မြို့တော်ရဲ့ ထူးခြားတဲ့ သင်္ကေတ လက္ခဏာတွေ ထိန်းသိမ်းဖို့ တွန်းအားတွေရှိလာပြီးတဲ့နောက်
ရန်ကုန်မြို့ရဲ့ ဗိသုကာ အမွေအနှစ်လက်ရာတွေ ထိန်းသိမ်းရေးရေစီးကြောင်း ပြောင်းလဲလာတာ
ကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ နှစ်နှစ်လောက်အတွင်း အခိုင်အမာရှိနေသေးတဲ့ ရာစုနှစ်သက်တမ်းရှိ အဆောက်အအုံတွေ
ဟာ အန္တရာယ်ရှိ အဆောက်အအုံတွေအဖြစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့
ဆိုင်းဘုတ် အနီတွေ အချိတ်ခံရပြီးနောက်မှာ အရှိန်အဟုန်နဲ့ ဖြိုချဖျက်ဆီးခဲ့ရတဲ့ ဖြစ်ရပ်တွေက
လည်း ဒုနဲ့ဒေးပါ။
ဒါပေမဲ့လည်း ၂၀၁၃ ခုနှစ် နှောင်းပိုင်းကာလတွေမှာ ရန်ကုန်မြို့ ရဲ့သမိုင်းဝင်လက်ရာတွေကို
ထိန်းသိမ်း ရေးလုပ်ငန်းတွေဟာ အခြေခိုင်စပြုလာခဲ့ပါတယ်။ ဒေသဆိုင်ရာနဲ့ စည်ပင်တာဝန်ရှိသူ
တွေက ဖြိုချဖျက်ဆီးမှုတွေ ကို ၀င်ရောက်တားဆီးမှုတွေလုပ်လာကြသလို ထိန်းသိမ်းရေးဇုန်နယ်
မြေကိုလည်း သတ်မှတ်လာခဲ့ပါတယ်။
၂၀၁၄ ခုနှစ်မှာ ဒီသမိုင်းဝင်အမွေအနှစ် ထိန်းသိမ်းတဲ့ လုပ်ငန်းတွေ ပိုမို အရှိန်ရလာမယ်လို့ ရန်ကုန်
မြို့ပြအမွေ အနှစ်ထိန်းသိမ်းရေးအဖွဲ့ (Yangon Heritage Trust -YHT) ကို တည်ထောင် သူ
ဦးသန့်မြင့်ဦးက ပြောပါတယ်။
"ကျွန်တော့်အနေနဲ့ အဆိုးလည်း မြင်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဆုံး ဖြတ်ချက်တွေအားလုံး
ဟာ တန်းလန်းတွေပဲ ဖြစ်နေပြီးတော့ ဘာမဆို ဖြစ်သွား နိုင်လို့ပါ" လို့ ၎င်းက မြန်မာတိုင်း(မ်)ကို
ပြောပါတယ်။
"ဒါပေမဲ့ အစိုးရနဲ့ ရန်ကုန်မြို့တော် စည်ပင်က မြို့ပြထိန်းသိမ်းရေးလုပ်ငန်း အတွက် စစ်မှန်စွာနဲ့
ဆုံးဖြတ်ထားကြတယ်ဆိုတာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ မှာ အတော်ရှင်းရှင်းလင်းလင်း တွေ့
လာရပါတယ်။ မှန်ကန်တဲ့လမ်းကြောင်းကို သွားဖို့အတွက် ရဲရဲဝံ့ဝံ့လုပ်ကိုင်လာကြသလို ကျွန်တော်
တို့နဲ့ လည်း အနီးကပ်ပူးပေါင်း ဆောင်ရွက် လာကြပါတယ်။ ရှေးအမွေအနှစ်လက်ရာ အဆောက်
အအုံတွေဖြိုချမှာ ကို တားဆီးဖို့တင်မကဘဲ မြို့တော်ရဲ့သမိုင်းဝင်မြင်ကွင်းကို ထိန်းသိမ်းဖို့ အတွက်
လဲ သူတို့ အခိုင်အမာရပ်တည်လာကြပါတယ်" လို့ ဦးသန့်မြင့်ဦးက ပြောပါတယ်။ ရပ်တန့်ထားတဲ့
စီမံကိန်းတွေထဲမှာ ရန်ကုန်မြို့ ကုန်သည်လမ်း၊ အိန္ဒိယ သံရုံးဘေးမှာ တည်ဆောက်မမယ့် ၁၄ ထပ်
ရုံးအဆောက်အအုံ အပါအဝင် မြစ်ကမ်းနံဘေး ကမ်းနားလမ်းပေါ်က အထပ်မြင့် အဆောက်အအုံ
စီမံကိန်းတွေလည်း ပါ၀င်နေပါတယ်။
ကုန်သည်လမ်းနဲ့ ဗိုလ်အောင်ကျော်လမ်းထောင့်က ရာစုနှစ်သက်တမ်းရှိပြီဖြစ်တဲ့ ဂန္ဒီခန်းမကိုဖြိုချဖို့
ခန်းမ ဂေါပကအဖွဲ့က လျှောက်ထားမှုကိုလည်း ပယ်ချခဲ့ပါသေးတယ်။ ထိန်းသိမ်းရေးဇုန်နယ်မြေ
တစ်ခု အဆိုပြုဖို့အတွက် ဒီဇင်ဘာလ အစောပိုင်းက ရန်ကုန်မြို့တော်စည်ပင် က အများပြည်သူနဲ့
သက်ဆိုင်တဲ့ ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။
သိမ်ဖြူ၊ လမ်းမတော်၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းနဲ့ ရန်ကုန်မြစ် ၀န်းရံ ဘောင်ခတ်ထားတဲ့ ဇုန်နယ်
မြေအသစ် ထဲမှာ အဆောက်အအုံသစ် ဆောက် လုပ်ရေးလုပ်ငန်းတွေကို ကန့်သတ် သွားမှာ ဖြစ်
ပါတယ်။
တခြားနေရာမှာလည်း ဒီလို ကန့် သတ်ချက်ရဲ့ အကျိုးသက်ရောက်မှုကို တွေ့မြင်နေရပါပြီ။ ပြည်
လမ်းပေါ်က နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးဟောင်း နေရာမှာ ဒီဇင်ဘာလ ၂၅ ရက်နေ့က ဖွင့်လှစ်ခဲ့တဲ့
June XI ရုံးခန်းနဲ့ နေအိမ် ခန်းစီမံကိန်းမှာ အရင်က ၁၄ ထပ် အဆောက်အအုံ ဆောက်လုပ်ဖို့ စီစဉ်
ထားပေမယ့် အခုလို ဇုန်သတ်မှတ်ချက် ကြောင့် ခြောက်ထပ်ပဲတည်ဆောက် ခဲ့ရတယ်လို့ ဒီစီမံကိန်း
ကို ဆောင်ရွက် နေတဲ့ ့သကအ့ င်္သမခန ကုမ္ပဏီက တာဝန်ရှိသူတွေက ပြောပါတယ်။
စည်းမျဉ်းအသစ်ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေရှိလာနိုင်တဲ့ အထင်ကရ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ
အပါ အဝင် ပြည်သူလူထုရဲ့ ကန့်ကွက်မှုမရှိခြင်းကလည်း အမွေအနှစ်တွေ ထိန်း သိမ်းဖို့အတွက်
ခိုင်မာတဲ့နိုင်ငံရေး တွန်းအားတစ်ခု ရှိနေကြောင်းကို ဖော်ပြနေပါတယ်။ ဇုန်သတ်မှတ်ရေး အစည်း
အဝေးကို တက်ရောက်လာကြတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင် တွေက မေးခွန်းတွေမေးမြန်းခဲ့ကြ
ပေမယ့်လည်း ဘယ်သူကမှ မကန့် ကွက်ခဲ့ကြပါဘူး။ အဓိက ဝေဖန်မှုတွေကတော့ သူတို့ရဲ့
အိမ်ဟောင်းဖြိုချမှုတွေ တားဆီးခံရတဲ့သူတွေဆီကပဲ ဖြစ်ကြပါ တယ်။
ဒီလုပ်ရပ်ဟာ အခွင့်ထူးခံများရဲ့ လုပ်ရပ်သာဖြစ်ပြီး ပြည်သူအများစုရဲ့လိုအပ်ချက်ကို လျစ်လျူရှု
ထားတယ်ဆိုတဲ့ ဝေဖန်မှုတွေကို ချေပနိုင် ဖို့နဲ့ ပြည်သူအများစုရဲ့ ထောက်ခံမှုရရှိအောင်လည်း
YHTက ကြိုးစား နေပါတယ်။ ထိန်းသိမ်းရေး လုပ်ငန်းတွေ ဥပဒေ ဘောင်ထဲကဖြစ်စေဖို့အတွက်
ဥပဒေ တစ်ခုရေးဆွဲနေတဲ့ တာဝန်ရှိသူတွေ ကို လာမယ့်လတွေထဲမှာ ကူညီထောက် ပံ့သွားမှာ
ဖြစ်ပါတယ်။
ဆွေးနွေး တိုင်ပင်မှုတွေပြီးဆုံးချိန်မှာ ဥပဒေ အတည်ပြုနိုင်ဖို့အတွက် ရန်ကုန်တိုင်း ဒေသကြီး
လွှတ်တော်ကိုလည်း တင်ပြ သွားမှာ ဖြစ်ပါတယ်။ ဇုန်သတ်မှတ်မှု အပြီးသတ်ပြီး ဥပဒေ မှာလည်း
လွှတ်တော်ကိုယ်စားလှယ် တွေ လက်ဝယ် ရောက်ရှိသွားချိန် မှာ ကာကွယ်ထိန်းသိမ်းမှုကနေ
အဆောက်အအုံတွေကို ဘယ်ပုံ ဘယ်နည်းနဲ့ အသစ်တစ်ဖန် ပြန်လည်အသုံးချမယ်ဆိုတဲ့ဘက်ကို
ပိုမိုအာရုံ စိုက် လုပ်ကိုင်ကြရမှာ ဖြစ်ပါတယ်။
ဥရောပသမဂ္ဂက ရန်ပုံငွေအများစုထောက်ပ့ံမယ့် လေ့လာမှုတွေကို ဆောင်ရွက်ကြမှာလည်း ဖြစ်ပါ
တယ်။ ထိန်းသိမ်းရေးလုပ်ငန်းတွေက လူထုအတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်မယ်
ဆိုတာကို ဒီလေ့လာမှုတွေကနေ နည်းလမ်းရှာဖွေကြမှာပါ။ "ပြည်သူတွေရဲ့ ထောက်ခံမှုက
အရေးပါပါတယ်။
ဘယ်လို ထိန်းသိမ်း ရေးနည်းလမ်းက မြို့တော်ဟောင်းမှာ နေထိုင်သူ သာမန်ပြည်သူတွေအတွက်
အကျိုးသက်ရောက်မှုရှိစေမယ်ဆိုတာကို အရေးတကြီးနားလည်ဖို့ လိုအပ်နေပါပြီ" လို့ ဦးသန့်မြင့်ဦး
က ပြောပါတယ်။
"ကျွန်တော်တို့ ဘာပဲလုပ်လုပ် ပြည်သူတွေကို နည်းလမ်းတွေ ရှင်းပြပေးဖို့ လိုအပ်ပါတယ်။ ၂၀၁၄
ခုနှစ်ထဲမှာ ပြည်သူတွေဆီ ဆွေးနွေးမှုတွေနဲ့ ရောက်ရှိဖို့ ပိုမိုလုပ်နိုင်မယ်လို့ မျှော် လင့်ပါတယ်" ဟု
၎င်းက ပြောပါတယ်။
ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့ အနေနဲ့ကလည်း စီးပွားရေးလုပ်ငန်း အသိုင်းအဝိုင်းက
သူတွေကို အတိုက်အခံတွေဆိုတာထက် လက်တွဲဖော်အဖြစ်နဲ့ပဲ ပူးပေါင်းသွားဖို့ဆန္ဒရှိတယ်လို့
ဦးသန့်မြင့်ဦးက ပြောပါတယ်။
ဥပမာအနေနဲ့ ရန်ကုန်မြစ်ကမ်း နံဘေးနေရာမှာ အထပ်မြင့်အဆောက် အအုံ ဆောက်လုပ်ဖို့ မြန်မာ့
ဆိပ်ကမ်း အာဏာပိုင်နဲ့ သဘောတူညီချက် ရရှိ ထားပေမယ့်လည်း ဇုန်သတ်မှတ်ချက် ကြောင့်
လုပ်ငန်းရပ်တန့်ထားရတဲ့ Diamond Star ကုမ္ပဏီနဲ့ ဆွေးနွေးမှုတွေ ဆောင်ရွက်လျက် ရှိပါတယ်။
"ရန်ကုန် မြို့ပြထိန်းသိမ်းရေး အတွက် Diamond Star က အကြီး အကျယ်ထောက်ခံသူ ဖြစ်ပါ
တယ်။ မြစ်ကမ်းဘေးနေရာရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဆွေးနွေးမှု တွေ အများကြီး
လုပ်နေပါတယ်။ "ကျွန်တော်တို့လုပ်ဖို့ လိုအပ်နေသေးတာက တခြားစီးပွားရေးလုပ်ငန်း ရှင်တွေဆီ
ရောက်ဖို့နဲ့ ဘယ်လိုအလုပ် အတူတူလုပ်နိုင်မယ်ဆိုတဲ့ နည်းလမ်း ကို ရှာဖို့ပါပဲ။ အဓိကစိန်ခေါ်မှုက
တော့ ပြုပြင်ထိန်းသိမ်းခြင်းထက် တိုက်အဟောင်းတွေကို ဖြိုဖျက်ပြီး အသစ် ဆောက်တာကို တွန်း
အားပေးထားတဲ့ လက်ရှိ ဥပဒေစည်းမျဉ်းတွေဖြစ်ပါတယ်။ စိန်ခေါ်မှုတွေကတော့ အကြီးကြီးရှိနေမှာ
ပါပဲ။
ဒါပေမဲ့ တိုးတက်မှုက သိသိသာသာပါပဲ။ အဆိုး ဆုံးအနေအထားဖြစ်တဲ့ ကျွန်တော်တို့ အဆောက်
အုံတွေ အားလုံးဆုံးရှုံးသွား နိုင်တာမျိုးကိုလည်း ကာကွယ်နိုင်ခဲ့ပါ ပြီ။ လာမယ့်လတွေထဲမှာ ရလာ
နိုင်တဲ့အောင်မြင်မှုတွေက ဒေသတွင်း တခြား မြို့တော်တွေအတွက် နမူနာတောင် ဖြစ်လာနိုင်ပါ
တယ်။ရန်ကုန်မြို့ရဲ့အနာဂတ် ပိုမိုတောက်ပလာရေး သေချာစေဖို့အတွက် ဒါက သေချာပေါက်
အထောက်အကူဖြစ်စေမှာပါ" လို့ ဦးသန့်မြင့်ဦးက ပြောပါတယ်။
















