုင်းအဝိုင်းမှ လုပ်ငန်းရှင်များက ပြောသည်။

"လက်အုတ်က ၀ယ်လိုအားကမြင့် နေပြီး လိုသလောက်မရောင်းပေးနိုင် ဘူး ဖြစ်တယ်။ အုတ်ဖို
တွေမှာ တန်းစီ ပြီးတော့တောင် ၀ယ်နေရပြီး အဲလိုဝယ် တာတောင်မှ လိုသလောက်မရဘူး" ဟု
မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရတနာ ၀င်း အုတ်၊ သဲ၊ ကျောက် အရောင်းဆိုင်မှ တာဝန်ရှိသူက
ပြောသည်။

အုတ်ဖုတ်လုပ်ငန်းအများစု ရပ်ဆိုင်း သွားခြင်း၊ ရာသီဥတုမမှန်သောကြောင့် အုတ်ဖုတ်လုပ်ငန်းများ
အချိန်မီမစနိုင် ခဲ့ခြင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင် များ များပြားလာခြင်းတို့ကြောင့် လက် အုတ်
၀ယ်လိုအား မြင့်တက်လျက်ရှိသော်လည်း ထုတ်လုပ်မှုအား ကျဆင်းလာခြင်းကြောင့် ဈေးကွက်
အတွင်း လက်အုတ်များ တဖြည်းဖြည်းနည်းပါးလာကြောင်း ၎င်းက ပြောသည်။

လက်ရှိတည်ဆဲဖြစ်သော ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ (လန/
၃၉) အရ လယ်ယာမြေများပေါ်တွင် လယ်ယာ လုပ်ငန်းမှအပ အခြားလုပ်ငန်းများ လုပ်ကိုင်ခွင့် ပြု
မထားခြင်းကြောင့် ပြီးခဲ့သည့် နှစ်များအတွင်း လယ်ယာမြေ များပေါ်တွင် အုတ်ဖုတ်လုပ်ငန်းများ
အများဆုံး လုပ်ကိုင်လျက်ရှိသော မှော်ဘီ၊ တိုက်ကြီးနှင့် ရွှေပြည်သာမြို့နယ် မှ အုတ်ဖုတ်လုပ်ငန်း
များကို သက်ဆိုင် ရာအာဏာပိုင်အဖွဲ့အစည်းက ၂၀၁၁ ခုနှစ်၊ မတ်လမှ စတင်ခါ တရားစွဲဆိုအရေး
ယူမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ပုံမှန်လည်ပတ်လျက်ရှိသော အုတ်ဖုတ် လုပ်ငန်းများမှ သုံးပုံနှစ်ပုံခန့်
မှာ လျော့ နည်းသွားခဲ့ရသည်။

"ပုဂ္ဂလိက လုပ်ငန်းတွေကတော့ လက်အုတ်ကိုပဲ သုံးတယ်။ ကွန်ကရစ် အုတ်က ဈေးနှုန်းသင့်တယ်
ဆိုပေမယ့် ဒီမှာတော့ လက်အုတ်ကိုပဲ အသုံးများ တယ်လေ။ မလောက်တော့မှပဲ ကွန်ကရစ်အုတ်
ကို စဉ်းစားရတာပေါ့" ဟု ၎င်းက ပြောသည်။

လတ်တလောတွင် ကွန်ကရစ်အုတ် များကို အလှဆင်ရန်အတွက်သာ အသုံး များသော်လည်း
ဈေးကွက်အတွင်း ယခုကဲ့သို့ လက်အုတ်များလျော့နည်းလာပါက ကွန်ကရစ်အုတ်ကို တွဲဖက်သုံးစွဲ
လာရမည်ဖြစ်ကြောင်း ရွှေနဂါး အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ခံက သုံးသပ်
သည်။

"အုတ်ဖိုတစ်ဖို လုပ်ရတာ မလွယ်ဘူး။ လက်အုတ်ရဖို့ကလည်း မီးအချိန်အဆ၊ မြေအမျိုးအစား
စတာတွေက အများ ကြီး လိုသေးတယ်။ အုတ်ဖိုတစ်ဖိုကနေ အများဆုံး အုတ် ၂၀၀၊ ၃၀၀ ပဲရနိုင်
မယ်။ အခုလို အုတ်ဖုတ်လုပ်ငန်းနည်းလာ တာ၊ လယ်ယာမြေ ရှားပါးလာတာတွေ ဖြစ်နေတော့
ဈေးကွက်လိုအပ်ချက်ကို ပြည့်မီနိုင်မှာ မဟုတ်ဘူး။ ပန်းရန်လုပ် တဲ့သူတွေကအစ ကွန်ကရစ်အုတ်
ကို သိပ်မကြိုက်ကြပေမယ့်လည်း အစား ထိုး သုံးရင်တော့ ရနိုင်တယ်" ဟု ၎င်းက ပြောသည်။

အုတ်ဖုတ်ရန် လယ်ယာမြေများ ရှား ပါးလာခြင်း၊ တရားဝင်အုတ်လုပ်ငန်း အချို့သာ လုပ်ကိုင်ခွင့်ရ
နေခြင်းနှင့် လုပ်သားရှားပါးမှုတို့ကလည်း ဈေး ကွက်အတွင်း လက်အုတ်ရှားပါးရသည့် အဓိက
အကြောင်းရင်းဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။ "အဓိကပြဿနာက ရောင်းအား ထက်
၀ယ်အားက အများကြီးမြင့်နေ တာပဲ။ ဆောက်လုပ်ရေးတွေ များလာ ပြီး လက်အုတ်ဝယ်လိုအား
က မြင့်တယ်။ ရှိနေတဲ့လူက အုတ်ကိုင်ထားပြီး မရောင်းတာတွေရှိတယ်။ အဲဒါကြောင့် လည်း
ဈေးပိုတက်တယ်။ ၀ယ်ရင် လို သလောက်မရဘူး။ ကိုယ့်ဖောက်သည် က လက်အုတ်မှ သုံးချင်
တယ်ဆိုရင် တော့လည်း နှစ်ရာလောက်တော့ရ အောင် လိုက်ရှာဝယ်ပေးရတာပေါ့။ အုတ်ဖုတ်
လုပ်ငန်းတွေကို တရားဝင် ခွင့်ပြုပေးလိုက်ရင်တော့ အဆင်ပြေသွားမယ်လို့ ထင်တယ်" ဟု ၎င်းက
ပြောသည်။

 ဆောက်လုပ်ရေးမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးတင်ထွန်းက လက်အုတ်များ လိုသလောက်မရတော့
ခြင်းကြောင့် နောင်တွင် ဘိလပ်မြေနှင့် ပြုလုပ်သည့် ကွန်ကရစ်အုတ်များ သုံးစွဲ မှု ပိုများလာမည်
ဖြစ်ကြောင်း ပြောသည်။

"တကယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ အလုပ်အပ်တဲ့သူ ကြားထဲမှာ လက်အုတ်ကို သုံးပါမယ်
ဆိုတဲ့ သဘော တူညီချက် မရှိခဲ့ရင်တော့ ကွန်ကရစ် အုတ်ကို သုံးဖြစ်လာကြမယ်၊ လက်ရှိမှာ
လည်း ဆောက်လုပ်ရေးတွေ အရမ်း တက်လာတယ်။ လက်အုတ်က ဈေးကွက် ထဲမှာ ရှိတော့
ရှိနေမှာဖြစ်ပေမယ့် ရှေ့လျှောက်တော့ ရှားလာတော့မှာ။ အုတ်ဖိုတွေကလည်း လုပ်နိုင်သလောက်
တော့ ထွက်နေဦးမှာပါ။ ဒါပေမဲ့ ဆောက်လုပ်ရေးမှာ လိုအပ်တဲ့ ပမာဏ က အရမ်းမြင့်နေတယ်"
ဟု ဦးတင်ထွန်း က ယခုလ ၁၇ ရက်နေ့က မြန်မာ တိုင်း(မ်)ကို ပြောသည်။

ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၏ အဆိုအရ မိမိလုပ်ငန်းအတွက်လိုအပ်သော လက်အုတ်ပမာ
ဏရရှိရန် အုတ်ဖိုများသို့ စောစီးစွာ ကြိုတင်မှာ ကြားရပြီး အစောဆုံးနှစ်ရက်နှင့် နောက်အကျဆုံး
တစ်ပတ်ခန့် ကြာမှ သာ လက်ဝယ်ရရှိနိုင်သည်။

"အကြောင်းကြောင်းကြောင့် ဘိလပ် မြေအုတ်ကို အသုံးပြုမယ်ဆိုရင် အရည် အသွေးကိုတော့
ကိုယ်က သေချာစိစစ် ပြီး ၀ယ်ရမယ်။ ဈေးကွက်ထဲမှာ ကွန်ကရစ် အုတ်လို့ ခေါ်ကြပေမယ့် အမှန်
တော့ ဘိလပ်မြေနဲ့ ရေရောပြီးမှ လုပ်တာပါ။ ကျောက်တွေဘာတွေ ပါတာမဟုတ်ဘူး ဆိုတော့
ဆောက်လုပ်ရေးလုပ်ငန်းမှာ သုံးဖို့ကျတော့ အချိုးအစားမမှန်ရင် အန္တရာယ်များတယ်။ မိုးရေနဲ့
ထိပါများ ရင် အုတ်တွေက ဖွာလာတာမျိုးဖြစ် နိုင်တယ်" ဟု ဦးတင်ထွန်းက ပြောသည်။

မြေအုတ်အစား ကွန်ကရစ်အုတ် များ ဖြည့်စွက်သုံးစွဲလာရသောကြောင့် ကွန်ကရစ်အုတ် တစ်ချပ်
လျှင် ကျပ် ၆၀ မှ ၈၀ ထိ ဈေးတက်လာကြောင်း ၎င်းက ပြောသည်။ လက်ရှိ ဈေးကွက်အတွင်း
မှော်ဘီနှင့် တိုက်ကြီးမြို့နယ်များမှထွက်သော လက်အုတ်များ အဓိက တင်သွင်းနေပြီး လှည်းကူး
မြို့နယ်မှ အုတ်တင်ပို့မှုမှာ လျော့နည်း လျက်ရှိပြီး လက်အုတ် တစ်ချပ်လျှင် ကျပ် ၁၀၀ ကျော်
ပေါက်ဈေးရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်