မြေကွက်များကို ပိုင်း၍ရောင်းချခြင်းက ရေရှည်ပြဿနာများ ဖြစ်ပွားနိုင်

မြေကွက်များကို ပိုင်း၍ရောင်းချခြင်းက ရေရှည်ပြဿနာများ ဖြစ်ပွားနိုင်

ရန်ကုန်တွင် မြေဈေးနှုန်းများ အဆ မတန်မြင့်မားနေခြင်းကြောင့် ဆောက် လုပ်ရေးလုပ်ငန်းရှင်များ
က အဆင့်မြင့် လူနေဧရိယာများအတွင်း မြေကွက် ကြီးများကို သက်ဆိုင်ရာအကျယ်အဝန်း
အလိုက် ပိုင်းဖြတ်ရောင်းချခြင်း များ ပြုလုပ်လာကြခြင်းကြောင့် ရေရှည် တွင် ကောင်းကျိုးထက်
ဆိုးကျိုးများကို သာ ရရှိနိုင်ကြောင်း အိမ်ခြံမြေလုပ်ငန်း ရှင်များက ပြောသည်။

"ရန်ကုန်မှာ မြေတန်ဖိုးတွေဟာ ပြီးခဲ့တဲ့နှစ်နှစ်ကျော်ကစပြီး သိသိသာသာကောင်းလာတယ်။
၂၀၁၃ ခုနှစ် ထဲမှာ ပိုသိသာလာပါတယ်။ မြေဈေး တွေ တက်လာသလို အိမ်ငှားဈေးနှုန်း တွေ
လည်း လိုက်တက်လာတယ်။ ဒါကလည်း မြေအငှားဈေးတွေ အရမ်း မြင့်လာလို့ပါ။ မြေကွက်ကြီး
တွကို ပိုင်းပြီး ရောင်းတာတွေ ငှားတာတွေ လုပ်လာတဲ့အတွက် မြေကွက်အရွယ်အစားတွေဟာ
သေးငယ်လာပါတယ်"ဟု မြပန်းသခင်အိမ်ခြံမြေလုပ်ငန်းမှ ၀ါရင့်အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်
သူ ကိုမင်းမင်းစိုးက ပြောသည်။

အကွက်ငယ်များပိုင်း၍ ရောင်းချမှု များသည် ရန်ကုန်အိမ်ခြံမြေဈေးကွက် ၏ အင်္ဂါရပ်တစ်ခုဖြစ်လာ
သည်ကို ၂၀၀၈ ခုနှစ်က စတင်သတိပြုမိခဲ့ ကြောင်း ကိုမင်းမင်းစိုးက ပြောသည်။ အစိုးရကပြုလုပ်
ခဲ့သည့် အပြောင်းအလဲကြောင့် စီးပွားရေးမြို့တော်ဖြစ် သည့် ရန်ကုန်မြို့ကို နိုင်ငံခြားသား များ
ပိုမိုစိတ်ဝင်စားလာခဲ့ပြီး မြေကွက် ၀ယ်လိုအားလည်း မြင့်တက်ခဲ့သည်။

အဆင့်မြင့် လူနေဧရိယာများနှင့် သံတမန်အိမ်ရာများတည်ရှိရာ နေရာများကိုအဓိကထားကာ
အမြတ်ငွေများများရနိုင်အောင် ပိုင်ရှင်များက အကွက်ငယ်များ ပိုင်း၍ ရောင်းချမှုများ ကို ပြုလုပ်
လာကြသည်။

ဗဟန်း၊ ကမာရွတ်၊ ဒဂုံ၊ မရမ်းကုန်း၊ တောင်ဥက္ကလာနှင့် မြောက်ဥက္ကလာမြို့နယ်များတွင် မြေကွက်
များပိုင်း၍ ပြီးခဲ့သည့်နှစ်အတွင်းက ရောင်းချမှု အများအပြား ပြုလုပ်လာကြကြောင်း စိုင်းခွန်နောင်
အိမ်ခြံမြေလုပ်ငန်း၏ မန်နေဂျာ ဦးရန်အောင်က ပြောသည်။

"ဒီနေရာတွေက မြေကွက်တွေဟာ အများဆုံး စတုရန်းပေ ၅,၀၀၀ နဲ့ ၁၀၀၀၀ ကြား (စတုရန်းမီတာ
၄၆၄ မှ ၉၂၉ ထိ) မှာ ရှိပါတယ်။ တချို့အကွက် တွေကို ထက်ပိုင်းပိုင်းပြီး ရောင်းချကြတယ်။
ဒါပေမဲ့ တချို့အကွက်တွေကျ တော့ ပိုင်ရှင်တွေက အပိုင်းပိုင်း စိတ် ပိုင်းပြီး ငှားရမ်းမှုတွေအထိ
လုပ်ကြပါတယ်"ဟု ၎င်းက ပြောသည်။

တောင်ဥက္ကလာနှင့် မြောက်ဥက္ကလာ မြို့နယ်များတွင် ပိုင်ရှင်များက မူလ မြေကွက်အရွယ်အစား၏ သုံးပုံတစ်ပုံအောက်သာရှိသော မြေကွက်ငယ်လေးများပိုင်း၍ ရောင်းချလျက်ရှိသည်။

"စတုရန်းပေ ၂,၄၀၀ ကျယ်ဝန်းတဲ့ မြေကွက်တွေကို ၂၅၅ ပေရှိတဲ့ မြေကွက် တွေအထိ ပိုင်းထား
တာတွေတောင် ရှိတယ်"ဟု ဦးရန်အောင်ကပြောသည်။ နောက်ပိုင်းကာလများအတွင်း ဈေး နှုန်း
များကျဆင်းလာသော ရွှေတောင် ကြားကဲ့သို့နေရာမျိုးတွင် မြေကွက်ကြီး များ၏ ဈေးနှုန်းမှာ
တစ်စတုရန်းပေလျှင် ကျပ်တစ်သိန်းမှ သုံးသိန်းကြား သာ ပေါက်ဈေးရှိတော့သည်။


 

သို့သော် လူနေမှုအဆင့်မြင့်သော ဆင်ခြေဖုံး လူနေရပ်ကွက်များတွင် နေထိုင်စရာနေရာ
ကျဉ်းမြောင်း လာခြင်း၊ ယာဉ်အသွားအလာ များပြားလာခြင်းတို့ကြောင့် ယခုကဲ့သို့ အထိန်း
အကွပ်မဲ့စွာ မြေကွက်များ စိတ်ပိုင်း ရောင်းချခြင်းများက ရွှေတောင်ကြားနေရာကဲ့သို့ ဈေးနှုန်း
ကျဆင်းမှု အခြေအနေများကို ဖြစ်ပေါ်စေနိုင်သည်ဟု Yangon Heritage Trust ၏ ညွှန်ကြား
ရေးမှူး ဒေါ်မိုးမိုးလွင်ကပြောသည်။

"ရန်ကုန်မှာဆိုရင် အဆင့်မြင့်နေရာတွေအဖြစ် ရည်ရွယ်သတ်မှတ် ထားတဲ့ နေရာတွေရှိပါတယ်။
နောက်ပြီး ဗြိတိသျှ ကိုလိုနီခေတ်တုန်းကဆိုရင် တချို့နေရာတွေမှာ မြို့ပြဇုန်ဥပဒေ တွေ ချမှတ်
ထားတာမျိုးတွေ ရှိခဲ့ပါ တယ်။ ဥပမာဪသံတမန်အိမ်ရာတွေမှာ အိမ်ရာမြေကွက်တစ်ခုဟာ
အနည်းဆုံး ဧကတစ်ဝက်ရှိရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေတောင် ရှိခဲ့ပါတယ်။ အရိပ်အာဝါသ
ကောင်းပြီး ဆိတ်ငြိမ်တဲ့ အနီးဝန်းကျင်ရဲ့ အနေအထားကို ထိန်းသိမ်းထားနိုင်ဖို့အတွက် မြေကွက်
တစ်ကွက်ကို အများဆုံး အိမ်အရွယ် အစား ဘယ်လောက်အထိ ဆောက်ခွင့် ရှိရမယ် ဆိုတာမျိုး
တွေလည်း ရှိခဲ့ပါ တယ်"ဟု ဒေါ်မိုးမိုးလွင်က ပြောသည်။

"ဒါပေမဲ့ အခုတော့ ဒီလိုမြေကွက် တွေကို ပိုင်းပြီးရောင်းချမှုတွေကို တွေ့ လာရတယ်"ဟု ၎င်း
ကပြောသည်။ ထိုသို့ မြေကွက်များ စိတ်ပိုင်း ရောင်းချခြင်းတို့အပေါ် ထိန်းချုပ်မှု များ မရှိခြင်း၊
ဂရုတစိုက် စည်းကမ်းချမှတ်ဆောင်ရွက်မှုများ မရှိခြင်းတို့ ကြောင့် အထပ်မြင့်အဆောက်အအုံများ
ဆောက်လုပ်၍ အဆင့်မြင့်လူနေ အိမ်ရာဧရိယာများ ကျဉ်းမြောင်းလာ မည့် အခြေအနေမျိုး
ရောက်ရှိလာစေနိုင်ပြီး အိမ်ရာများမှိုလိုပေါက် အောင် များပြားလာခြင်းးတို့ကြောင့် ၎င်းအဆင့်မြင့်
လူနေဧရိယာများ၏ တန်ဖိုးမြင့်မားမှု လက္ခဏာရပ်ကိုပါ တစ်ပါတည်း ပျောက်ကွယ်သွားစေနိုင်
ကြောင်း ၎င်းက ပြောသည်။

"အခုလို အထိန်းအသိမ်းမရှိဘဲ မြေကွက်တွေ စိတ်ပိုင်းရောင်းချနေလို့ နောက်ဆိုရင် မြေကွက်ကြီး
တွေရဲ့တန်ဖိုးတွေပါ ကျဆင်းလာနိုင်တယ်။ အဆင့်မြင့်မားမှု၊ တသီးတသန့်ရှိမှုနဲ့ တိတ်ဆိတ်အေး
ချမ်းမှုဆိုတဲ့ လူနေရပ်ဝန်း တွေရဲ့ တန်ဖိုးမြင့်မားမှု လက္ခဏာရပ် တွေ ပြောင်းလဲလာရင် သူတို့
တန်ကြေး တွေဟာလည်း လျော့နည်းသွားမှာပဲ" ဟု ဒေါ်မိုးမိုးလွင်က ပြောကြား သွားသည်။

ရှေးကျသော သို့မဟုတ် အဆင့်မြင့် လူနေအိမ်ရာ ဧရိယာများတွင် မြေကွက် များ စိတ်ပိုင်းရောင်း
ချခြင်းမှာများ သောအားဖြင့် အမွေဆိုင်အိမ်များတွင် အမွေခွဲဝေမှုကိစ္စများကြောင့် ဖြစ် ပေါ်လာခြင်း
ဖြစ်သည်။၏

အမွေခွဲမှုကို ဦးစီးဦးဆောင် ဆောင်ရွက်သူများ သည် ပိုင်ဆိုင်မှုအကျိုးစီးပွားကြောင့် ရာစုနှစ်နီးပါး
သက်တမ်းရှိ ဘိုးဘွားပိုင် တန်ဖိုးမြင့် ခြံဝင်းကြီးများကို အထပ် မြင့်တိုက်ခန်းတွဲများအဖြစ် ပြောင်း
လဲ လာကြသည်။

မြေကွက်များ စိတ်ပိုင်းရောင်းချမှု များသည် တစ်နည်းအားဖြင့် အခွန်ထပ်မံ မပေးရအောင် ရှောင်
ရှားသည့် လှည့်ကွက်တစ်ခုလည်းဖြစ်ကြောင်း ဦးရန်အောင်က ပြောသည်။

"အစိုးရက ခွင့်ပြုမိန့်ပေးထားတဲ့ မြေပေါ်မှာနေပြီး အစိုးရကို အခွန် မဆောင်ဘူးဆိုရင် နောက်ပိုင်းမှာ
အကြွေးနဲ့ ပြန်အသိမ်းခံရနိုင်တဲ့ အခြေအနေတွေ ဖြစ်လာနိုင်တယ်။ ဒါတွေဟာ ရေရှည်အတွက်
ဆိုရင် ယုံကြည်စိတ်ချမှုမရှိတဲ့ ရင်းနှီးမြှုပ်နှံ မှုပါပဲ"ဟု ၎င်းက ပြောသည်။

ဇာဇာစိုး ဘာသာပြန်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်