ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ဗိုလ်ဗထူးလမ်းမ ပေါ်ရှိ တန်ဖိုးမျှတအိမ်ရာ စီမံကိန်းအား မဲစနစ်
ဖြင့် ချထားပေးမည်ဖြစ်ပြီး အဆိုပါစီမံကိန်း ပြီးစီးပါက ဗိုလ်မင်းရောင် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းအတွက် လျှောက်လွှာများထပ်မံ ခေါ်ယူချထားပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော်
စည်ပင်သာယာရေးကော်မတီ အင်ဂျင် နီယာဌာန (အဆောက်အုံ) ဒုတိယဌာနမှူး ဦးနေဝင်းက
ပြောသည်။
"ဗိုလ်မင်းရောင်တိုက်ခန်းတွေက ဒဂုံမြို့သစ်(မြောက်ပိုင်း) ၄၂ ရပ်ကွက်ထဲက ဗိုလ်မင်းရောင်
လမ်းထဲမှာရှိပါတယ်။ ဆောက်လက်စပဲ ရှိပါသေးတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့က လုပ်
တာဖြစ်လို့ ဘယ်အချိန်စချပေးမလဲဆိုတာကိုတော့ အတိအကျမသိသေးပါဘူး။ ဒါပေမဲ့ ဗိုလ်ဗထူး
လမ်းက အိမ်ရာတွေ ပြီးရင်တော့ ဗိုလ်မင်းရောင် အိမ်ရာစီမံကိန်း ချထားပေးဖို့ ဖြစ်လာမှာပါ။ အခု
လောလောဆယ်တော့ ဒီစီမံကိန်းနှစ်ခုရှိနေတာပေါ့" ဟု ဦးနေဝင်းက ပြောသည်။
လက်ရှိတွင် ဗိုလ်ဗထူးလမ်းမပေါ်ရှိ တန်ဖိုး မျှတအိမ်ရာစီမံကိန်းတွင် ရောင်းချမည့် တိုက်ခန်း ဈေးနှုန်း
များမှာ ၉၀၀ အမျိုးအစား ပုံစံအေ၏စတုရန်းပေ ၉၂၇ ပေရှိ အခန်း ၉၀ အား တစ်ခန်း လျှင် ကျပ်
၃၄၇ သိန်း၊ ပုံစံဘီ၏စတုရန်းပေ ၈၈၇ ပေရှိ အခန်းခြောက်ခန်းအား တစ်ခန်းလျှင် ၃၂၉ သိန်း၊ ၆၀၀
အမျိုးအစား ပုံစံအေ စတုရန်း ပေ ၆၁၄ ပေရှိ အခန်း ၃၃၀ အား တစ်ခန်းလျှင် ၂၅၅ သိန်း၊ ပုံစံဘီ
စတုရန်းပေ ၅၆၅ ပေရှိ အခန်း ၂၂ ခန်းအား တစ်ခန်း ၂၃၇ သိန်းဖြင့် ရောင်းချ ပေးသွား မည်ဖြစ်
သည်။
စုစုပေါင်း တိုက်ခန်း ၄၄၈ ခန်း ရောင်းချမည့် ဗိုလ်ဗထူးလမ်းရှိ တန်ဖိုးမျှတအိမ်ရာ လျှောက် လွှာများ
ကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အုံ) တွင် ရောင်းချပေးခဲ့ပြီး လျှောက် လွှာပေါင်း ၁၃,၀၀၀
ကျော် လာရောက် လျှောက်ထားပြီးဖြစ်ကြောင်း ဦးနေဝင်းက ပြောသည်။
အဆိုပါတိုက်ခန်းများအား အရစ်ကျ သို့မဟုတ် ဘဏ်ချေးငွေစနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်
ကာ ရောင်းချမည့်တိုက်ခန်းအားလုံးမှာ ၄၄၈ ခန်းဖြစ်ပြီး လျှောက်ထားသူများအား လျှောက်ထား
သည့် အခန်းအမျိုးအစားအလိုက် မဲစနစ်ဖြင့်ချထားပေးမည် ဖြစ်သည်။ ရောင်းချမှုစနစ် အရ တန်
ဖိုး၏ သုံးဆယ်ရာခိုင်နှုန်းကို ပထမ အရစ်အဖြစ် ပေးသွင်းရမည်ဖြစ်သည်။
"ဒီအစီစဉ်ကို တိုင်းဒေသကြီး အစိုးရက လုပ်တာဖြစ်တဲ့အတွက် မဲစနစ်ကိုလည်း သူတို့ပဲ လုပ်မှာပါ။
ကျွန်တော်တို့ဌာနကတော့ အိမ်ရာ လျှောက်လွှာတွေကို လက်ခံဆောင်ရွက်ပေးတာ ပဲ ရှိပါတယ်"
ဟု ဦးနေဝင်းကပြောသည်။
















