အိမ်ပိုင်ဆိုင်လိုသူများအတွက်၊ငွေထုတ်ချေးမည့် CHD ဘဏ်ခွဲ ဖွင့်

အိမ်ပိုင်ဆိုင်လိုသူများအတွက်၊ငွေထုတ်ချေးမည့် CHD ဘဏ်ခွဲ ဖွင့်

အများပိုင် ကုမ္ပဏီတစ်ခုဖြစ်သည့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်ခွဲကို ရန်ကုန်မြို့၊
ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနတွင် ဇန်နဝါရီ ၁၁ ရက်က ဖွင့်လှစ်
ခဲ့ပြီး ၀င်ငွေနည်းပါးသည့် ပြည်သူများအတွက် အိမ်ရာဆောက် လုပ်ခြင်းနှင့် လုံးချင်း၊ ကွန်ဒို၊ တိုက်
ခန်း များ ၀ယ်ယူနိုင်ရန်အတွက် ချေးငွေများ စတင် ထုတ်ပေးတော့မည်ဖြစ်ကြောင်း အဆိုပါဘဏ်
မှ တာဝန်ရှိသူ များက ပြောသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုး ရေးဘဏ်ရုံးချုပ်မှာ ရန်ကုန်မြို့ ယောမင်းကြီးရပ်ကွက်၊ ရွှေတိဂုံ
ဘုရား လမ်း အမှတ် (၆၀) တွင်ဖွင့်လှစ်ထားပြီး ယခုဘဏ်ခွဲကို ထပ်မံဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။

"ကျွန်တော်တို့နိုင်ငံမှာ ၀င်ငွေနည်းတဲ့သူတွေက အိမ်ပိုင်ဆိုင်ဖို့၊ ကိုယ့် အိမ်နဲ့ကိုယ်နေနိုင်ဖို့ အခွင့်
အရေး မရှိ ခဲ့ပါဘူး။ ဒါကြောင့် ၀င်ငွေနည်းပါးပြီး အိမ်မဆောက်နိုင်၊ အိမ်မဝယ်နိုင်တဲ့ သူတွေအတွက်
ကိုယ့်အိမ်နဲ့ကိုယ်နေနိုင်မယ့် အခွင့်အရေးတွေ ရရှိအောင် အတိုးနည်းနည်းနဲ့ နှစ်ရှည်ချေးငွေ ထုတ်
ပေးနိုင်ဖို့ ရည်ရွယ်ပြီး အကောင်အထည်ဖော်ခဲ့တာပါ။ ဒီခေတ် မှာ ငွေချေးလုပ်ငန်းကို ဘဏ်လုပ်
ငန်းနဲ့တွဲလုပ်ရင် ပိုပြီးအောင်မြင်မြန်ဆန်တာမို့ ကျွန်တော်တို့တွေ ဆောက်လုပ် ရေးနဲ့ အိမ်ရာဖွံ့ဖြိုး
ရေးဘဏ်ကိုဖွင့် လှစ်ခဲ့တာပါ" ဟု ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် ရုံးချုပ်မှ ဦးဆောင်
ညွှန်ကြားရေးမှူး ဖြစ်သူ ဦးဝင်းဇော်က မြန်မာတိုင်း(မ်)ကို ပြောသည်။

အဆိုပါဘဏ်က ၀င်ငွေနည်းပါးပြီး အိမ်ရာပိုင်ဆိုင်မှု မရှိသေးသူများအား အဓိကဦးစားပေးကာ
အတိုးနှုန်း လေး ရာခိုင်နှုန်းခန့်ဖြင့် အများဆုံးနှစ် ၃၀ ငွေထုတ်ချေး ပေးသွားမည်ဖြစ်ပြီး ချေးငှား
သူများသည် ပုံမှန်ဝင်ငွေရှိကာ သတ်မှတ်ကာလအတွင်း ပေးဆပ်နိုင် မည့် အခြေအနေရှိမှသာ
ဘဏ်မှထုတ်ချေးပေးသွားမည် ဖြစ်သည်။

"ချေးတဲ့သူဘက်က အာမခံမှုရှိရ မယ်။ ချေးငှားထားတဲ့သူက သတ်မှတ် ထားတဲ့ကာလအတွင်း
ချေးငွေကို ပြန် ဆပ်နိုင်ဖို့ အရေးကြီးတယ်။ နှစ်ရှည် ချေးငှားပြီး အဲဒီကာလအတွင်းမှာ ပြန်ဆပ်နိုင်
မယ်ဆိုရင် ငွေချေးပေး မယ်။ သတ်မှတ်ထားတဲ့ အများဆုံး သက်တမ်းက နှစ် ၃၀ ဖြစ်တဲ့အတွက်
ချေးငှားသူရဲ့ အသက်ကို ၆၀ ထိပဲ ပျမ်းမျှထားပေးထားတယ်။ တကယ်လို့ သတ်မှတ်ကာလမပြည့်
ခင်မှာ သက်တမ်းကျော်သွားရင် နောက် ထပ်သူ့ရဲ့ အမွေစားအမွေခံက ပေးချေနိုင်မယ့် အဆင့်မျိုး
ရှိနေမယ်ဆိုရင် ကျွန်တော်တို့ကို အသိပေးပြီး လွှဲပြောင်း ရမယ်" ဟု ၎င်းက ပြောသည်။

အဆိုပါဘဏ်သည် ၀င်ငွေနည်းပါး သူများ၊ အိမ်ရာပိုင်ဆိုင်မှုမရှိသူများ အတွက် အဓိကရည်ရွယ်
သော်လည်း ၀င်ငွေများပြားပြီး အိမ်ယာအဆင်သင့် ပိုင်ဆိုင်ပြီးသူများ ချေးငွေယူလိုပါက အတိုးနှုန်း
မှာ ၁၃ ရာခိုင်နှုန်းဖြင့် ချေးငွေကာလ အများဆုံးသုံးနှစ် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ၎င်းက
ပြောသည်။

"ကျွန်တော်တို့အနေနဲ့က ၀င်ငွေ များပြီး အိမ်တစ်လုံးပြီး တစ်လုံးပိုင်ဆိုင် တဲ့သူတွေဆီကို
ဦးမတည်နိုင်ဘူး။ သူတို့ကို ချေးလိုက်ရင် ၀င်ငွေနည်းတဲ့သူတွေကို ချေးဖို့ လျော့သွားလိမ့်မယ်။
တကယ်လို့ လိုချင်တယ်ဆိုရင်တော့ နှစ်တိုတိုနဲ့ အတိုးနှုန်း ၁၃ ရာခိုင်နှုန်းပေးနိုင်ရင် ဘဏ်ထဲမှာ
အပ်ထားတဲ့ငွေတွေထဲက ပြန်ချေးပေးနိုင်တယ်" ဟု ၎င်းက ပြောသည်။ ချေးငွေယူလိုသူများသည်
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်သို့ လာရောက်စုံစမ်း ဆွေးနွေးနိုင်မည် ဖြစ်သည်။

ယင်းသို့ အတိုးနှုန်းနည်းနည်းဖြင့် နှစ်ရှည် ချေးယူနိုင်ရန်အတွက် အဆိုပါဘဏ်သည် ဘဏ်အပ်ငွေ
များကို အသုံးပြုသွားမည်မဟုတ်ဘဲ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဘဏ် များမှ သက်သာသည့်
အတိုးနှုန်းဖြင့် ချေးယူကာ ပြန်လည်ချေးပေးသွား မည် ဖြစ်သည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်အား ဆောက်လုပ်ရေး ၀န်ကြီးဌာနက ကြီးကြပ်၍ မြန်
မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေနှင့် မြန်မာ နိုင်ငံ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေနှင့်
အညီ ဖွဲ့စည်းခဲ့ပြီး မြန်မာ နိုင်ငံတော် ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်အား ၂၀၁၃
ခုနှစ် ဇူလိုင်လတွင် ရရှိထားပြီး ဖြစ်သည်။ ယင်းဘဏ်၏ ခွင့်ပြုမတည်ငွေရင်း မှာ ကျပ် ဘီလျံ ၁၀၀
ဖြစ်ကာ အပ်ငွေ လက်ခံခြင်းမှ စာရင်းရှင် အပ်ငွေ၊ ငွေစုဘဏ် အပ်ငွေ၊ အချိန်ပိုင်း အပ်ငွေ လက်ခံ
ခြင်းများကိုလည်း လုပ်ကိုင်သွား မည် ဖြစ်သည်။

ထို့ပြင် ကမ္ဘောဇဘဏ်၊ မြန်မာနိုင်ငံ သားများဘဏ်၊ အာရှစိမ်းလန်းဖွံ့ဖြိုး ရေးဘဏ်များနှင့်လည်း
ချိတ်ဆက် ထားသဖြင့် ငွေလွှဲလုပ်ငန်းများကို လည်း ဆောင်ရွက်သွားမည်ဖြစ်ပြီး အမေရိကန်ဒေါ်
လာ၊ စင်ကာပူ ဒေါ်လာနှင့် ယူရိုငွေများကိုပါ လဲလှယ် ၀ယ်ယူရောင်းချ သွားနိုင်မည် ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်