မြို့နယ်အလိုက် ပေးဆောင်ရန် သတ် မှတ်လိုက်သည့် အိမ်ခြံမြေအရောင်း အဝယ် အခွန်နှုန်းထား
များကြောင့် အခွန်ဆောင်နှုန်းထားမြင့်တက်သွား ကာ အရောင်းအဝယ် အေးသွားကြောင်း ၀ါရင့်
အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
"တန်ဖိုးစိစစ်ရေးအဖွဲ့က အိမ်ခြံမြေ ဈေးနှုန်းတွေ သတ်မှတ်လိုက်တော့ အရောင်းအဝယ်တွေ အေး
သွားတယ်။ အရင်ကလို အခွန်ရှောင်လို့လည်း မရ တော့ဘူး။ လိုင်းကြေးပေးပြီး အခွန်နှုန်း သက်
သာအောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်တာတွေလည်း လုပ်လို့မရတော့ အမည်ပြောင်းမယ့်သူ
တွေနဲ့ ၀ယ်ရောင်း သမားတွေက နည်းနည်းရှောင်တာပေါ့။ အမည်ပြောင်းမယ့် သူတွေကလည်း
တော်တော်တန်တန် အခွန်နှုန်းထားကြည့်ပြီးတော့ နည်းနည်း စောင့်ကြည့်နေကြတဲ့သဘော
ဖြစ်မှာပါ။ အဲဒီတော့ အရောင်းအဝယ်အေးသွားတယ်" ဟု စိုင်းခွန်နောင် အိမ်ခြံမြေအကျိုးဆောင်
မှ ဦးရန်အောင်က ပြောသည်။
ယမန်နှစ် အောက်တိုဘာလ ၁ ရက် နေ့က အဆမတန်ကြီးမြင့်နေသော မြေဈေးနှုန်းများကို ထိန်း
ချုပ်ရန် ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ က ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက်၊
အိမ်အမျိုးအစားအလိုက် စံနှုန်းများ သတ်မှတ်ခဲ့သော် လည်း အဆိုပါ ဈေးနှုန်းများသည် ပေါက်ဈေး
အား စံနှုန်း သတ်မှတ်ခြင်း မဟုတ်ဘဲ အခွန်ဆောင်ရန်နှုန်းထား သတ်မှတ်ခြင်းသာဖြစ်ကြောင်း
လုပ်ငန်းရှင်များက ပြောသည်။
"အိမ်ခြံမြေဈေးနှုန်း ကြီးမြင့်တာ ကို ထိန်းချုပ်ဖို့ဦးတည်ပေမယ့် တကယ် တမ်းမှာ ဒီဟာတွေက
ပေါက်ဈေး မဟုတ်ဘူး။ အခွန်ရာဖြတ် နှုန်းထား တွေပါ။ အခွန်လည်း ရစေချင်တဲ့ သဘော ပါမှာ
ပေါ့။ ၀ယ်သူက ကိုယ့် အမည်ပြောင်းချင်တယ်ဆိုရင် အခွန်ဆောင်မှ ပြောင်းလို့ရတယ်။ အခွန်
ဆောင်မယ်ဆိုရင် တံဆိပ်ခေါင်းဖိုး အပါအဝင် အခွန်က ၃၇ ရာခိုင်နှုန်းနဲ့ ရောင်းခွန်မှာက ၁၀ ရာ
ခိုင်နှုန်းဆိုတော့ အဲဒါတွေဆောင်မှ အမည်ပြောင်းလို့ရ မယ်" ဟု ဦးရန်အောင်က ပြောသည်။
သို့သော် ကာလတန်ဖိုး စိစစ် သတ်မှတ်ရေးအဖွဲ့၏ စံနှုန်းသတ်မှတ် ချက်များအရ အချို့နေရာများ
တွင် လက်ရှိပေါက်ဈေးအောက် စံနှုန်းသတ် မှတ်ချက်က များစွာသက်သာနေခြင်း ကြောင့် အဆင်
ပြေမှုများလည်းရှိကြောင်း ၎င်းက ပြောသည်။ "ဥပမာ ဪ မြောက်ဒဂုံ၊ ပင်လုံလမ်းနဲ့ ဗထူးလမ်း
တို့လို နေရာမျိုးဆိုရင် စံနှုန်း သတ်မှတ်ချက်အရ ပေ ၄၀x၆၀ တစ်ကွက်ကို သိန်း ရ၀၀ ရှိတယ်။
ဒါပေမဲ့ အပြင်ပေါက်ဈေးနဲ့ကျတော့ ၁၀ ဆလောက်ကွာနေတယ်။ အဲဒီနေရာ မျိုးတွေ ၀ယ်တဲ့လူ
ကျတော့ အမည် ပြောင်းဆိုလည်း ပြောင်းတာပေါ့" ဟု ဦးရန်အောင်က ပြောသည်။
ထိုသို့ သတ်မှတ်စံနှုန်းများကြောင့် အခွန်မဖြစ်မနေ ဆောင်ရမည်ဖြစ် သည့်အတွက် အိမ်ခြံမြေ
အရောင်း အဝယ်များ အေးနေပြီးအခွန်ပေး ဆောင်ရန်မလိုသည့် ပါမစ်မြေ၊ အမည် ပေါက်မြေများ
အား လိုက်လံဝယ်ယူ လာကြောင်း မြောက်ဒဂုံမြို့နယ်ရှိ အကျိုးဆောင်ကုမ္ပဏီမှ ဦးအောင်မိုး
ကျော်က ပြောသည်။
"အချို့က အခွန်ဆောင်ရမှာကြောက်တော့ အမည်ပေါက်တွေကို လိုက်ရှာတာမျိုးတွေ ဖြစ်တယ်။
အမည်ပေါက်တွေက ပိုပြီးအားသာချက်ရှိတယ်လေ။ အပြင်နှုန်းထားနဲ့ တန်ဖိုးသတ်မှတ်ချက်နဲ့
ကွာဟမှုများ တော့ ၀ယ်ရောင်းတွေလည်း မကိုက်တော့ဘူး။ အရောင်းအဝယ်ကတော့ အေး
တယ်" ဟု ဆိုသည်။
စံနှုန်းသတ်မှတ်ခြင်း၊ မကြာခဏ ပြောင်းလဲနေသော မူဝါဒများကြောင့် စောင့်ကြည့်နေရခြင်း
စသည်တို့ ကြောင့် အရောင်းအဝယ်ရပ်တန့်နေသော်လည်း အဆိုပါ ဖြစ်ရပ်သည် အိမ်ခြံမြေ
ဈေးနှုန်းများ ကျဆင်းမည့် အကြောင်းဟု မဆိုနိုင်ကြောင်း အကျိုးဆောင်များက ပြောသည်။
"အိမ်ခြံမြေဈေးတွေကတော့ ပြန်ကျ စရာအကြောင်းမရှိဘူး။ ဟိုတုန်းက တည်းက ပြန်ကျတယ်
ဆိုတာကို ထုံးစံ မရှိဘူး။ ဈေးကတော့ ဒီဈေးတွေမှာပဲ တန့်နေမှာပါ။ ဘာဆက်ဖြစ်မလဲကတော့
စောင့်ကြည့်ရမှာပဲ" ဟု ဦးအောင်မိုးကျော်က ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး
စိစစ်သတ်မှတ်ရေးအဖွဲ့၏ စံနှုန်းများ အရ လူနေထူထပ်သည့်မြို့နယ်များဖြစ် သည့် လမ်းမတော်၊
ပန်းဘဲတန်း၊ လသာ၊ ကျောက်တံတား၊ ဗဟန်းနှင့် ဒဂုံ အစရှိ သည့်မြို့နယ်များတွင် လူကြိုက်နည်း
သော အတွင်းလမ်းရှိ မြေကွက်များ အတွက် တစ်စတုရန်းပေလျင် အနည်း ဆုံး ကျပ် ၃၅,၀၀၀ မှ
စ၍ လမ်းမတန်းရှိ မြေကွက်များအတွက် အများဆုံး ကျပ်သိန်း ၃၂၅,၀၀၀ ထိ သတ်မှတ်ထားပြီး
ဖြစ်သည်။
















