စီးပွားရေးလုပ်ငန်းများအတွက် ကုမ္ပဏီရုံးခန်းဖွင့်လှစ် လုပ်ကိုင်ရန် လူကြိုက်များသည့်နေရာ ဖြစ်လာသည့် မြို့လယ်က ဒဂုံမြို့နယ်

စီးပွားရေးလုပ်ငန်းများအတွက် ကုမ္ပဏီရုံးခန်းဖွင့်လှစ် လုပ်ကိုင်ရန် လူကြိုက်များသည့်နေရာ ဖြစ်လာသည့် မြို့လယ်က ဒဂုံမြို့နယ်

မြင့်တက်လာသည့် ပြည်တွင်းပြည်ပစီးပွားရေးရင်းနှီးမြှုပ်နှံမှုများကြောင့် ရန်ကုန်မြို့တွင်း စီးပွားရေး
လုပ်ငန်းများမှာ ၂၀၁၃ ခုနှစ်အတွင်း သိသာစွာများပြားလာခြင်းကြောင့် ရန်ကုန်မြို့ ၏ အချက်
အချာကျသည့်နေရာတွင်ရှိသည့် ဒဂုံမြို့နယ်သည် ပြည်တွင်းပြည်ပလုပ်ငန်းများ ကုမ္ပဏီနှင့်
ရုံးခန်းဖွင့်လှစ်အခြေချရာ မြို့နယ်တစ်ခု ဖြစ်လာကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်များက
ပြောသည်။

"ဒဂုံမြို့နယ်က အရင်ကတည်းက မြို့လယ်နဲ့ လည်းနီးတယ်။ အချက်အချာကျတဲ့နေရာမှာလည်း
ရှိပြီး စည်ကားတဲ့နေရာထဲမှာပါတယ်။ အခုနောက်ပိုင်းမှာ နိုင်ငံတကာက အဖွဲ့အစည်း တွေ စီးပွား
ရေးရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးဝင်လာ တော့ ဒဂုံမြို့နယ်ကို သူတို့ရဲ့ ကုမ္ပဏီတွေရုံးခန်း တွေ ဖွင့်ဖို့ ရွေး
လာကြတယ်။ ဟိုတယ်နဲ့ ဘဏ် တွေလည်းရှိ မြို့လယ်ကောင်နဲ့လည်းနီးပြီး သွားရေးလာရေးက
လည်း အဆင်ပြေတော့ ဒဂုံမြို့နယ်ကို ရွေးလာကြတယ်" ဟု မြပန်းသခင် အိမ်ခြံမြေအကျိုးဆောင်
လုပ်ငန်းမှ ကိုမင်းမင်းစိုး က ပြောသည်။

ထိုသို့တိုးမြင့်လာသည့် စီးပွားရေးလုပ်ငန်းများကြောင့် ဒဂုံမြို့နယ်အတွင်း ကွန်ဒိုတိုက်ခန်းတည်
ဆောက်မှုများမှာလည်း များပြားလာပြီး အရောင်းနှင့် အငှားဈေးနှုန်းများလည်း မြင့်တက်လာကာ
ကုမ္ပဏီနှင့်ရုံးခန်းများသီးသန့်ဖွင့်လှစ်နိုင်ရန်အတွက် စီးပွားရေးစင်တာများ ကိုလည်း တည်ဆောက်
လာခဲ့သည်။

"ဒဂုံမြို့နယ်က အချက်အချာကျတဲ့အတွက် အိမ်ခြံမြေနဲ့ ကွန်ဒိုတိုက်ခန်းဈေးနှုန်းတွေက
အစကတည်းက ဈေးမြောက်တယ်။ ဒါပေမဲ့ အခု နောက်ပိုင်းမှာ ပိုပြီးဈေးတွေမြင့်လာတယ်။
စီးပွားရေးလုပ်ငန်း တော်တော်များများ ကလည်းဒဂုံမြို့နယ်ထဲက ကွန်ဒိုနဲ့ တိုက်ခန်းတွေမှာ
ရုံးခန်းနဲ့ ကုမ္ပဏီတွေဖွင့်ဖို့အတွက် ပိုပြီး စိတ်ဝင်စားလာတော့ အငှားဈေးနှုန်းတွေက အရမ်းမြင့်
တယ်" ဟု ၎င်းကပြောသည်။

ဒဂုံမြို့နယ်၏ ကွန်ဒိုတိုက်ခန်း အငှားဈေးနှုန်း မှာ စတုရန်းပေ ၁,၅၅၀ ရှိသည့်တစ်ခန်းကို တစ်လ
လျှင် ကျပ်သိန်း ၂၀ ရှိပြီး ရန်ကုန်မြို့ ကွန်ဒိုတိုက်ခန်းငှားရမ်းမှု၏ ရ၀ ရာခိုင်နှုန်းခန့် မှာ ဒဂုံမြို့နယ်
တွင်အများဆုံးဖြစ်ကာ ငှားရမ်း သူအများစုမှာ နိုင်ငံခြားသားများဖြစ်ကြောင်း ဖီးနစ် အိမ်ခြံမြေ
အကျိုးဆောင် ပိုင်ရှင် ကိုထွန်းထွန်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

"အကျိုးဆောင်တစ်ယောက် အမြင်နဲ့ပြောရရင်တော့ ကွန်ဒိုငှားတဲ့နေရာမှာ ဒဂုံမြို့နယ်က အများ
ဆုံးပဲ။ ဒီထဲမှာ နိုင်ငံခြားသားတွေငှားတာက ပိုများတယ်။ နောက်ပြီး ကုမ္ပဏီနဲ့ ရုံးခန်းဖွင့်ဖို့အတွက်
လည်း ကွန်ဒိုနဲ့ တိုက်ခန်းငှားတာတွေ တော်တော်များလာတယ်။ မြို့ထဲနဲ့ နီးတဲ့နေရာဆို ယောမင်း
ကြီးလမ်းနဲ့ မြို့ထဲနဲ့နည်းနည်း ဝေးတဲ့နေရာဆို ပြည်လမ်းမပေါ်နဲ့ ဦးဝိစာရလမ်းတွေက ကွန်ဒိုတိုက်
ခန်းတွေ အငှားသွက်တယ်" ဟု ၎င်းက ပြောသည်။

ထို့ပြင် ဒဂုံမြို့နယ်အတွင်း ကုမ္ပဏီနှင့် ရုံးခန်း များ သီးသန့်တည်ရှိနိုင်မည့် စီးပွားရေးစင်တာများကို
လည်း တည်ဆောက်လျက်ရှိကြောင်း ၎င်းက ပြောသည်။ "ဒဂုံမြို့ထဲဘက်မှာဆိုရင် လပြည့်ဝန်း
ပလာဇာ က ဈေးဝယ်စင်တာမဖွင့်တော့ဘဲနဲ့ ရုံးခန်းတွေ သီးသန့်ဖွင့်တဲ့ စီးပွားရေးစင်တာမျိုးပြန်ဖွင့်ဖို့
ပြင်ဆင်နေကြတယ်။ နောက်ပြီး ဒဂုံမြို့နယ် ပြည်လမ်းမပေါ်မှာရှိတဲ့ အရင်နိုင်ငံခြားရေးဝန်ကြီးဌာန
အဆောက်အအုံကိုလည်း ပြန်ပြင် ပြီးတော့ ဲကညန ဌှု စီးပွားရေးစင်တာဆိုပြီး ဆောက်နေတယ်။
ဒါတွေအားလုံးက မကြာခင်ဒဂုံမြို့နယ်ထဲမှာ စီးပွားရေးစင်တာတွေဖြစ်လာမယ့် ဥပမာတွေပဲ။ နောက်
ထပ်လည်း ဒီလိုစီးပွားရေးစင်တာတွေ ဒဂုံမြို့နယ်ထဲမှာ တိုး လာဦးမှာပါ" ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ ပြောင်းလဲလာသည့် ပြည်တွင်း စီးပွားရေးလုပ်ငန်းများကြောင့် ဖြစ်ပေါ်လာသည့်အခြေ
အနေများအပေါ်မူတည်ကာ လုပ်ငန်း ပြောင်းလဲလာခြင်းဖြစ်ကြောင်း လပြည့်ဝန်း ကုမ္ပဏီမှ တာဝန်
ရှိသူတစ်ဦးဖြစ်သူ မခင်ထွေးလှိုင် က ပြောသည်။

"ကျွန်မတို့က ပလာဇာထဲမှာရှိတဲ့ဆိုင်ခန်းတွေကိုမဖွင့်တော့ဘူးဆိုပြီး ပြောင်းခိုင်းတာမျိုး မဟုတ်
ပါဘူး။ ဆိုင်ခန်းတွေကိုယ်တိုင်က ဈေးကွက်စီးပွားရေးအရ ဈေးဝယ်စင်တာတွေ အရမ်းများလာလို့
ဒီကနေပြောင်းသွားကြတာ လို့ပဲ မြင်ပါတယ်။ ပလာဇာမှာ ဆိုင်ခန်းတွေမရှိတော့ ဒီနေရာတွေမှာ
လိုအပ်ချက်များနေတဲ့ ရုံးခန်းတွေ၊ ကုမ္ပဏီတွေ လာဖွင့်နိုင်ဖို့အတွက် ပိုပြီးအဆင်ပြေသွားတာပေါ့"
ဟု ၎င်းက ပြောသည်။

ထို့ပြင် ဒဂုံမြို့နယ် ပြည်လမ်းမတွင် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သော June
XI စီးပွားရေးစင်တာမှာလည်း အဆောက်အအုံ ပြင်ဆင်မှုပိုင်းပြီးမှသာ စတင် ငှားရမ်းမည် ဖြစ်သည်။

အဆိုပါစင်တာအတွင်း ရှိ ရုံးခန်းငှားရမ်းခမှာ ပြည်လမ်းမအားမျက်နှာ မူထားသည့်အခန်းများမှာ
တစ်ပေပတ်လည်လျှင် ကျပ် ၂၀၀,၀၀၀ ၀န်းကျင်ခန့်ဖြစ်ပြီး အနောက် ဘက်ခြမ်းရှိအခန်းများမှာ
တစ်ပေပတ်လည် လျှင် ကျပ် ၈၀,၀၀၀ ၀န်းကျင် ဈေးပေါက် လျက်ရှိသည်။

ဒဂုံမြို့နယ်၏ ကွန်ဒိုတိုက်ခန်းငှားရမ်းမှု ဈေးနှုန်းမှာ ၂၀၁၂ ခုနှစ်ခန့်တွင် ပျှမ်းမျှ ကျပ်ဆယ်သိန်းဝန်း
ကျင်ခန့်သာရှိခဲ့ပြီး ၂၀၁၃ ခုနှစ် မှစတင်ခါ ဈေးနှုန်းများမြင့်တက်လာရာ ယခု အခါတွင် ပျမ်းမျှ ကျပ်
သိန်း ၂၀ ခန့်အထိ ဈေးမြင့် လာခြင်းဖြစ်သည်။ ဒဂုံမြို့နယ်တွင် ရုံးခန်းဈေးများသည် ပြီးခဲ့ သည့်နှစ်
ထက် ၄၀ ရာခိုင်နှုန်းခန့် ထပ်တိုး မြင့် တက်ခဲ့ပြီး အဆင့်မြင့်အဆောက်အအုံ ထပ်တိုး တည်ဆောက်
မှုများ မပြီးစီးသေးသည့်အချိန်ထိ ရုံးခန်းလိုအပ်ချက်များဆက်လက်ရှိနေနိုင်ပြီး ဈေးများလည်းမြင့်
တက်လာနိုင်သေးကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

"မြန်မာနိုင်ငံမှာ နိုင်ငံတကာအဆင့်မီ ရုံးခန်း မရှိသလောက်ရှားနေတယ်။ အရင်က ခရီးသည် တွေ
မလာလို့ ဟိုတယ်တွေမှာပဲ ရုံးခန်းဖွင့်တာ များတယ်။ အခု ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာပြီး နိုင်ငံခြား
သားခရီးသည်တွေ အလာများလာလို့ ဟိုတယ်တွေတောင် အခန်းမလောက်ဖြစ်လာ ပြီး ကုမ္ပဏီ
ရုံးခန်းတွေ မငှားနိုင်တော့လို့ စည်ကားတဲ့ ဒဂုံမြို့နယ်ကတိုက်ခန်းတွေမှာ ပြောင်းရွှေ့ဖွင့်လာကြ
တာ"ဟု စိုင်းခွန်နောင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးရန်အောင်က
ပြောသည်။

ယင်းကဲ့သို့ စီးပွားရေးပွင့်လင်းလာမှုနှင့် အတူ ခရီးသွားလုပ်ငန်းမှာလည်း ပိုမိုဖွံ့ဖြိုးလာသည့်အတွက်
ဟိုတယ်များတွင် ရုံးခန်းများ မဖွင့်လှစ်နိုင်တော့သည့်အတွက် ရုံးခန်း လိုအပ်ချက် မြင့်မားလာမှုသည်
လည်း ဒဂုံမြို့နယ်တွင်သာမက ရန်ကုန်မြို့တွင်းရုံးခန်းအငှားဈေးများ ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ်
ကြောင်း ၎င်းက ပြောသည်။

"အထပ်မြင့်အဆောက်အအုံတွေ မဆောက်ပြီးခင်အထိ ရုံးခန်းလိုအပ်ချက်တွေက ဆက်ရှိနေဦးမှာပဲ။
ဆင်ခြေဖုံးနေရာတွေမှာ အဆင့်မြင့် အဆောက်အအုံတွေပေါ်လာပြီး ၂၀၁၅ နောက်ပိုင်းလောက်မှာ
ရုံးခန်းနဲ့ တိုက်ခန်း ဈေး သက်သာသွားနိုင်တယ်။ ဆောက်လုပ်ဆဲ အဆင့် မြင့် အဆောက်အအုံတွေ
မပြီးခင်ထိ ဈေး ဆက် တက်နိုင်တယ်" ဟု ၎င်းက ဆက်ပြောသည်။ ထို့ပြင် ဒဂုံမြို့နယ်ရှိလမ်းများ
သည် နိုင်ငံတကာ အဆင့်မီလမ်းများဖြစ်သည့်အတွက် နိုင်ငံခြားသားများမှာ အခြားမြို့နယ်များ
ထက် ဒဂုံမြို့နယ်တွင် ရုံးခန်းဖွင့်ရန် ပိုစိတ်ဝင်စားကြကြောင်း ဦးရန်အောင်က ပြောသည်။

ဒဂုံမြို့နယ်သည် အချက်အချာကျသော နေရာတွင်တည်ရှိပြီး အဆောက်အအုံ အသစ် များ တည်
ဆောက်ရန် ကန့်သတ်မှုများ များပြား သည့်အတွက် ဒဂုံမြို့နယ်၏ ကွန်ဒိုတိုက်ခန်းနှင့် ရုံးခန်းဈေး
များ ထပ်မကျနိုင်သေးသော်လည်း မြို့ပြင်ဧရိယာများတွင် နိုင်ငံတကာအဆင့်မီအဆောက်အအုံ
များ ထပ်တိုးတည်ဆောက်ပြီး ပါက ဈေးများငြိမ်သွားနိုင်ကြောင်း ကျွမ်းကျင် သူများက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်