ရန်ကုန်မြို့၏ သမိုင်းဝင် မြို့ပြအမွေအနှစ်များမြေပုံ ရေးဆွဲပြီးစီး

ရန်ကုန်မြို့၏ သမိုင်းဝင် မြို့ပြအမွေအနှစ်များမြေပုံ ရေးဆွဲပြီးစီး

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန ၏ မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေးစီမံကိန်း တစ်ခုအနေဖြင့် ဂျာမနီ
နိုင်ငံမှ သုတေ သနအဖွဲ့နှင့် ပူးပေါင်းကာ မြန်မာ ဂျာမနီ သုတေသန ပူးပေါင်းဆောင် ရွက်မှုအဖွဲ့
က ၂၀၁၂ ခုနှစ်မှ စတင်ကာ ရန်ကုန်မြို့၏ မြို့ပြအမွေအနှစ်များ မြေပုံကို ဦးဆောင်ရေးဆွဲခဲ့ပြီး
ယခု အခါတွင် ပြီးစီးနေပြီဖြစ်ကြောင်း ဇန်နဝါရီလ ၁၃ ရက်နေ့က မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး
ဦးစီးဌာနရုံးတွင် ပြုလုပ်သော ဆွေးနွေးပွဲ၌ တာဝန်ရှိသူ များက ပြောသည်။

"ကျွန်မတို့ မြန်မာနိုင်ငံက မြို့ပြနဲ့ ဒေသဖွံ့ညဖိုးတိုးတက်ဖို့အတွက် သုတေသနပြုလုပ်နေတဲ့ စီမံ
ကိန်းသုံးခုလောက် ရှိပါတယ်။ အခုမြိုကပြအမွေအနှစ် ထိန်းသိမ်းတဲ့အနေနဲ့ ရန်ကုန်မြို့ ရဲ့ မြို့ပြ
အမွေအနှစ်တွေဖြစ်တဲ့ ရှေးဟောင်း အဆောက်အအုံတွေကို အဓိကထားပြီး ဖော်ဆောင်ရေးဆွဲ
ထား တဲ့ မြေပုံရေးဆွဲတာလည်း တစ်ခုအပါ အဝင် ဖြစ်ပါတယ်။ အခုဒီမြေပုံက ရေးဆွဲလို့ပြီးစီး
သွားပါပြီ။ ကျွန်မတို့က တရားဝင် ကြေညာတာဖြစ်ပေမယ့် ပြည်သူတွေဆီတော့ လောလော
ဆယ်ထုတ်ဝေသွားဦးမှာ မဟုတ်ပါဘူး" လို့ မြန်မာ ဂျာမနီ သုတေသနပူးပေါင်းဆောင်ရွက်မှုအဖွဲ့
မှ ပရော်ဖက်ဆာ ဒေါက်တာ Frauke Krass က ပြောသည်။

မြို့ရွာနှင့် အိုးအိမ်ဖွံ့ညဖိုးရေးဦးစီး ဌာနသည် မြို့ပြနှင့် ဒေသဖွံ့ညဖိုးတိုးတက် ရေး သုတေသန
လုပ်ငန်းများအား ဂျာမနီနိုင်ငံနှင့် ပူးပေါင်းကာ ၂၀၁၂ ခုနှစ်မှ စတင်လုပ်ဆောင်လျက်ရှိသော်လည်း
မြန်မာ ဂျာမနီ သုတေသန ပူးပေါင်းဆောင်ရွက်ခြင်းနှင့်ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်ခြင်း
များနှင့် အဆိုပါရုံးခန်းအား ယခုနှစ် ဇန်နဝါရီ ၁၃ ရက်မှ တရားဝင်ဖွင့်လှစ် ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရန်ကုန်မြို့၏ မြို့ပြအမွေအနှစ်များ မြေပုံကို မြန်မာ ဂျာမနီ သုတေသန ပူးပေါင်းဆောင်
ရွက်မှုအဖွဲ့မှ ဒေါက်တာ Frauke Krass နှင့် Regine Spohner တို့နှစ်ဦးနှင့် မြို့ပြနှင့် မြေယာစီမံ
ကိန်းဌာနမှ အင်ဂျင် နီယာမှူးကြီး ဒေါ်လှိုင်ဦးမော်တို့က ဦးစီးရေးဆွဲခဲ့ပြီး ဆောက်လုပ်ရေး ၀န်ကြီး
ဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာန၊ ဂျာမနီနိုင်ငံ ကိုလုံး တက္ကသိုလ်နှင့် မြန်မာနိုင်ငံ ပြည်
ထောင် စုသမ္မတ ဂျာမနီနိုင်ငံသံရုံးတို့က ပံ့ပိုးကူညီခဲ့ခြင်း ဖြစ်သည်။ ယင်းမြိုကပြ အမွေအနှစ်များ
မြေပုံတွင် ရန်ကုန်တစ်မြို့လုံးရှိ မြို့နယ်များမှ အုပ်ချုပ်ရေးဆိုင်ရာ ယဉ်ကျေးမှုဆိုင်ရာ လူမှုရေးဆိုင်
ရာအဆောက်အအုံများနှင့် စီးပွားရေးနှင့် အခြေခံအဆောက်အအုံများကို အဓိကဖော်ပြထားပြီး
ရန်ကုန်မြို့ရှိ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရန် သတ်မှတ်ထားသည့် ရှေးဟောင်းအဆောက်
အအုံ ၁၈၉ လုံးကိုလည်း မြေပုံတွင် သင်္ကေတအညွှန်းနှင့်တကွ ဖော်ပြထားသည်။

မြေပုံ ရေးဆွဲရန်အတွက် တာဝန် ရှိသူများသည် ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ် အဆောက်
အအုံများအား စုစည်းခြင်း၊ မြို့ပြဖွံ့ညဖိုးမှုအနေဖြင့် နေ ထိုင်သူများအား စုံစမ်းမေးမြန်းခြင်း၊
Geographic Information System (GIS) စနစ်ကို အသုံးပြုခြင်း၊ မြို့ပြနှင့် ပတ်သတ်သည့်
အသေးစိတ်အချက်အလက်များ စုဆောင်းခြင်းနှင့် ဓာတ်ပုံ ရိုက်ကူးကာ အချက်အလက်များစု
ဆောင်းခြင်းများကိုပြုလုပ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

ရန်ကုန်မြို့တာ် စည်ပင်သာယာရေး ကော်မတီက ၁၉၉၆ ခုနှစ်တွင် ရန်ကုန် မြို့၏ အမွေအနှစ်
အဆောက်အအုံ ၁၈၉ လုံးကို စာရင်းထုတ်ပြန်ခဲ့ပြီး ထိုစာရင်းတွင် ဘုရား၊ စေတီ၊ ဘုန်းကြီးကျောင်း၊
ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ အစ္စလာမ်ဗလီ၊ ဟိန္ဒူနှင့် တရုတ် ဘုရား ရှိခိုးကျောင်းများ၊ အုပ်ချုပ်ရေး
နှင့် အဖွဲ့အစည်းဆိုင်ရာ အဆောက်အအုံ စီးပွားရေးနှင့် ပညာရေး အဆောက် အအုံများနှင့် လူမျိုး
စု အဆောက်အအုံ များ ပါ၀င်ခဲ့သော်လည်း ပုဂ္ဂလိကပိုင်အဆောက်အအုံများကိုမူ ထည့်သွင်း
ထားခြင်း မရှိခဲ့ပေ။

ရန်ကုန်မြို့ရှိ ရှေးဟောင်းအဆောက် အအုံများသည် နှစ်ပေါင်းတစ်ရာကျော်များသာ ဖြစ်သည့်
အတွက် ရန်ကုန်မြိုကတော် စည်ပင်သာယာရေးက ၂၀၁၂ ခုနှစ်ခန့်တွင် ထိန်းသိမ်း စောင့်ရှောက်
ရမည့် စာရင်းတွင် ထည့်သွင်းခဲ့ပြီး ၎င်းတို့၏ ခွင့်ပြုချက်မရရှိဘဲ ယင်းအဆောက်အအုံများအား
တည် ဆောက်ခြင်း၊ တိုးချဲ့ဆောက်လုပ်ခြင်း၊ ဇျက်ဆီးခြင်း၊ ပုံသဏ္ဌာန်ပြောင်းလဲ ခြင်း၊ ပြင်ဆင်
မွမ်းမံခြင်းတို့အား ထိန်းချုပ်ခဲ့သည်။

ထို့ပြင် ပြည်သူများကလည်း အသွင်ပြောင်းလဲလာသော အခြေအနေပေါ် တွင် အများပြည်သူ၊
လူ့အဖွဲ့အစည်း၊ လှုပ်ရှားနေမှုများနှင့် နေ့စဉ်ဓလေ့များ ကိုအခြေခံသည့် အမွေအနှစ်ထိန်းသိမ်း
ရေးခံယူချက်များအား ချမှတ်ကျင့်သုံး ရန် အချိန်တန်ပြီဖြစ်ကြောင်း တာဝန်ရှိသူများက တိုက်
တွန်းပြောကြားသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ ကြာမြင့်နေသည့် ယဉ်ကျေးမှုအမွေအနှစ်အဆောက်အအုံ များစွာ
ရှိသည့် အတွက် ၎င်းတို့အား ထိန်းသိမ်းရန်နှင့် ပိုမိုဖွံ့ဖြိုးရန် မြန်မာနိုင်ငံအနေဖြင့် မြို့ပြစီမံကိန်း
စီစဉ်သူများ၊ ရေးဆွဲသူများနှင့် အင်ဂျင်နီယာများစွာ လိုအပ်လျက် ရှိသေးကြောင်း ဒေါက်တာ
Frauke Krass က သုံးသပ် ပြောကြား ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်