ယခင်က လုံးချင်းအိမ်များဖြင့်သာ အနေများ သော တောင်ဥက္ကလာပမြို့နယ်သည် ယခု နောက်
ပိုင်းကာလ၌ နေရာအများစုတွင် ကန် ထရိုက်တိုက်များ ဆောက်ကာ နေထိုင်လာကြပြီး အခြေချ
နေထိုင်လိုသူများအတွက်သာမက အနာဂတ်ကာလအတွက်ပါ အာမခံချက်ကောင်းသည့် ရင်းနှီး
မြှုပ်နှံမှု ဈေးကွက်အသွင် ပြောင်းလာခဲ့ခြင်းကြောင့် ကန်ထရိုက် လုပ်ငန်းရှင်များသာမက နေထိုင်
သူများ၏ အလေးထားရာ နေရာတစ်ခုဖြစ်လာကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များက ပြောသည်။
ရန်ကုန်မြို့၏ နေ့စဉ်နှင့်အမျှ တိုးတက်လာ သော လူဦးရေနှင့်အညီ မြေနေရာလိုအပ်ချက်သည်
လည်း တစ်နေ့ထက်တစ်နေ့ ပိုမိုလိုအပ်လာလျက်ရှိသောကြောင့် လုံးချင်းအိမ်များနေရာတွင်
အထပ်မြင့်တိုက်များဆောက်လာကြခြင်းဖြစ်ကြောင်းလည်း လုပ်ငန်းရှင်များက ပြောသည်။
တောင်ဥက္ကလာပမြို့နယ်အတွင်း အဆိုပါကန်ထရိုက်တိုက်များ ဆောက်လုပ်လာကြသည့်အတွက်
အိမ်ခြံမြေဈေးမှာ ယခင်ကထက် ပိုတက်သွားပြီး လူနေမှုတိုးတက်ကာ ပိုမိုစည်ကားလာခဲ့ကြောင်း
ထိုမြို့နယ်အတွင်း နေထိုင် သူများက ပြောသည်။ တောင်ဥက္ကလာမြို့နယ်သည် ဒဂုံမြို့သစ်လေး
မြို့နယ်၊ သာကေတမြို့နယ်၊ သင်္ဃန်းကျွန်း မြို့နယ်များနှင့် နှိုင်းယှဉ်လျှင် အိမ်ခြံမြေဈေး ပိုမို ကောင်း
ပြီး လူကြိုက်ပိုများသည့်အတွက် ကန်ထရိုက်တိုက် ဆောက်လုပ်သူများသည် အခြားမြို့နယ်များ
ထက် တောင်ဥက္ကလာပ မြို့နယ်ကို ပိုမိုစိတ်ဝင်စားကြခြင်းဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ်
အတွင်းရှိ အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
"တောင်ဥက္ကလာပမြို့နယ်မှာ အနည်းဆုံး ပေ ၂၀x၆၀ ရှိမှ ကန်ထရိုက်ဆောက် လို့ရတယ်။ ပေ
၄၀x၆၀ မြေကွက်တွေဆိုရင် ၁၂ ဒသမ ၅ ပေနဲ့ သုံးခန်းတွဲ ဆောက်တယ်။ နှစ် ၆၀ ဂရမ်လို ပိုင်ဆိုင်
မှု အထောက်အထားပြနိုင်တဲ့ မြေကွက် တွေမှာ ကန်ထရိုက်တိုက်တွေ အများဆုံး ဆောက်တယ်။
တောင်ဥက္ကလာပမှာ ကွန်ဒိုတိုက် ဆောက်တာကတော့ အရမ်းရှားတယ်။ မဆောက်သလောက်ပဲ။
ပေ ၂၀x၆၀ တိုက်ခန်း တွေပဲ ဆောက်ကြတယ်"ဟု ့ြ ဆောက်လုပ်ရေး အုပ်ချုပ်မှုဒါရိုက်တာ
ဦးရဲနိုင်က ပြောသည်။
မြို့နယ်အတွင်း ဆောက်လုပ်သည့်ကန် ထရိုက်တိုက်များမှာ အများဆုံး ငါးထပ်အထိ သာ ဆောက်
လုပ်ခွင့်ရှိပြီး လမ်း၊ တိုက်ခန်း အကျယ်အဝန်းနှင့် အထပ်မြင့် ကွာခြားမှု အပေါ် မူတည်ကာ တိုက်
ခန်းဈေးများ ကွာခြား သွားကြောင်း ကန်ထရိုက်တိုက် ဆောက်လုပ်သူများက ပြောသည်။
"တောင်ဥက္ကလာမှာ မြေညီထပ်နဲ့ ပထမ ထပ်က သိန်းရာနဲ့ချီပြီး ဈေးကွာတယ်။ ဒါပေမဲ့ ပထမထပ်နဲ့
နောက်ထပ်မြင့်တဲ့ အထပ်တွေနဲ့ ကတော့ ဈေးက သိန်း ဆယ်ဂဏန်းလောက်ပဲ ကွာတော့တယ်။
တိုက်ခန်းဆောက်တဲ့ အရည် အသွေးအပြင် အိမ်အတွင်းပိုင်း အပြင်အဆင် ပေါ်မူတည်ပြီးတော့
လည်း တိုက်ခန်းဈေး တွေက ကွာသွားတာတွေ ရှိတယ်။ အလျား ၁၂ ပေခွဲ တိုက်ခန်းတွေနဲ့ ပေ
၂၀ ရှိတဲ့ တိုက်ခန်းတွေက ဈေးသုံးပုံတစ်ပုံလောက် ကွာတယ်။ ပေ၂၀ ခန်းတွေကို လူကြိုက်ပိုများ
တယ်"ဟု အဆိုပါမြို့နယ်အတွင်း ကန်ထရိုက်တိုက် ၁၀ လုံးထက်မနည်း ဆောက်လုပ်ခဲ့သူ ဦးရဲနိုင်
က ပြောသည်။
တောင်ဥက္ကလာပမြို့နယ်တွင် ငါးထပ်မြင့်ကန်ထရိုက်တိုက်များ ဆောက်လုပ်ဖြစ်ပါက ပေ ၂၀x၆၀
မြေကွက်တွင် မြေပိုင်ရှင်က ဒုတိယ ထပ်နှင့် တတိယထပ်များတွင်တိုက်နှစ်ခန်းရရှိ ပြီး ရပ်ကွက်
အနေထားနှင့် လမ်းပေါ်မူတည်ကာ ဆောက်လုပ်သူက ပိုင်ရှင်ဖြစ်သူကို အလိုက်ငွေအဖြစ်
ကျပ်သိန်း ဆယ်ဂဏန်းမှ သိန်းရာကျော်အထိ ပေးချေရပြီး အိမ်ပြောင်းရွှေ့စရိတ်ကိုလည်း
ထပ်ဆောင်းပေးချေရကာ ကျန်အခန်း များကိုမူ ကန်ထရိုက်ယူကာ ဆောက်လုပ်သူက ရရှိကြောင်း
ကန်ထရိုက် ဆောက်လုပ်သူများက ပြောသည်။ သို့သော် ပေ ၄၀x၆၀ မြေကွက်ပေါ်တွင် တိုက်ခန်း
များဆောက်လုပ်ပါက မြေပိုင်ရှင်နှင့် ကန်ထရိုက်ဆောက်သူများ တိုက်ခန်း အရေအတွက် အညီ
အမျှခွဲဝေ ယူရသည်။
တိုက်ခန်းများ မဆောက်လုပ်မီ ကြိုတင်ဝယ်ယူကာ တိုက်ခန်းဆောက်ပြီးချိန်တွင် အိမ်တွင်းအလှ
ဆင်ခြင်းများပြုလုပ်၍ ပြန်ရောင်းသူများ၊ တိုက်ခန်းဈေး ကစားသူများနှင့် တစ်ဆင့်ဝယ်ရောင်း ပြု
လုပ်သူများကြောင့် တိုက်ခန်းဈေးများ သိသာစွာမြင့်တက်ရခြင်းဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်
များက သုံးသပ်သည်။
"တိုက်ခန်းစဆောက်မယ့် ဖောင်ဒေးရှင်းတူးချိန်မှာ ရောင်းတဲ့တိုက်ခန်းဈေးနဲ့ တိုက်ဆောက် ပြီး
ရုပ်လုံးပေါ်လာချိန်မှာ ရောင်းတဲ့တိုက်ခန်း ဈေးက သိန်းရှစ်ဆယ်လောက် ကွာတယ်။ တချို့ကန်
ထရိုက်တွေက ရုပ်လုံးပေါ်မှရောင်းတာလည်း ရှိတယ်။ တချို့ကျတော့ ကိုယ်တိုင်အိမ်အလှဆင်ပြီး
ပြန်ရောင်းတာမျိုးလည်း လုပ်ကြတယ်။ ကန်ထရိုက် တော်တော်များများက ကြိုက်ဈေးရရင်တော့
ကြိုရောင်းလိုက်တာ များတယ်" ဟု တောင်ဥက္ကလာပမြို့နယ်မှ အိမ်ခြံ မြေ အကျိုးဆောင်တစ်ဦး
ဖြစ်သူ မလတ်က ပြောသည်။
လက်ရှိ ဆောက်လုပ်ပြီးနှင့် ဆောက်လုပ်ဆဲတိုက်ခန်းများတွင် လူနေဖို့ဝယ်ယူသည်ထက်
၀ယ်ရောင်းလုပ်ရန် ၀ယ်ယူသူက ပိုများနေသောကြောင့် တိုက်ခန်းဈေးများ ပိုမိုမြင့်တက်လာနိုင်
ကြောင်း ဦးရဲနိုင်က မြန်မာတိုင်း(မ်) ကို ပြောသည်။
တောင်ဥက္ကလာပမြို့နယ်မှ ဒေသခံတစ်ဦး ဖြစ်သူ ဒေါ်တင်တင်ဝင်းက "တောင်ဥက္ကလာ မှာ လွန်ခဲ့
တဲ့တစ်နှစ်ခွဲလောက်ကစပြီး အိမ်ခြံမြေဈေးတွေ သိသိသာသာ တက်သွားတယ်။ သိန်းရာဂဏန်းပဲ
ရှိတဲ့ အိမ်တွေက သိန်းထောင်ချီ အထိ ဈေးတွေသိသိသာသာတက်ပြီး ကန်ထရိုက် တိုက်တွေ
စဆောက်လာကြတယ်။ အဲဒီနောက် ပိုင်း မြေဈေးတွေက ထပ်မတက်တော့ဘဲ ငြိမ်နေ ပေမယ့်
ကန်ထရိုက်တိုက်တွေ ပိုဆောက်လာ ကြပြီး တိုက်ခန်းဈေးတွေလည်း ပိုတက်လာ တယ်"ဟု
ပြောသည်။
တောင်ဥက္ကလာတစ်ဝိုက်ရှိ တိုက်ခန်းများ ဆောက်လုပ်ရာတွင် ယခင်က သုံးထပ်ခွဲအထိသာ
ဆောက်လုပ်ခွင့်ပေးသော်လည်း ယခုချိန်တွင် လမ်းမအကျယ်ပေါ် လိုက်ကာ ခြောက်ထပ်အထိ
ဆောက်လုပ်ခွင့်ပေးထားသောကြောင့် ပိုမိုအဆင်ပြေလာကြောင်း ဆောက်လုပ်ရေးလုပ်ငန်း
လုပ်သူများက ပြောသည်။
"မြေက ဘေးကိုချဲ့လို့မရလို့ အထပ်မြင့် ဆောက်ပြီး အပေါ်ကိုချဲ့တဲ့သဘောဖြစ်လို့ ကန်ထရိုက်
တိုက်တွေ ဆောက်လာကြတာ ကောင်းတယ်။ ကန်ထရိုက်တိုက်တွေက ဆောက်သင့်ပါတယ်။
မြောက်ဒဂုံမှာ အဝေးကြီးသွားနေမယ့်အစား ဈေးတူရင် တောင်ဥက္ကလာလိုနေရာမျိုးမှာ နေချင်
သူတွေ များတယ်"ဟု စိုင်းခွန်နောင် အိမ်ခြံမြေ အကျိုး ဆောင်မှ အထွေထွေမန်နေဂျာ ဦးရန်
အောင်က ပြောသည်။
တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၁၂ ခုနှစ် ကုန်ပိုင်းလောက်ကစတင်ခါ ကန်ထရိုက်တိုက် များ စတင်ဆောက်လုပ်လာကြခြင်းဖြစ်ပြီး မြေဈေးကြီးမြင့်လာခြင်းကြောင့် မြေပိုင်မဝယ်နိုင်သူများသည်
တိုက်ခန်းအပေါ်ထပ်များကို ၀ယ်ယူလာကြကြောင်း အိမ်ခြံမြေအကျိုးဆောင် များက ပြောသည်။
"လုံးချင်းအိမ်မှာ ငှားနေရတာထက် တိုက်ခန်း မှာ ငှားနေရတာ ဈေးသက်သာတယ်။ မြေညီထပ် မှာ ငှားနေတဲ့သူတွေက ဈေးသိသိသာသာကွာသွားတာမျိုးသိပ်မရှိရင်တောင် အပေါ်ထပ်မှာ ငှားနေရင်
ဈေးသုံးပုံတစ်ပုံ နီးပါးလောက် သက်သာတယ်။ တောင်ဥက္ကလာပတိုက်ခန်းတွေက ပေ ၂၀x၆၀ မြေ
ပေါ်မှာဆောက်တာဆိုတော့ မြို့ထဲကတိုက်ခန်းတွေလို မကျဉ်းဘူး။ နေရတာ အဆင်ပြေတယ်"ဟု
တောင်ဥက္ကလာပ တွင် အိမ်ငှားနေထိုင်သူ ဦးခင်အေးက ပြောသည်။
၁၉၆၀ ပြည့်နှစ်ဝန်းကျင်တွင် တောင်ဥက္ကလာပ မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်နှင့် သာကေတ
မြို့နယ်များကို စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ထိုမြို့နယ်သုံးခုတွင် တောင်ဥက္ကလာပမြို့နယ် သည်
ရန်ကုန်မြို့တွင်းပိုင်းနှင့်နီးသောကြောင့် အစည်ကားဆုံးဖြစ်သည်။
"၁၉၈၈ နောက်ပိုင်းမှာ မြို့သစ်တည်ခဲ့တဲ့ တောင်ဒဂုံ၊ မြောက်ဒဂုံနဲ့ ရွှေပြည်သာတို့နဲ့ ယှဉ်ရင်တော့
တောင်ဥက္ကလာက မြေဈေးသာ မြင့် နေပြီး ဖွံ့ဖြိုးမှုပိုင်းမှာတော့ အားနည်းနေသည် ဟု ဆိုနိုင်ကြောင်း"
ကို ဦးရန်အောင်က ပြောသည်။
တောင်ဥက္ကလာပမြို့နယ်တွင် ၃ ရပ်ကွက်၊ ၈ ရပ်ကွက်၊ ၆ ရပ်ကွက်များနှင့် ၉ ရပ်ကွက်နှင့်
ဝေဇယန္တာလမ်းများသည် အိမ်ခြံမြေဈေးမြင့် သော နေရာများဖြစ်ပြီး ရ ရပ်ကွက်၊ ၁၀ ရပ်ကွက်၊
၁၁ ရပ်ကွက်၊ ၁၂ ရပ်ကွက်များတွင် ကန်ထရိုက် တိုက်များ ပိုမိုဆောက်လုပ်လာကြကြောင်း မြို့
နယ်တွင်းရှိ အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
















