ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ က ရန်ကုန်မြို့တွင်းရှိ ဆောက်လုပ်ရေးကန်ထရိုက်
များစည်းကမ်းရှိစေရန်အတွက် စည်ပင်သာယာမှ ဆောက်လုပ်ခွင့်ပါမစ်မရရှိ သေးသည့် ကန်ထရိုက်
တိုက်များအား ဖြိုဖျက် သည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ
ရေးကော်မတီ ၏ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ ဒုတိယဌာနမှူးဖြစ်သူ ဦးနေဝင်းက
ပြောသည်။
"စည်ပင်သာယာဆီကနေ ဆောက်လုပ်ခွင့် မရဘဲနဲ့ ဆောက်နေကြတဲ့ ကန်ထရိုက်တိုက် အဆောက်
အအုံတွေကို ဖြိုဖျက်တဲ့အထိ အရေးယူသွားမှာ။ အထပ်မြင့်ကြီးတွေကိုတော့ တစ်လုံးလုံးဖြိုချမှာ
မဟုတ်ပေမယ့် စည်းကမ်းလိုက်နာအောင် စံနမူနာအနေနဲ့ စပြီးအုတ်မြစ်ချတည်ဆောက်နေတဲ့
အဆောက်အအုံတွေကို မဖြစ်မနေဖြိုဖျက် အရေးယူသွားမှာပါ" ဟု ၎င်းက မြန်မာတိုင်း(မ်)ကို
ပြောသည်။
ရန်ကုန်မြို့တွင်းရှိ ကန်ထရိုက်များမှာ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီထံတွင်
ဆောက်လုပ်ခွင့်တောင်းခံကာ တည်ဆောက် ရသော်လည်း အချို့ ကန်ထရိုက်အဆောက်
အအုံများမှာ ပါမစ်မရရှိဘဲတည်ဆောက်ကြ သည့်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာ
ရေးကော်မတီက အဆိုပါစည်းကမ်းမဲ့မှုများ အား ထိန်းသိမ်းနိုင်ရန် ထိုနည်းဥပဒေကိုရေးဆွဲ ခဲ့ပြီး
လွှတ်တော်ကလည်း အတည်ပြုပြီးဖြစ်သည်။
"ဒီလိုမျိုးတွေနည်းပါးအောင် စည်ပင်သာယာ ကဘယ်လိုလုပ်ဆောင်သင့်တယ်ဆိုတာတွေကို
လွှတ်တော်ကိုတင်ပြခဲ့တယ်။ အခုလွှတ်တော် ကလည်း အတည်ပြုပြီးပြီဖြစ်တဲ့အတွက် ကျွန်တော်
တို့ နည်းဥပဒေအသစ်တွေရေးဆွဲပြီး လုပ်ဆောင်သွားမှာပါ။ အဲဒါကြောင့် နောက်ပိုင်း မှာ တစ်မြို့
နယ်ကို လေးငါးလုံးလောက် နမူနာ အနေနဲ့ ပါမစ်မရဘဲ စတင်ဆောက်နေတဲ့ ကန်ထရိုက်တိုက်
တွေကို ဖြိုဖျက်သွားမှာပါ" ဟု ၎င်းက ပြောသည်။
ထို့ကြောင့် ကန်ထရိုက်အဆောက်အအုံ ဆောက်လုပ်သူများသည် စည်ပင်သာယာရေး ကော်မတီ
၏ ဆောက်လုပ်ခွင့်ပါမစ်မရရှိဘဲ တည်ဆောက်နေပါက နမူနာ ဖြိုဖျက်မှုများထဲတွင်မပါ၀င်ရန်
ဥပဒေနှင့်အညီ တည်ဆောက်သွားသင့်ကြောင်း ၎င်းက ပြောသည်။ ထိုကဲ့သို့ ပါမစ်မရရှိဘဲ
တည်ဆောက်ထား သည့် ကန်ထရိုက်များမှာ အကြောင်းတစ်စုံ တစ်ရာပေါ်လာပါက အဆိုပါ
အဆောက်အအုံ တွင် နေထိုင်သူများ အခက်အခဲ ကြံုတွေ့ရမည် ဖြစ်သည့်အတွက် ယခုကဲ့သို့
စည်ပင်သာယာက အရေးယူလျှင် ပါမစ်မရဘဲတည်ဆောက်သည့် ကန်ထရိုက်များ လျော့နည်း
သွားနိုင်ကြောင်း အိမ်ခြံမြေအကျိုးဆောင် တစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ယခုကဲ့သို့ ရန်ကုန်မြို့တော် စည်ပင်သာယာမှ ခွင့်ပြုချက် ပါမစ်မရရှိဘဲ
တည်ဆောက်လျက်ရှိသည့် အဆောက်အအုံပေါင်းမှာ ၂၀၁၃ ၁၄ ဘဏ္ဍာနှစ် တွင် အလုံးပေါင်း
၁,၀၀၀ ကျော်ရှိပြီး အဆိုပါ အဆောက်အအုံများအား တရားစွဲဆိုထားကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီက သတင်းထုတ်ပြန်ထားသည်။
ရန်ကုန်မြိုကတော် စည်ပင်သာယာရေးမှ ၂၀၁၃ ၁၄ ဘဏ္ဍာနှစ်အတွင်းတွင် ဆောက်လုပ် ခွင့်ပြုထား
သည့် အထပ်မြင့်အဆောက်အအုံ မှာ ၆၂၅ လုံး၊ လုံးချင်း အဆောက်အအုံ ၂,၄၉၆ လုံးနျင့် ခြံစည်ရိုး
၁၃၂ ခုတို့ ဖြစ်သည်။
















