အိမ်ခြံမြေ ၀န်ဆောင်မှုဝက်ဘ်ဆိုက်တစ်ခု ဖြစ်သည့် house.com.mm ကို မိုဘိုင်းလ်ဖုန်းများတွင်
စတင်ကြည့်ရှုအသုံးပြုနိုင်ပြီဖြစ်ပြီး မည်သည့်ဖုန်းအမျိုးအစားတွင်မဆို အသုံးပြု နိုင်ကြောင်း အဆို
ပါ၀က်ဘ်ဆိုက်တာဝန်ရှိသူက ပြောသည်။
"house.com.mm ရဲ့ မိုဘိုင်းလ်ဗားရှင်း ကို ဇန်နဝါရီလ ၃၀ ရက်နေ့က စတင်မိတ်ဆက် ပါတယ်။
ဖုန်းအမျိုးအစားအားလုံးမှာ အသုံးပြုဖို့ အဆင်ပြေတယ်။ အချက်အလက်တွေအားလုံး ကိုလည်း
မိုဘိုင်းလ်ဗားရှင်းမှာပဲ ပြည့်ပြည့်စုံစုံ အဆင်ပြေပြေ ဖတ်လို့ရတယ်။ သုံးစွဲသူဆီက တုံ့ပြန်ချက်တော့
အရင်ကွန်ပျူတာနဲ့ အသုံးပြု ရာမှာလည်း နာမည်ရထားပြီးသားဆိုတော့ အဆင်ပြေတယ်လို့ ပြော
ကြတယ်" ဟု အဆိုပါ၀က်ဘ်ဆိုက်မှအွန်လိုင်းဈေးကွက်မန်နေဂျာ ကိုအောင်ခန့်က မြန်မာတိုင်း(မ်)
ကို ပြောသည်။
house.com.mm ၀န်ဆောင်မှု ၀က်ဘ်ဆိုက် အား ဂျာမနီနိုင်ငံအခြေစိုက် အွန်လိုင်း ၀န်ဆောင်မှု
ကုမ္ပဏီက လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ အင်တာနက်မှ အိမ်ခြံမြေ ၀န်ဆောင်မှုပေးသော
၀က်ဘ်ဆိုက်တစ်ခု အဖြစ် ၂၀၁၂ ခုနှစ် နှစ်လယ်ခန့်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါကုမ္ပဏီသည် နိုင်ငံပေါင်း ၅၀ ကျော်တွင် လုပ်ငန်းခွဲများ ရှိပြီး house.com.mm သာမက
motors.com.mm, work.com.mmနှင့် ads.com.mm ၀က်ဘ်ဆိုက်များကိုပါ တစ်ပါတည်း
လွှင့်တင်ထားကြောင်း ၎င်းက ပြောသည်။
"ကျွန်တော်တို့ Andriod OS နဲ့ iOS ဗားရှင်း တွေကိုပါထုတ်သွားဖို့ရှိပါတယ်။ အိမ်ခြံမြေ ၀န်ဆောင်
မှု ၀က်ဘ်ဆိုက်အတွက် သီးသန့်ပါပဲ" ဟု ကိုအောင်ခန့်က ပြောသည်။ အဆိုပါ၀က်ဘ်ဆိုက်တွင်
မြို့နယ်အစုံရှိ အိမ်ခြံမြေဈေးကွက်အတွင်း အိမ်ဈေး၊ မြေဈေး များနှင့် စိတ်ဝင်စားသူများ အလွယ်
တကူ ရောင်းဝယ်ရန်နှင့် ငှားရမ်းနိုင်ရန် ၀န်ဆောင်မှု ပေးလျက်ရှိပြီး မိမိလိုချင်သော ဈေးနှုန်းနှင့်
သင့်လျော်သော တိုက်ခန်း၊ သို့မဟုတ် လုံးချင်းအိမ်များနှင့် ပတ်သက်သော သတင်းအချက်အလက်
အပြည့်အစုံကို ရှာဖွေနိုင်မည် ဖြစ်သည်။















