သင်္ဃန်းကျွန်းဈေးဟောင်းနေရာတွင် AKK ဈေးဝယ်စင်တာ ဖွင့်

သင်္ဃန်းကျွန်းဈေးဟောင်းနေရာတွင် AKK ဈေးဝယ်စင်တာ ဖွင့်

သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန် လမ်းမ ကြီးပေါ်တွင်တည်ရှိသည့် ယခင်သင်္ယန်းကျွန်း
ဈေးဟောင်းနေရာတွင် သင်္ဃန်းကျွန်းဈေးကြီး အား Aung Kaung Kyaw Group of Company
က အဆင့်မြင့်ပြန်လည်တည်ဆောက်ခဲ့ပြီး ယခု အခါတွင် AKK အမည်ဖြင့် ဈေးဝယ်စင်တာကို
ဇန်နဝါရီလ ၂၁ ရက်နေ့မှ စတင်ခါ ဖွင့်လှစ်ရောင်းချလျက်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ တာဝန်
ရှိသူများက ပြောသည်။

"ကျွန်မတို့ကုမ္ပဏီ အဓိကလုပ်ဆောင်တာ တွေကတော့ တည်ဆောက်ရေးလုပ်ငန်းနဲ့ ဟိုတယ်
လုပ်ငန်းတွေပါ။ အခု AKK ဈေးဝယ်စင်တာကတော့ ကျွန်မတို့ ကုမ္ပဏီကိုယ်တိုင် တည်ဆောက်
ပြီးဖွင့်လှစ်ခဲ့တဲ့ ပထမဦးဆုံးခြေလှမ်းဖြစ်ပါတယ်။ ကျွန်မတို့ကလည်း ဈေးဝယ် စင်တာကိုလာရောက်
ကြတဲ့သူတိုင်း စိတ်ကြည်လင်မှုပေးနိုင်အောင် အဆင့်မြင့်တဲ့ ဈေးဝယ်စင်တာကြီးတစ်ခုအဖြစ် ဖွင့်
လှစ်သွားမှာပါ" ဟု ကုမ္ပဏီ၏ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ ဒေါ်ဆုထက်သိမ့်ကျော်က ဖွင့်ပွဲ
အကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါ ဈေးဝယ်စင်တာသည် မြေအောက်ခန်းအပါအဝင် ငါးထပ်တည်ဆောက်ထားခြင်းဖြစ်ပြီး
အထပ်တိုင်းတွင် စတုရန်းပေ ၄၇,၀၀၀ ခန့် ကျယ်ဝန်းသည်။ မြေအောက်ခန်းတွင် City Mart နှင့်
စား သောက်ဆိုင်များ ဖွင့်လှစ်ထားပြီး မြေညီထပ်တွင် သင်္ဃန်းကျွန်းဈေးကြီးအား ဖွင့်လှစ်ထား ခြင်း
ဖြစ်သည်။

ပထမနှင့် ဒုတိယ အလွှာများတွင် ဈေးဝယ်စင်တာများ ဖွင့်လှစ်သွားမည်ဖြစ်ပြီး တတိယအလွှာတွင်
ရုံးခန်းများ ဖွင့်လှစ်မည် ဖြစ်သည်။ အဆိုပါ ဈေးဝယ်စင်တာတွင် ဆိုင်ခန်းပေါင်း ၁၅၀ ကျော် တည်
ဆောက်ထားပြီး ဖွင့်လှစ်ရောင်းချမည့်ဆိုင်များမှာ City Mart ၏ ကုန်မျိုး စုံ ရောင်းချမည့်ဆိုင်များ၊
စားသောက်ဆိုင် များ၊ ဖက်ရှင်ဆိုင်များ၊ ပိုးထည်ဆိုင်များ၊ အလှကုန်ဆိုင်များ၊ လက်ဝတ်ရတနာဆိုင်
များ အပြင် အလှပြင်စင်တာ၊ ကျန်းမာရေးစင်တာနှင့် အားကစား လေ့ကျင့်ရေးစင်တာများပါရှိမည်
ဖြစ်သည်။၏

ထို့ပြင် ငွေလဲကောင်တာနှင့် ATM စက်များလည်းတပ်ဆင်ထားပြီး ဖြစ်သည်။ AKK ဈေးဝယ်စင်
တာကြီးအား ယခုလတွင် စတင်ဖွင့်လှစ်ရောင်းချခြင်း ဖြစ်သော်လည်း ဖေဖော်ဝါရီလနောက်ဆုံး
ပတ်တွင် တရားဝင်အခမ်းအနားဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ ညွှန်ကြားရေးမှူးဖြစ်
သူ ဦးမင်းသွင်ထူးက ပြောသည်။

"ကျွန်တော်တို့ AKK ဈေးဝယ်စင်တာကြီးကို ဇန်နဝါရီလ ၂၁ ရက်နေ့ကစပြီး ဖွင့်လှစ်ရောင်းချ
သွားမှာပါ။ ဖွင့်ပွဲအခမ်းအနားကိုတော့ ဖေဖော်ဝါရီလ နောက်ဆုံးပတ်လောက်မှာ ပြုလုပ်နိုင်အောင်
ကြိုးစားသွားမှာပါ။ တည်ဆောက်မှုပိုင်း မှာလည်း အကောင်းဆုံးဖြစ်အောင် အတတ်နိုင် ဆုံး ကြိုး
စားထားခဲ့ပါတယ်။ လျှပ်စစ်ပိုင်းနဲ့ လုပ်ကိုင်ကြမယ့် လုပ်ငန်းရှင်တွေ အလင်းရောင် ရရှိမှုကောင်း
အောင်လုပ်ထားပါတယ်။ မီးဘေး အန္တရာယ်ကအစ အဆင့်မြင့်ပစ္စည်းတွေနဲ့ပဲ တည်ဆောက်ထား
ပါတယ်" ဟု ၎င်းက ပြောသည်။

ယင်းဈေးဝယ်စင်တာအဆောက်အအုံ ဒီဇိုင်းအား Aung Kaung Kyaw Group of Company မှ
မြန်မာဗိသုကာ ပညာရှင်များက ရေးဆွဲခဲ့ပြီး အတွင်းဒီဇိုင်းအား ထိုင်ဝမ်နိုင်ငံမှ ပညာရှင်များက ရေး
ဆွဲခဲ့ခြင်း ဖြစ်သည်။ အဆောက်အအုံပုံစံမှာ ပိရမစ်ပုံစံဖြစ်ကာ ထိပ်ပိုင်းတွင် မှန်များကို အသုံးပြုထား
သည့်အတွက် ပြင်ပအလင်းရောင်ကိုလည်း ကောင်းစွာရရှိ နိုင်မည်ဖြစ်သည့်အပြင် မီးအသုံးပြုမှုမှာ
လည်း LED မီးများကို အသုံးပြုတပ်ဆင်ထားသည့်အတွက် ဆိုင်ခန်းပိုင်ရှင်များ အသုံးစရိတ်သက်
သာမည်ဖြစ်ကြောင်း ဒေါ်ဆုထက်သိမ့်ကျော်က ပြောသည်။

ဈေးဝယ်စင်တာတွင်ပါရှိသည့် သင်္ယန်းကျွန်း ဈေးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်
မတီက ဦးစီးမည်ဖြစ်ပြီး သင်္ယန်းကျွန်းဈေးတွင် ဆိုင်ခန်းပေါင်း ရ၀၀ ကျော်ပါ၀င်မည် ဖြစ်သည်။

Aung Kaung Kyaw Group of Company ကို ၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး တည်
ဆောက်ရေးလုပ်ငန်းများ၊ ဟိုတယ် လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိရာ မြန်မာနိုင်ငံအတွင်းတွင်
အလုပ်အကိုင်ပေါင်း ၁,၀၀၀ ခန့်ဖန်တီးပေးနိုင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်