နိုင်ငံတကာက ၀င်ရောက်လာမည့် ရင်းနှီး မြှုပ်နှံမှုများ၏ ဈေးကွက်လိုအပ်ချက်ဖြစ်သည့် ဆောက်
လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို တစ်နေရာတည်းတွင် ၀ယ်ယူရရှိနိုင် ရန်ရည်ရွယ်ကာ Pro1
Home Center ကို အင်းစိန်မြို့နယ်တွင် ဇန်နဝါရီလ ရ ရက်နေ့က စတင် ဖွင့်လှစ်လိုက်သည်။
"ပြည်ပက ကျွန်တော့်ရဲ့မိတ်ဆွေ တချို့က တခြားနိုင်ငံတွေမှာ One Stop Service တွေရှိတယ်၊
မြန်မာ နိုင်ငံမှာရောမရှိဘူးလားလို့ မေးကြ သလို ကျွန်တော်ကလည်း One Stop Service ရှိသင့်
တယ်လို့ သုံးသပ် မိတယ်။ ဒါကြောင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း ဈေးကွက်ကို ပြီးခဲ့ တဲ့
နှစ်နှစ်လောက်ကတည်းက အချိန် ယူလေ့လာသုံးသပ်ပြီးမှ ဒီ Pro1 Home Centerကို ဖွင့်တာပါ"
ဟု ဥက္ကဋ္ဌ ဦးမျိုးထွေးက ပြောသည်။
Pro1 Home Center တွင် ထိုင်း နိုင်ငံထုတ် ှဃွ အမှတ်တံဆိပ် ဆောက်လုပ်ရေးပစ္စည်းများဖြစ်
သော ခေါင်မိုးမှအစ ကြမ်းခင်းအထိ လုပ်ငန်းသုံးပစ္စည်းအားလုံးအပြင် နိုင်ငံတကာမှထုတ်လုပ်
သော အရည်အသွေးမြင့် ဆောက်လုပ်ရေးလုပ်ငန်း ပစ္စည်းမျိုး စုံကို ၀ယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း
ဦးမျိုးထွေးက ပြောသည်။
မြန်မာနိုင်ငံသည် အခွန်အခများ နှင့်ပတ်သက်၍ ဖြေလျှော့ပေးသင့် သည်များကို ဖြေလျှော့ပေး
သွားမည် ဖြစ်ပြီး ပြည်တွင်းမှ တိုင်းရင်းသားလုပ် ငန်းရှင်များ အောင်မြင်စေရန် ၎င်းတို့၏ လုပ်ငန်း
များကို ကြိုဆိုကြောင်းလည်း အဆိုပါဖွင့်ပွဲနှင့် ပတ်သက်၍ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲသို့
တက်ရောက်လာသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဝင်းမြင့်က ပြောသည်။
"ကျွန်တော်တို့က pravite public partnership ကို အကောင်အထည်ပေါ်အောင်လုပ်ရပါမယ်။
ဒီလိုအောင် မြင်ဖို့ လုပ်ငန်းရှင်ကြီးတွေကလည်း အကောင် အထည်ပေါ်အောင် လုပ်ပေးဖို့ မေတ္တာ
ရပ်ခံပါတယ်။ လက်ရှိမှာလည်း ပို့ကုန်သွင်းကုန်ကိုတာဝန်ယူ ရတဲ့အတွက် အခက်အခဲရှိရင် ချက်
ချင်း ပြောပါ။ အမြဲတံခါးဖွင့် ထားပါတယ်။ Pro1 Home Center ရုံးခွဲတွေကို နေရာအနှံ့မှာ ဖွင့်
လှစ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"ဟု ဦးဝင်းမြင့်က ပြောသည်။
Pro1 Home Center ကို ၂၀၁၄ ပထမသုံးလတွင် မန္တလေး၌ ရုံးခွဲဖွင့်လှစ်သွားမည်ဖြစ်ပြီး
တတိယ သုံးလတွင် ရန်ကုန်၌ တတိယရုံးခွဲ ထပ်မံဖွင့်လှစ်သွားမည်ဖြစ်သည်။
















