ဖျော်ဖြေရိုက်ကူးရေးအတွက် Myanmar Event Park တည်ဆောက်

ဖျော်ဖြေရိုက်ကူးရေးအတွက် Myanmar Event Park တည်ဆောက်

ရုပ်မြင်သံကြားရိုက်ကူးရေး အစီအစဉ်များနှင့် ဖျော်ဖြေရေးပွဲများ၊ ပြပွဲများ ပြုလုပ်ကျင်းပ ရာတွင်
နေရာအခက်အခဲ မဖြစ်ပေါ်စေရန် အတွက် ယခင်လွှတ်တော် အဆောက်အအုံ ဖြစ်သည့် ရန်ကုန်
တိုင်းဒေသကြီး အစိုးရအဖွဲ့ လွှတ်တော်အစည်းအဝေးများပုံမှန်ကျင်းပ လျက်ရှိသည့်ရုံးနံဘေးရှိ
လေးဧကအကျယ် အဝန်းရှိ မြေနေရာတွင် Myanmar Event Park ရိုက်ကူးရေးနေရာကို ပြီးခဲ့
သည့်နှစ်ဇွန်လ မှ ဆောက်လုပ်ခဲ့ရာ ယခုအခါတွင် စတင် အသုံးပြုလျက်ရှိကြောင်း Forever
Group ကုမ္ပဏီမှတာဝန်ရှိသူများက ပြောသည်။

"ကျွန်တော်တို့က ရုပ်မြင်သံကြားထုတ်လွှင့် တာဆိုတော့ ရိုက်ကူးရေးတွေ ဖျော်ဖြေရေးပွဲ တွေ
အများကြီးလုပ်ရတယ်။ အခုနောက်ပိုင်းမှာ ရုပ်သံလိုင်းတွေက အများကြီးပိုရိုက်လာရ တော့
ရိုက်ကူးရေးအတွက် နေရာအခက်အခဲ တွေ အများကြီးရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ ကုမ္ပဏီ
က ဒီ Event Park ကိုဆောက်လုပ်ပြီး ရိုက်ကူးရေးတွေအတွက် နေရာလိုအပ်မှုတွေ အဆင်ပြေ
အောင် နောက်ပြီး ရိုက်ကူးရေးပါ၀င် တဲ့ တခြား ဖျော်ဖြေပွဲ၊ ဟောပြောပွဲနဲ့ ပြပွဲတွေ ပြုလုပ်လို့ရ
အောင် တည် ဆောက်ခဲ့တာပါ" ဟု ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးမြတ်သူက
မြန်မာတိုင်း(မ်) ကို ပြောသည်။

Forever Group ကုမ္ပဏီသည် ရန်ကုန် တိုင်းဒေသကြီးအစိုးရမြေနေရာအား နှစ်ရှည် ငှားရမ်းခဲ့ပြီး
အဆိုပါမြေနေရာတွင် တစ်ဧက ကျော် နေရာကိုအသုံးပြုကာ ပြပွဲများ၊ စတူဒီယိုတွင်း ရိုက်ကူးရေးများနှင့် ဖျော်ဖြေရေးပွဲများ ပြုလုပ်နိုင်ရန်အတွက် ပြည်ပနည်းပညာ အသုံး ပြုကာ
ကုမ္ပဏီမှတာဝန်ယူဆောက်လုပ်ထား သည့် Steel Structure ကိုအသုံးပြုထားသည့်
မိုးလုံလေလုံ ရွက်ဖျင်ခန်းမကြီးအား တည် ဆောက်ထားပြီး ဖြစ်သည်။

"ကျွန်တော်တို့ ဒီခန်းမကြီးထဲမှာ ှုညိသသမ ရိုက်ကူးရေးတွေ ဖျော်ဖြေပွဲတွေနဲ့ တိုက်ရိုက် ထုတ်
လွှင့်မှုတွေ ပြသဖို့အတွက် အသုံးပြုသွား မှာပါ။ နောက်ပြီး ဒီခန်းမကြီးထဲမှာ ပြပွဲတွေကို ရိုက်ကူး
ရေးနဲ့အတူပူးပေါင်းပြီးလုပ်မယ့်ပွဲတွေ ကိုလည်း လက်ခံပြီး ကျင်းပသွားဖို့ အစီအစဉ်တွေလည်း
ရှိပါသေးတယ်" ဟု ၎င်းက ပြောသည်။

ထို့ပြင် မြေလေးဧကအတွင်း ကျန်ရှိသည့် နေရာများတွင် ဧကဝက်ခန့်ကျော်နေရာအား ပွဲသို့လာ
ရောက်သည့် ပြည်သူများ အနားယူ အပန်းဖြေနိုင်ရန်အတွက် ပန်းခြံများအား မူလ ပုံစံမပျက် စီစဉ်
ထိန်းသိမ်းထားပြီး စတုရန်းမီတာ ၂,၀၀၀ ကျော်ခန့်ကိုမှု ပြင်ပရိုက်ကူးရေး လုပ်ငန်းများ၊ ပြင်ပဖျော်
ဖြေပွဲနှင့် ပြပွဲများ အတွက် အသုံးပြုနိုင်ရန် စီစဉ်သွားမည်ဖြစ်ကာ လုပ်ငန်းရှင်များရင်ဆိုင်နေရသည့်
နေရာ အခက်အခဲကိုလည်း ဖြေရှင်းနိုင်ရန် ရည်ရွယ် ကြောင်း ၎င်းက ပြောသည်။

"ကျွန်တော်တို့က ဒီ ပြညောမေ နလနညအ ဏမေု မှာ ပျော်ပွဲရွှင်ပွဲတွေ ဖျော်ဖြေပွဲတွေ ရိုက်ကူး
ရေး တွေ တစ်နှစ်ပတ်လုံး လုပ်လို့ရအောင် ပြုလုပ်ထားတာပါ။ နောက်ပြီး ဒီမြေနေရာမှာရှိနေတဲ့
အစိမ်းရောင်နေရာတွေကိုလည်း နဂိုပုံစံမပျက် ထိန်းသိမ်းထားပါတယ်။ ပွဲကိုလာတဲ့သူတွေ အပန်း
ဖြေ အနားယူလို့ရအောင်လည်း ပန်းခြံ တွေ စီစဉ်ထားပေးပါတယ်။ ခန်းမ အဆောက်အအုံ နေရာ
တစ်ခုကိုပဲ ရှင်းလင်းပြီး ကွန်ကရစ် ခင်းထားပါတယ်" ဟု ကုမ္ပဏီဒါရိုက်တာ ဦးမြင့်ဇော်က
ပြောသည်။

အဆိုပါ Myanmar Event Park နေရာတွင် ပြပွဲများအတွက် ဆိုင်ခန်းပေါင်း ၃၀၀ ခန့်နှင့်
လာရောက်ကြည့်ရှုသူ ပရိသတ်ပေါင်း ၃၀,၀၀၀ ခန့်ဆံ့ဝင်မည်ဖြစ်ပြီး ဖျော်ဖြေရေးပွဲများအတွက်
ထိုင်ခုံပေါင်း ၁၅,၀၀၀ ခန့်ဝင်ဆံ့နိုင်မည် ဖြစ်သည်။ ယင်းနေရာအား အဓိကအားဖြင့် MRTV-4၊
Channel 7 နှင့် ဆက်စပ်ရုပ်သံလိုင်းများ၏ ပြပွဲ များ ဖျော်ဖြေရေးပွဲများ ရိုက်ကူးရေးများ
တိုက်ရိုက် ထုတ်လွှင့်မှုများအား ပြုလုပ်သွားရန် စီစဉ်ထား သော်လည်း ၎င်းတို့နှင့်ပူးပေါင်းကာ
ရိုက်ကူးရေး ပါ၀င်သည့် အခြားပွဲများအတွက်လည်း လက်ခံရန်စီစဉ်ထားကြောင်း ဦးမျိုးမြတ်သူ
က ပြောသည်။

Myanmar Event Park တည်ဆောက်ရန် အတွက် ၂၀၁၂ ခုနှစ်မှ စတင်စီစဉ်ခဲ့ပြီး ခန်းမ
အဆောက်အအုံအား ၂၀၁၃ ခုနှစ်၊ ဇွန်လခန့်တွင် စတင်တည်ဆောက်ခဲ့ပြီး ဒီဇင်ဘာလဆန်းတွင်
ပြီးစီးခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ဇန်နဝါရီလ ၂၅ နှင့် ၂၆ ရက်နေ့ များက အဆိုပါနေရာတွင် စာဖတ်သူများရုပ်သံ နှင့်
စာပေထုတ်ဝေသူများနှင့် စာအုပ်ရောင်းချ သူများအသင်းတို့ ပူးပေါင်းကာ စာအုပ်ပွဲတော် ကို
ပထမဦးဆုံးအကြိမ် ကျင်းပခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်