မြန်မာနိုင်ငံတွင်းရှိ မြို့တစ်မြို့ချင်းစီ၏ မြို့ပြ ဖွံ့ဖြိုးမှုဆိုင်ရာအလားအလာများကို သိရှိနိုင် စေရန်
ဂျာမနီ-မြန်မာ သုတေသနပူး ပေါင်းရေးအဖွဲ့က မြို့ပေါင်း ၅၆ မြို့နယ်အား သုတေသနပြုလုပ်
လျက်ရှိပြီး အသေးစိတ် စမ်း သပ်မှုအဖြစ် မော်လမြိုင်၊ပြည်၊ စစ်ကိုင်းနှင့် တောင်ကြီးမြို့များကို
ပြုလုပ်ခဲ့ကြောင်း သုတေသနအဖွဲ့မှ တာဝန်ရှိသူများက၊ပြောသည်။
"ကျွန်မတို့ မြန်မာနိုင်ငံကမြို့တွေရဲ့ ဖွံ့ဖြိုး နိုင်ခြေအလားအလာ ဘယ်လောက်ရှိလဲဆိုတာ ကို
သိနိုင်ဖို့အတွက် ဂျာမနီကသုတေသနအဖွဲ့နဲ့ ပူးပေါင်းပြီး သုတေသန ပြုလုပ်ခဲ့တာပါ။ ဒီလို
သုတေသန ပြုလုပ်ဖို့အတွက် မြို့တွေကိုရွေးလိုက် တော့ ၅၆ မြို့ထွက်လာပြီး အဲဒီမြို့တွေကို
သုတေသန ပြုလုပ်နေပါတယ်" ဟု အဆိုပါ သုတေသနလုပ်ငန်းတွင်ပါ၀င်သူ မြို့ပြနျင့် ဒေသန္တရစီမံကိန်း ရေးဆွဲရေးဌာနမှ ညွှန်ကြား ရေးမှူး ဒေါ်အေးအေးမြင့်က ပြောသည်။
ယင်းကဲ့သို့ မြို့ပေါင်း ၅၆ မြို့နယ်၏ မြို့ပြ ဖွံ့ညဖိုးမှုအလားအလာသုတေသနပြုလုပ်မှုများ နှင့်
ပတ်သက်၍ အမျိုးသားတော်လွှတ်တော်သို့ လည်း တင်ပြထားပြီးဖြစ်ပြီး သုတေသနပြုလုပ်
သည့်ကာလအတွင်း စီစဉ်ထားသည့် မြို့နယ် ၅၆ မြို့နယ်အပြင် ၂၅ မြို့နယ်ကို တိုးချဲ့ ဆောင်
ရွက် သွားမည်ဖြစ်သည့်အတွက် စုစုပေါင်း ၈၁ မြို့နယ် ကို သုတေသနပြုလုပ်သွားမည် ဖြစ်သည်။
"အခုလို မြန်မာနိုင်ငံက မြို့နယ်တွေကို သုတေသနပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ မြို့ပြနဲ့
ဒေသတွေရဲ့ ဘယ်လိုဖွံ့ဖြိုးတိုးတက်မှု အလားအလာတွေ ရှိနိုင်မလဲ ဆိုတာကိုသိချင် လို့ လုပ်
တာပါ။ မြန်မာနိုင်ငံက မြို့နယ်အားလုံး ကို သုတေသနလုပ်သွားဖို့လည်း အစီအစဉ်ရှိပါ တယ်။
လောလောဆယ် ကျွန်မတို့က ရွေးချယ် ထားတဲ့ မြို့နယ် ၅၆ မြို့နယ် အပါအဝင် နောက်တိုး ၂၅
မြို့နဲ့ စုစုပေါင်း ၈၁ မြို့ကို ဆက် လက်ပြုလုပ်သွားမှာပါ" ဟု ဂျာမနီ ဪမြန်မာ သုတေ သန နှင့်
မြို့ပြစီမံကိန်းဌာန အင်ဂျင်နီယာမှူးကြီးဖြစ်သူ ဒေါ်လှိုင် မော်ဦးက ပြောသည်။
ထို့ပြင် အဆိုပါမြို့များတွင် မည်သည့်မြို့နယ် များမှာ အုပ်ချုပ်ရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ နျင့် နယ်စပ်ဒေသဆိုင်ရာ စသည့်အချက်များ
တွင် အလားအလာရှိနိုင်သည်များကို လေ့လာဆန်းစစ်နိုင်ရန် သုတေသနပြုလုပ်သွားမည်ဖြစ်
ကြောင်း ၎င်းကပြောသည်။
ထိုသုတေသန အစီအစဉ်များအား လွန်ခဲ့ သည့် ၂၀၁၂ ခန့်မှ စတင်ပြုလုပ်ခဲ့ပြီး ဆက်လက်
လုပ်ဆောင်နေဆဲအဆင့်ဖြစ်ကာ ယခုအခါတွင် အမျိုးသားလွှတ်တော်သို့လည်း တင်ပြထား
ကာ နိုင်ငံတော်အသိအမှတ်ပြု စီမံကိန်းတစ်ခု လည်း ဖြစ်သည်။
ထို့ပြင် ရှေကပြေး အသေးစိတ် စမ်းသပ်မှု အတွက် မော်လမြိုင်၊ ပြည်၊ ဏစ်ကိုင်းနျင့် တောင်ကြီး
မြို့များကို သုတေသနပြုလုပ်ခဲ့ပြီး ယင်းမြို့များ၏ လှုမှုစီးပွားဆိုင်ရာ ဖွံ့ဖြိုးတိုးတက် မှုအလား
အလာများကို လေ့လာခဲ့ကြောင်း ဂျာမနီ သုတေသနပညာရှင်ီမ. ုမေေျ က ပြောသည်။
"ကျွန်မတို့ ဒီဒေသတွေကို သွားရောက်ပြီး အသေးစိတ်လေ့လာခဲ့ပါတယ်။ ဒေသခံတွေနဲ့ တွေ့ပြီး
မေးမြန်းမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ ဒေသနဲ့ပတ်သတ်တဲ့ အချက်အလက်တွေကို လည်း
အသေးစိတ်လေ့လာခဲ့ပါတယ်။ ကျွန်မတို့ လေ့လာခဲ့တဲ့မြို့တွေမှာ ဘယ်နေရာတွေက တော့
ရှေးဟောင်းအမွေအနှစ်တွေ ရှိတယ်။ ဘယ်နေရာတွေကတော့ ခရီးသွားတွေကို ဆွဲဆောင်နိုင်
မယ်။ ဘယ်နေရာတွေကတော့ စီးပွားရေးအတွက် အဆင်ပြေမယ်ဆိုတာတွေကို မှတ်တမ်းတင်
လေ့လာခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျွန်မတို့လေ့လာခဲ့တဲ့ အချက် တွေကိုစုစည်းပြီး အလုပ်ရုံ
ဆွေးနွေးပွဲတွေ ပြုလုပ်ပြီး ပညာရှင်တွေနဲ့ နောက်ဆုံးအခြေ အနေတွေကို လေ့လာသုံးသပ်
သွားပါမယ်" ဟု ၎င်းက ပြောသည်။















