ပလက်ဖောင်း လက်ဖက်ရည်ဆိုင်များတွင် ဆောက်လုပ်ရေးလုပ်သားများဖြင့် စည်ကားလျက်ရှိကာ
၀န်ချီစက်ကြီးတချို့သည်လည်း ထိုးထိုးထောင်ထောင် အနေအထားများဖြင့်တွေ့ရသည့် အင်းလျား
စောင်းမှ ကမ္ဘာအေးစေတီ ဘုရားလမ်းနှင့် စက်မှု(၁)လမ်းထောင့်သည် ရန်ကုန်မြို့၏ ၀န်ဆောင်မှု
များပေးရေးအတွက် ယှဉ်ပြိုင်မှုများအားကြီးလာသည့်နေရာတစ်ခု ဖြစ်လာသည်။
ဆီဒိုးနား ဟိုတယ်ပြုပြင်တိုးချဲ့မှုနှင့် ဗီယက်နမ် နိုင်ငံ၏ ံHoang Anh Gia Lai (HAGL) အုပ်စု ၏
တည်ဆောက်ရေး လုပ်ငန်းများအကြားရှိ ထောင့်ကွက် တစ်နေရာတည်းမှာပင်လျှင် ယင်း ကဏ္ဍ၌
နိုင်ငံခြားရင်းနှီးမြှုပ်နှံငွေ 'ကန်'ဒေါ်လာ တစ်ဘီလျံ ထက်ဝက်ကျော်ရှိနေပြီဖြစ်သည်။
လိုအပ်ချက်များစွာ ရှိနေသေးသည့် ဈေးကွက် အတွင်းသို့ စိတ်အားထက်သန်စွာ ၀င်ရောက် ရန် နိုင်ငံတကာဟိုတယ်လုပ်ငန်းစုကြီးများလည်း ရောက်ရှိလာကြပြီ ဖြစ်သည်။
ဟိုတယ်နှင့် ဧည့်ခံ ရေးအိမ်ခြံမြေ အကြံပေးကုမ္ပဏီ Jones Lang LaSalle ၏အဆိုအရ ရန်ကုန်မြို့
သည် နိုင်ငံ တကာစံချိန်ထက် ဟိုတယ်အခန်း ၂,၀၀၀ ခန့်သာ ရှိပြီး၊ အဆင်မပြေဖြစ်နေသည့် ဧည့်
သည်များကို အခန်းခများ မတန်တဆ တောင်းယူရလောက်အောင်ပင် အခန်းလိုအပ်ချက်မှာ တစ်စ
ထက်တစ်စ ကြီးမားလာလျက်ရှိသည်။
မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် နိုင်ငံခြား သားခရီးသွား သုံးသန်းကျော်ဝင်ရောက်ရန်နှင့် ၂၀၂၀
ပြည့်နှစ်တွင် ရ ဒသမ ၅ သန်းဝင်ရောက် လာရေးအတွက် ဆွဲဆောင်သွားရန် ရည်မှန်း ထားကာ၊
ယင်းခရီးသွားဝင်ရောက်မှုသည် ရန်ကုန်လေဆိပ်မှ ၀င်ရောက်ဖွယ်ရှိသည်။
ဒီဇင်ဘာလအတွင်းမှာပင် ပြင်သစ်နိုင်ငံ၏ Accor က မြတ်မင်းကုမ္ပဏီနှင့်ဖက်စပ်၍ လုပ်ငန်းသစ်
သုံးခုကို ကြီးကြပ်သွားမည်ဟု ထုတ်ဖော်ကြေညာကာ လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံတွင်း
ရင်းနှီးမြှုပ်နှံမှုအစုစုကို နှစ်ဆ မျှတိုးမြှင့်ခဲ့သည်။ တစ်ချိန်တည်းမှာပင် အမေရိ ကန်အခြေစိုက်
Best Western ကလည်း နှစ်သစ် မကူးမီကာလလေးမှာပင် ယင်း၏ပထမဆုံး ဟိုတယ်တစ်ခု
ကိုဖွင့်လှစ်ခဲ့ကာ နေပြည်တော် တွင်လည်း လုပ်ငန်းတစ်ခုဆောင်ရွက်ခဲ့သည်။
ဆီဒိုးနားကဲ့သို့သော မြန်မာနိုင်ငံ၌ ကြာမြင့်စွာ ကပင် တည်ရှိခဲ့သည့်ဟိုတယ်များအတွက် ယှဉ်ပြိုင်
မှုအသစ်ဆိုသည်မှာ တိုးချဲ့မှုပင်ဖြစ်ကာ၊ အဆင့်မြှင့်တင်ရေးမှာမူ ထိန်းသိမ်းရန်အတွက် သာ လို
အပ်ပေမည်။
"ဧည့်သည်အဝင်နည်းခဲ့လို့ အခြေအနေမကောင်းခဲ့ချိန်ကဆို ဘယ်ဧည့်သည်မှ တည်းခို နေတာ
မရှိခဲ့တဲ့အတွက် ဟိုတယ်တွေကို အဆင့် မြှင့်ဖို့အခြေအနေလည်း မရှိခဲ့သလို ပိုက်ဆံလည်း မရှိ
ပါဘူး" ဟု ရန်ကုန်မြို့ရှိ Colliers နိုင်ငံတကာ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ၏ အုပ်ချုပ် မှုဒါရိုက်
တာ တိုနီပစ်ကွန်က ပြောသည်။
"ဒါပေမဲ့ ဟိုးအရင်နှစ်နှစ်သုံးနှစ်ကလို လူတွေအများကြီးဝင်လာတာကို စလည်းမြင် ရရော၊ ပထမပိုင်း
မှာ ပိုက်ဆံတွေအများကြီး ရလာမယ်၊ ဒါပေမဲ့ ဟိုတယ်ကိုလည်း ပိုကောင်း အောင်လုပ်ချင်လာမယ်။
ဟိုတယ်အခန်းခတွေကို ဈေးအမြင့်ကြီးသတ်မှတ် ချင်တော့မယ်။ ဒါပေမဲ့ ဒီလိုသတ်မှတ်ပြီးတော့
၀န်ဆောင်မှုကောင်းကောင်းလည်း ပြန်ပေးရမယ်ဆိုတာ သူတို့သိကြပါတယ်"။ HAGL၏ အဆောက်
အအုံများစွာပါသည့် ဒေါ်လာသန်း ၄၄၀ တန် ရှစ်ဧကမျှရှိသောစီမံကိန်းမြေနေရာသည် ကျယ်ဝန်း
သောရန်ကုန် မြို့၌ မပြောပလောက်သော နေရာအကျယ်အဝန်းတစ်ခုမျှသာ ရှိခဲ့သည်။
၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလက ဗီယက်နမ်နိုင်ငံမှသယ်ယူလာ သည့် စက်ကြီးများ အများအပြား ပါ၀င်သော မြေသယ်ကားများနှင့် မြေတူးကားကြီးများသည် နေ့ရောညပါ မီးများထွန်းလျက်
တစ်ဝုန်းဝုန်းဖြင့် သွားလာလျက်ရှိသည်။ ကုမ္ပဏီ၏အဆိုအရ စီမံကိန်း၏ ပထမ အဆင့်တွင်
အခန်းပေါင်း ၄၈၀ ပါသည့် ဇိမ်ခံ ဟိုတယ်တစ်ခုနှင့် အထပ်အမြင့်ပေါင်း ၂၇ ထပ် ပါသည့် ရုံးခန်း
အဆောက်အဦးတစ်ခုတို့ ပါ၀င် သည်။
ဒုတိယအဆင့်တွင်ပါ၀င်မည့် လူနေခန်း များနှင့် ရုံးခန်းများစွာကိုမူ ၂၀၁၆ နှစ်တွင် အပြီး တည်
ဆောက်မည်ဖြစ်သည်။ လမ်းတစ်ဖက်တွင် ရန်ကုန်မြို့၏ပထမဆုံး သော နိုင်ငံတကာအဆင့်မီ
ဟိုတယ်များတွင် တစ်ခုဖြစ်သည့် ဆီဒိုးနားဟိုတယ်မှာလည်း တိုးချဲ့မြှင့်တင်မှုများ ပြုလုပ်လျက်
ရှိသည်။
"ရန်ကုန်ဟိုတယ်ဈေးကွက်ဟာ အစောကြီး ကတည်းက ၀င်ရောက်လာသူတွေအတွက် အခွင့်
အရေးတွေအများကြီး ရှိသေးတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ရန်ကုန်ဆီဒိုးနားဟိုတယ်
ဟာ ရန်ကုန်မှာ ၀န်ဆောင်မှုပေးနေတဲ့အကောင်းဆုံး ဟိုတယ်တွေထဲက တစ်ခုအဖြစ် ရပ်တည်
နေမှာပါ" ဟု Ng Ooi Hooi က ပြောသည်။
ဆီဒိုးနားဟိုတယ်၏ ဘေးဘက်ခြမ်း အဆောက်အအုံသစ်ကြီးသည် ၂၉ ထပ်အထိ မြင့်မားမည်ဖြစ်
ကာ၊ ပြီးစီးသွားချိန်တွင် ရန်ကုန် မြို့၏ အမြင့်ဆုံးအဆောက်အအုံများတွင် တစ်ခု အပါအဝင်ဖြစ်
လာမည်ဖြစ်ပြီး HAGL ၏ ဟိုတယ် ထက်လည်း နှစ်ထပ်ပိုမြင့်မားမည်ဖြစ်သည်။
တိုးချဲ့ပြုပြင်ရေးအတွက်လိုအပ်ကြောင်းကိုသိရှိသည့် ရန်ကုန်မြို့ရှိဟိုတယ်များတွင် ဆီဒိုးနားတစ်ခု
တည်းသာမဟုတ်ပဲ ၁၉၉၆ ခုနှစ် က စတင်ဖွင့်လှစ်ခဲ့သည့် ကုန်သည်ကြီးများ ဟိုတယ်သည်လည်း
၂၀၁၀ ပြည့်နှစ်က ဟိုတယ် တစ်ခုလုံးကို အလုံးစုံပြုပြင်ခဲ့သည်။
"ဟိုတယ် အဆောက်အအုံကြီးအတွက် ငွေကုန်ကြေးကျခံပြီး ပြုပြင်ခဲ့တာတင် မက ပါဘူး။
ဟိုတယ်လုပ်ငန်းရဲ့အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ သင်တန်းပေးမှုတွေ၊ အရည် အသွေးမြှင့်
တင်တာတွေကို မြန်မာဝန်ထမ်းတွေ အတွက် ဆောင်ရွက်ပေးခဲ့ပါ တယ်" ဟု ရန်ကုန် မြို့ကုန်သည်
ကြီးများဟိုတယ်၏ အထွေထွေမန်နေဂျာ ဖီးလစ်ကူဗာရာ့စ်က ဟိုတယ်အဆင့်မြှင့်တင်မှုနှင့် စပ်
လျဉ်း၍ ပြောသည်။
ကုန်သည်ကြီးများဟိုတယ်ကို ဆောင်ရွက် လုပ်ကိုင်နေသည့် ရှန်ဂရီလာဟိုတယ်လုပ်ငန်းစု ကြီး၏
အခြားသောရုံးခန်းမျှော်စင်ကြီး တစ်ခုသည်လည်း ဟိုတယ်ကြီးနှင့် ကပ်လျက်တွင် တည်ဆောက်
နေဆဲဖြစ်သည်။
မစ္စတာကူဗာရာ့စ် က မျှော်စင်သစ်ကြီးနှင့် လက်ရှိဟိုတယ်တို့ကို ဈေးဝယ်စင်တာကြီးတစ်ခုနှင့်
ဆက်စပ်ပေးသွားမည်ဟု ပြောသည်။ ကုန်သည်ကြီးများဟိုတယ်နှင့် မနီးမဝေးရှိ ပါ့ခ်ရွိုင်ရယ်
ဟိုတယ်သည်လည်း အကြီးစားပြုပြင်မှုများ ဆောင်ရွက်လျက်ရှိသည်။
ဟိုတယ်၏ ပြုပြင်မွမ်းမံထားသော Spice Brasserie စားသောက်ဆိုင်ကို လွန်ခဲ့သည့်ဒီဇင်ဘာလ
ကုန် က ညစာစားပွဲများအတွက် ဖွင့်လှစ်ခဲ့သည်။ ဟိုတယ်၏ တရုတ်စားသောက်ဆိုင် Phoenix
Court ကိုမူ ပြင်ဆင်မွမ်းမံအပြီး ယခုလအကုန်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။
ယခုကဲ့သို့သော အပြောင်းအလဲများသည် ဟိုတယ်၏ အဆင့်မြင့် Orchid Club အခန်းများ နှင့်
စီးပွားရေးလုပ်ငန်းသုံးအသုံး အဆောင် များကို ယမန်နှစ်က အဆင့်မြှင့်တင်ခဲ့အပြီးတွင် ဖြစ်ပေါ်
လာခြင်းဖြစ်သည်။
ကုန်သည်ကြီးများဟိုတယ်နှင့် ဆီဒိုးနား ဟိုတယ်တို့ကဲ့သို့ ပါ့ခ်ရွိုင်ရယ်ဟိုတယ်အဆင့် မြှင့်တင်
ပြုပြင်ခြင်းမှာဈေးကွက်လိုအပ် ဖြစ်ကြောင်း မစ္စတာပစ်ကွန်ကပြောသည်။
ဇော်ဝင်း ဘာသာပြန်သည်။
















