ပြီးခဲ့သည့်နှစ် ဇူလိုင်လဆန်းတွင် အစိုးရက တရားဝင်ကြေညာခဲ့သည့် ရေနံချက်စက်ရုံသစ် စီမံကိန်း
မှာ ယနေ့အချိန်ထိ တစ်စုံတစ်ရာ စတင် နိုင်ခြင်းမရှိသေးဘဲ ဆွေးနွေးဆဲအဆင့်သာဖြစ် သည်ဟု
စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ က ပြောကြားသည်။
"ပညာရှင်တွေနဲ့ ဆွေးနွေးနေဆဲပါပဲ။ သုံး လေးဖွဲ့လောက်တော့ ရှိတယ်။ အခုတော့ ရွေး နေတုန်းပဲ။
တရုတ်ချေးငွေနဲ့ဆောက်ဖို့ဆိုတာ လည်း မဆုံးဖြတ်သေးရပါဘူး" ဟု စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့
ရေနံ ဓာတုဗေဒလုပ်ငန်း မှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးအေးချိုက ပြောကြားသည်။
မြန်မာနိုင်ငံ အလယ်ပိုင်းတွင် တည်ဆောက် ရန် လျာထားသည့် ရေနံချက်စက်ရုံသစ်စီမံကိန်း
အတွက် သဘာဝန်းကျင်နှင့် လူမှုဘဝအပေါ် အကျိုးသက်ရောက်နိုင်မှု လေ့လာရေးလုပ်ငန်း များ
ဆောင်ရွက်ရန် စွမ်းအင်ဝန်ကြီးဌာန က ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့တွင် တင်ဒါ ခေါ်ယူခဲ့
သည်။
၂၀၁၄ ခုနှစ်တွင် စတင်လည်ပတ်ရန် ရည်မှန်းထားသည့် မြန်မာျွတရုတ်ရေနံပိုက်လိုင်းမှ ရေနံစိမ်း
ရယူ၍ တစ်ရက်လျှင် ရေနံပီပါ ၂၀,၀၀၀ ချက်လုပ်နိုင်မည့် ရေနံချက်စက်ရုံသစ်အား မကွေးတိုင်း
ဒေသကြီး၊ မင်းလှ မြို့နယ်တွင် တည်ဆောက်သွားမည်ဟု ၎င်း တင်ဒါကြော်ငြာတွင် ပါရှိခဲ့သည်။
"သုံးနေရာလောက် ရွေးထားတာ ရှိပါတယ်။ ဘယ်နေရာမှာ ဆောက်မယ်ဆိုတာလည်း မဆုံး ဖြတ်
ရသေးပါဘူး" ဟု ဦးအေးချိုက ဆက်လက် ပြောကြားသည်။ ရေနံချက်စက်ရုံအား အကြမ်းအားဖြင့်
တစ်နေ့လျှင် ရေနံစိမ်းပီပါ ၄၀,၀၀၀ မှ ၅၆,၀၀၀ အထိ ချက်လုပ်နိုင်ရန် ရည်မှန်း ထားသော်လည်း
ပမာဏအတိအကျကိုမူ ဆုံးဖြတ်ရခြင်း မရှိသေးဟုလည်း ၎င်းက ပြောကြားသည်။
အဆိုပါ ရေနံချက်စက်ရုံသစ် စီမံကိန်း အတွက် အကြိုလေ့လာခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်
၀န်ကြီးဌာနအသုံးစရိတ် အဖြစ် ကျပ်ငွေ သန်း ၄၀ အား ပြည်ထောင်စု လွှတ်တော်က ၂၀၁၃ ခုနှစ်၊
ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ခွင့်ပြုခဲ့ပြီးလည်း ဖြစ်ကြောင်း သိရသည်။
"ရေနံချက်စက်ရုံသစ်က ဆောက်သင့်ပါ တယ်။ နိုင်ငံပိုင်လား၊ ပုဂ္ဂလိကလား ဆိုတာမျိုး တော့
ပွင့်လင်းမြင်သာဖို့ လိုတာပေါ့။ ဒီစီမံကိန်း မျိုးကို အစိုးရက တာဝန်မယူစေချင်ဘူး။ စီးပွားရေးဆန်
ဆန် ပုဂ္ဂလိကကို ပေးလုပ်သင့် တယ်" ဟု Smart Group of Companies ၏ ဥက္ကဋ္ဌဖြစ်သူ
ဦးကျော်ကျော်က ပြောသည်။
မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်းအနေဖြင့် လက်ရှိလည်ပတ်လျက်ရှိသော တစ်နေ့လျှင် ပီပါ
၂၀,၀၀၀ ကျ အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်)၊ တစ်နေ့လျှင် ပီပါ ၆,၀၀၀ ကျ အမှတ်
(၂) ရေနံချက်စက်ရုံ (ချောက်) နှင့် တစ်နေ့ ရေနံပီပါ ၂၅,၀၀၀ ချက်လုပ်နိုင်စွမ်းရှိသည့် ရေနံ
ဓာတုဗေဒစက်ရုံစု (သံပရာကန်) တို့မှာ စွမ်းအားပြည့်လည်ပတ်နိုင်စွမ်းမရှိဘဲ ရေနံစိမ်း လိုအပ်
ချက်လည်း ရှိနေသည်ဟု သိရသည်။















