နိုင်ငံတကာ ကုန်စည် ပြပွဲနှင့် စက်မှုဆိုင်ရာ ပစ္စည်းပြပွဲ ကျင်းပ

နိုင်ငံတကာ ကုန်စည် ပြပွဲနှင့် စက်မှုဆိုင်ရာ ပစ္စည်းပြပွဲ ကျင်းပ

ဒုတိယအကြိမ်မြောက် နိုင်ငံတကာအစားအသောက်နှင့် စက်ပစ္စည်းဆိုင်ရာ ပြပွဲကို ဇန်နဝါရီလ
၉ ရက်နေ့တွင်စတင် ဖွင့်လှစ်ခဲ့ပြီး ၁၂ ရက်နေ့ထိ ရန်ကုန်မြို့ ဦးဝိစာရလမ်းပေါ်ရှိ တပ်မတော်ခန်းမ
၌ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြသသွားမည်ဖြစ်ကြောင်း အဆိုပါပြပွဲစီစဉ်သူ ဒေါက်တာ
ဇာနည်မောင်မောင် က ပြောသည်။

ထိုပြပွဲတွင် အစားအသောက်၊ ၎င်းနှင့် ဆက်စပ်သည့် စားသောက်ဆိုင်၊ ဟိုတယ်နှင့် မီးဖိုချောင်
သုံးပစ္စည်းများ နှင့် ဆက်စပ်သည့်ပစ္စည်းများကို တစ် နေရာတည်းတွင် ခင်းကျင်းပြသပေး လျက်
ရှိကြောင်း ပွဲစီစဉ်သူကပြောသည်။

"ဒီတစ်ခေါက်ကတော့ ဒုတိယအကြိမ် လုပ်တဲ့ပွဲပါ။ ပထမအကြိမ်ပွဲကိုတော့ မနှစ်ကလုပ်ခဲ့ပြီး
အခုတစ်ခါမှာတော့ ထူးခြားတဲ့အစီအစဉ်လေး တွေထည့်သွင်းထားပါတယ်"ဟု Myanmar
Professional Services ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာ ဇာနည်မောင်မောင်က
ပြောသည်။

အဆိုပါပြပွဲတွင် မြန်မာနိုင်ငံက ကုမ္ပဏီများအပါအဝင် နိုင်ငံတကာကကုမ္ပဏီများလည်း ပါ၀င်ပြသ
မည်ဖြစ် ပြီး အများစုမှာ ဂျပန်ကုမ္ပဏီများဖြစ် ကာ ထိုင်း၊ ဗီယက်နမ် အစရှိသည့် နိုင်ငံ မှ ကုမ္ပဏီ
များလည်း ၀င်ရောက်ပြသ မည် ဖြစ်သည်။

ထိုပြပွဲတွင် နယ်သာလန်၊ ဂျပန်၊ ရုရှား၊ ကိုရီးယား၊ ထိုင်းနှင့် ထိုင်ဝမ်မှ အနု ပညာရှင်များက
Cosplay အကဖြင့် ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ပြီး သီချင်း ဆိုပြိုင်ပွဲနှင့် အဆိုပါအကပြိုင်ပွဲကို
လည်းစီစဉ်ထားရှိကာ အနိုင်ရရှိသူ နှစ်ဦးကို လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံ များတွင် ဖေဖော်ဝါရီ
လအတွင်းပြုလုပ် မည့် International Cosplayer ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သွား
ရောက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်