ရင်းနှီးမြှုပ်နှံမှုဥပဒေနှစ်ခု၊လွှတ်တော်တွင် ပေါင်းစည်းရန် မျှော်လင့်

ရင်းနှီးမြှုပ်နှံမှုဥပဒေနှစ်ခု၊လွှတ်တော်တွင် ပေါင်းစည်းရန် မျှော်လင့်

၂၀၁၅ တွင် အကောင်အထည်ဖော်ဆောင်ရွက်တော့မည့် အာဆီယံစီးပွားရေးအသိုက်အဝန်း
မတိုင်မီ အဆင် ပြေချောမွေ့စွာဖြင့် ဆက်လက်ဆောင် ရွက်သွားနိုင်ရန် ရည်မှန်းထားသည့်
မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဥပဒေ နှစ်ခုအား ပေါင်းစည်းရေးသည် နိုင်ငံ ခြားသားနှင့် ပြည်တွင်းမှ
ရင်းနှီးမြှုပ် နှံသူများအတွက်ပါ ခေတ်မီပြီး ရှုပ်ထွေး မှုမရှိသော လုပ်ငန်းဘောင်တစ်ခု အောက်တွင်
လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်နိုင်မည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း အစိုးရအရာရှိတစ်ဦးက
ပြောသည်။

ယခုနှစ်အစောပိုင်းက လွှတ်တော်တွင်အတည်ပြုခဲ့သည့် ၂၀၁၂ ခုနှစ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု
ဥပဒေနှင့် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေများအရ ချမှတ်ထားသည့် လက်ရှိရင်းနှီးမြှုပ်နှံ
မှုဆိုင်ရာ စည်းမျဉ်း များမှာ နိုင်ငံခြားသားနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံသူများထံမှ စီးပွားရေး မျှော် မှန်း
ချက်များ တိုးပွားလာအောင် ဖန်တီးပေးနိုင်မည့် လုပ်ငန်းစဉ်များဖြစ်ပေါ် လာစေရန် လပိုင်းအနည်း
ငယ် အတွင်း၌ပင် ရေးသားအတည်ပြုခဲ့ သည့် စည်းမျဉ်းများဖြစ်သည်။

ထိုကဲ့သို့ လိုအပ်ချက်အရ အလျင်စလို ဆောင်ရွက်ခဲ့သည့်ဥပဒေများက လုပ်ကိုင်ခွင့် ရှိသည့်
လုပ်ငန်းများနှင့် လုပ်ကိုင်ခွင့် မရှိသည့် လုပ်ငန်းများ အကြားတွင် မညီမျှမှုများကို ဖြစ်ပေါ်စေခြင်း
ဖြစ် ကြောင်း ရင်းနှီးမြှုပ်နှံသူများက ဝေဖန်မှု ထောက်ပြခဲ့ကြသည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ
အုပ်ချုပ်မှု ဌာနခွဲ (ီှုဃဗ) မှ အထွေထွေ ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးက အစိုးရသည် ၂၀၁၂
ခုနှစ်က လွှတ်တော် တွင် အချိန်ကြာမြင့်စွာ ဆွေးနွေး ခဲ့ရသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမှ
သင်ခန်းစာများ ရယူနိုင်ခဲ့ ကြောင်း ပြောသည်။ ထို့ပြင် ယခုဥပဒေ နှစ်ခုပေါင်းစည်းမှု စီမံကိန်းသည်
လည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ တရားဝင်အတည်ပြုချက် ကို မကြာခင်ရရှိ နိုင်လိမ့်
မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

"မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ လာမယ့် အစည်းအဝေး မှာ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး
ကျွန်တော် တင်ပြသွားပါမယ်။ ပြီးရင် စီမံကိန်း လုပ်ငန်းစဉ်တွေကို ကျွန်တော်တို့ စလုပ်ကြပါမယ်"
ဟု ဦးအောင်နိုင်ဦး က ပြောသည်။

ထို့ပြင် ၎င်းက ယင်းလုပ်ငန်းများနှင့် ပတ်သက်ပြီး လွှတ်တော်၊ ပုဂ္ဂလိက လုပ်ငန်းများနှင့်အတူ
ဆွေးနွေးညှိနှိုင်း ပွဲများကိုလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါစီမံကိန်းနှင့် ပတ်သက်ပြီး
နိုင်ငံတကာမှ နည်းပညာ အကူအညီများကို ီှုဃဗ က လက်ခံ သွားမည်ဖြစ်ကြောင်း ထည့်သွင်း
ပြောကြားခဲ့သည်။

"စီးပွားရေးလုပ်ငန်းတွေအတွက် ပိုမိုကောင်းမွန်တဲ့ အခြေအနေတစ်ရပ် ကို ဘယ်လိုဆောင်ရွက်လို့
ရသလဲဆိုတာနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေက ကျွန်တော်တို့ ဌာနဆီမှာ အကြံ
ဉာဏ်တွေပေးဖို့ တောင်းဆိုခဲ့တဲ့အတွက် အခုဥပဒေနှစ်ခု ပေါင်းစည်းမယ့် အစီအစဉ်ကို လွှတ်တော်
က အတည်ပြုပေးမယ်လို့ ကျွန်တော် လုံးဝယုံကြည်ပါတယ်"ဟု ဦးအောင်နိုင်ဦးက ပြောသည်။

လွှတ်တော်တွင် အဆင်ပြေချောမွေ့ စွာ ဆွေးနွေးပြောဆိုနိုင်ရန်အတွက် အစိုးရနှင့် အဓိကကျသော
လွှတ်တော် ကိုယ်စားလှယ်များအကြား ဆွေးနွေး ပြောဆိုမှုများကို ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း
သက်ဆိုင်ရာအသိုင်းအဝိုင်း က မြန်မာတိုင်း(မ်)သို့ပြောသည်။ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး
ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနက အတည်ပြုနိုင်ရန်အတွက် လွှတ်တော်တွင် အချိန်ခြောက်လ
ကျော် ကြာမြင့် ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ကို နောက်တစ်ကြိမ် အချိန်ကြာမြင့်မှု များ
ထပ်မံမဖြစ်ပွားရန် မျှော်မှန်းထား သည်။ ပြင်ဆင်ချက်များစွာပြုလုပ် ခဲ့ပြီး ယင်းပြင်ဆင်ချက် အချို့
ကို နောက်ပိုင်းတွင် ပြန်ပြင်ခဲ့သော လွှတ်တော်နှစ်ရပ်နှင့် သမ္မတရုံး အကြား အကြိမ်များစွာ အပြန်
အလှန် ပေးပို့မှုများ ပြုလုပ်ခဲ့သည့် ယင်းဥပဒေ မှာ ၂၀၁၂ ခုနှစ်၊ နို၀င်ဘာလတွင် အတည်ပြုပြဋ္ဌာန်း
နိုင်ခဲ့သည်။

ထိုသို့ ဥပဒေနှစ်ခုအား ပေါင်းစည်း မှုပြုလုပ်ခြင်းကြောင့် နိုင်ငံခြား စီးပွားရေးလုပ်ငန်းများနှင့်
ပြည်တွင်း စီးပွားရေးလုပ်ငန်းများအကြား အခွင့် အရေးညီမျှစွာရရှိ နိုင်စေမည် ဖြစ်ကြောင်း
ဦးအောင်နိုင်ဦးက ပြောသည်။

"ကျွန်တော်တို့ဆီမှာ ရင်းနှီးမြှုပ်နှံမှု ဥပဒေဟာ တစ်ခုတည်းသာရှိမယ်ဆိုရင် အားလုံးအတွက်
တရားမျှတပြီး တန်းတူညီမှုရှိတယ်ဆိုတာကို ဖော်ပြပေးနိုင်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေ ဒီထက်
ပိုများများ ရလာအောင် ဆွဲဆောင်နိုင်ပါတယ်"ဟု ၎င်းက ပြောသည်။


 

"ဒီဥပဒေနှစ်ခု ပေါင်းစည်းမှုစီမံကိန်း အတွက် စီးပွားရေးပူးပေါင်း ဆောင် ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်
မှုအဖွဲ့အစည်း (ဥနဃီ) နဲ့ နောက်တခြား နိုင်ငံတကာ အဖွဲ့အစည်းတွေကနေ အကြံ ပြုချက်တချို့
ကို ကျွန်တော်တို့ လက်ခံ ရရှိထားပါတယ်။ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ အတွက် ဥပဒေနှစ်ခုရှိတဲ့ နိုင်ငံဟာ
အာဆီယံဒေသမှာ မြန်မာတစ်နိုင်ငံပဲ ရှိပါတယ်။ ကျန်တဲ့ အာဆီယံနိုင်ငံ တွေအားလုံးမှာတော့
ရင်းနှီးမြှုပ်နှံမှု ဥပဒေ တစ်ခုတည်း ရှိကြတာပါ" ဟု ဦးအောင်နိုင်ဦးက ပြောသည်။ လက်ရှိ ဥပဒေ
နှစ်ခု၏ ဖွဲ့စည်းပုံ သည် နိုင်ငံခြားကုမ္ပဏီများအား အချို့ အပိုင်းများတွင် အခွင့်အရေးများပေးထား
ပြီး အခြားကျန်ရှိသည့် အပိုင်း များမှာ ပြည်တွင်း လုပ်ငန်းများအတွက် ဖြစ်ကြောင်း ၎င်းကပြော
သည်။

"အနုညာတတရား စီရင်ဆုံးဖြတ် ချက် arbitration) နဲ့ပတ်သက်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ
ဟာ ရင်းနှီးမြှုပ်နှံသူတွေအတွက် မြန်မာ နိုင်ငံပြင်ပမှာ အငြင်းပွားမှုတွေကို ဖြေရှင်းနိုင်အောင်
ပြုလုပ်ခွင့်တွေပေးထားပေမယ့် မြန်မာနိုင်ငံသားများရင်းနှီးမြှုပ်နှံမှု ဥပဒေမှာတော့ အဲဒီလို ပြဋ္ဌာန်း
ချက်မျိုး မပါပါဘူး"ဟု ၎င်းက ပြောသည်။

DICA သည် ကမ္ဘာ့ဘဏ်၏ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ် သော နိုင်ငံတကာငွေကြေး
ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (IFC) ထံမှ နည်း ပညာအကူအညီများ ရယူဆောင်ရွက်နေသော ဌာန
တစ်ခုဖြစ်သည်။

အဆိုပါဥပဒေနှစ်ခု ပေါင်းစပ်မှုအစီအစဉ်သည် ပြည်တွင်းပြည်ပရင်းနှီး မြှုပ်နှံသူများအတွက် အကာ
အကွယ်ပေးခြင်းများကဲ့သို့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်များ လွယ်ကူရှင်းလင်းမှု ရှိစေရန်နှင့် နိုင်ငံ
အတွက်လည်း တွက် ခြေကိုက်သော စီမံချက်များဖြင့် ရင်းနှီး မြှုပ်နှံမှုများ တိုးတက်လာစေရန်
ရည် မှန်း၍ အစိုးရက အကောင်အထည် ဖော်ဆောင်ရွက်နေသော လုပ်ငန်းစဉ်များစွာထဲမှ တစ်ခု
ဖြစ်ကြောင်း IFC ၏ ဌာနေကိုယ်စားလှယ် ချားလ်စ်ရှနိုက်ဒါ က ပြောသည်။

သို့သော် ယင်းဥပဒေနှစ်ခု ပေါင်းစပ်မှုအတွက် အရေးကြီးသည့်ကိစ္စတစ်ရပ် မှာ ၂၀၁၅ ခုနှစ်တွင်
မြန်မာနိုင်ငံက အာဆီယံစီးပွားရေး အသိုက်အဝန်းသို့ ၀င်ရောက်မည့်အချိန်၌ ဒေသတွင်းပေါင်း
စည်းမှုဆိုင်ရာ လိုအပ်မှုများပင် ဖြစ်သည်။

"ဥပဒေနှစ်ခု ပေါင်းပြီးသွားပြီဆိုရင် ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေအတွက် အထူးအခွင့်အရေး
တွေလည်း မရနိုင်တော့သလို နိုင်ငံခြားရင်းနှီးမြှုပ်သူတွေကိုလည်း မမျှမတဆက်ဆံတာမျိုး လုပ်
လို့မရတော့ဘူး။ အာဆီယံစီးပွားရေးရပ်ဝန်းဟာ ကုန်သွယ်ရေးဆက်နွှယ်မှုတွေသာမက
ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းတွေအထိပါ ပါ၀င်ပါတယ်။ ဒါကြောင့် အစိုးရက ဒီဥပဒေနှစ်ခုပေါင်း တဲ့
စီမံကိန်းကို အခုဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါဟာလည်း အာဆီယံနိုင်ငံများ ပေါင်းစည်းမှု
စီမံကိန်းရဲ့ လုပ်ငန်းစဉ်တွေထဲက တစ်ခုပါပဲ"ဟု မစ္စတာရှနိုက်ဒါက ပြောသည်။

"ရင်းနှီးမြှုပ်နှံမှု အခြေအနေ တိုးတက် လာအောင်ဆောင်ရွက်တဲ့ ကြိုးပမ်းချက် တွေ အောင်မြင်မှု
ရှိသလား မရှိဘူးလား ဆိုတာဟာ ဒီနိုင်ငံမှာ ရင်းနှီးမြှုပ်နှံသူတွေ ရှိနေတဲ့အချိန်မှာ ရင်းနှီးမြှုပ်နှံမှု
တွေကို သူတို့ဆက်လုပ်မလုပ်ဆိုတာကိုကြည့်ပြီး သိနိုင်ပါတယ်။ ဒါဟာ ဈေးကွက်ရှာဖွေရေး
လုပ်ငန်းလိုပါပဲ။ ပထမအကြိမ် ၀ယ်သူကို ပစ္စည်းရောင်း လိုက်ပြီးရင် နောက်တစ်ကြိမ် သူတို့
ပြန်လာဝယ်သလားဆိုတာကို စောင့် ကြည့်နိုင်ရမယ်ဆိုတဲ့ အယူအဆပါ။ ဒါဟာ ရင်းနှီးမြှုပ်နှံမှု
လုပ်ငန်းနဲ့ အလားသဏ္ဌာန်တူတဲ့ ယူဆချက်တစ်ခု ပါပဲ။ ရင်းနှီးမြှုပ်နှံသူတွေက အစပိုင်းမှာတော့
အကုန်လုံးကို အလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဦးမှာမဟုတ် ဘူး။ ရင်းနှီးမြှုပ်နှံသူတွေအတွက်
ကာကွယ်မှုတွေဟာ ရင်းနှီးမြှုပ်နှံမှု တွေ တိုးတက်စေမယ့် အကြောင်းအရင်းတွေပါပဲ"ဟု ၎င်းက
ပြောသည်။

ဤကဲ့သို့ ဥပဒေနှစ်ခုအား တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းစေခြင်း သည် နိုင်ငံခြားလုပ်ငန်းများနှင့်
ပြည်တွင်းလုပ်ငန်းရှင်များ အကြားတွင် အပြန်အလှန် အပေးအယူမျှတသော ပိုမိုကောင်းမွန်သည့်
အခြေအနေ တစ်ရပ်ကို ဖြစ်လာစေမည့် ကောင်းမွန် သော ဆောင်ရွက်ချက်တစ်ခုဖြစ်မည် ဟု
Polastri Wint & Partner မှ တွဲဖက်စီမံခန့်ခွဲသူ အဲလက်ဆီယို ပိုလက်စ်ထရီက ပြောသည်။

သို့သော် ပေါင်းစည်းပြီးထွက်ပေါ်လာမည့် တစ်ခုတည်းသောဥပဒေမှာ မည်သို့ အကောင်အထည်
ဖော် ဆောင်ရွက်ထားသည်ကို စောင့်ကြည့် လေ့လာရန်မှာ အရေးကြီးကြောင်း ၎င်းက ပြောသည်။

"ရင်းနှီးမြှုပ်နှံမှုဆိုတာ အရင်ကတည်း က ခက်ခဲတဲ့လုပ်ငန်းတစ်ခုပါပဲ။ ဥပဒေ က ကာကွယ်
ထောက်ပံ့မှုမပေးတဲ့အပြင် ရှုပ်ထွေးနေမယ်ဆိုရင် ရင်းနှီးမြှုပ်နှံသူ တွေဟာ သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှု
တွေကို ဆက်မလုပ်ခင် နှစ်ခါပြန်ပြီး စဉ်းစားကြမှာပါ"ဟု ၎င်းက ပြောသည်။

ဇာဇာစိုး ဘာသာပြန်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်