မင်္ဂလာဈေး အနီးအနားပတ်ဝန်းကျင်နှင့် ဈေး အတွင်း ကားရပ်နားရန်ခက်ခဲသည့်ပြဿနာကိုဖြေရှင်း
ပေးနိုင်ရန် ကားရပ်နားနိုင်သည့်အထပ်သုံးထပ်ပါ၀င်သော မင်္ဂလာမွန် ဈေးသစ်ကို မေလ ၃၁ ရက်နေ့
တွင် အပြီးတည်ဆောက်မည် ဖြစ်ကြောင်း ထိုဈေးသစ်ကို တာဝန်ယူတည်ဆောက်နေသည့် အောင်
မြင်သူအုပ်စု ဆောက်လုပ်ရေးမှ စီမံကိန်းဒါရိုက်တာ ဦးကျော်စွာအေးသောင်းက ပြောသည်။
"မင်္ဂလာတောင်ညွန့်မြို့နယ်က ယာဉ်ကြောပိတ်ဆို့တတ်တဲ့ မြို့နယ်တွေထဲမှာ ပါ၀င်တယ်။ လက်
ကားဈေးတွေဖြစ်တဲ့ မင်္ဂလာဈေး၊ မင်္ဂလာဈေးသစ်နဲ့ မင်္ဂလာမွန်ဈေးနားမှာ ယာဉ်ကြောပိတ်ဆို့မှု
အရမ်းဖြစ်တယ်။ ဈေးထဲကိုလာတဲ့ ကုန်တင်ကုန်ချကားတွေ၊ ဈေးဝယ်သူတွေ ပြန်ငှားတဲ့ အငှား
ယာဉ်တွေ ကားရပ်ဖို့ နေရာမရှိဘဲ ဈေးရှေ့ ရပ်နေရလို့ ယာဉ်ကြောပိတ်ဆို့ မှု ဖြစ်တာပါ။ အဓိက
ကားပါကင်ပြဿနာကို ဖြေရှင်းနိုင်ဖို့ ကားပါကင်အတွက်သုံးထပ်ပါ၀င် ဖွဲ့စည်းထားတဲ့ မင်္ဂလာမွန်
ဈေးသစ်ကို တည် ဆောက်တာ ဖြစ်ပါတယ်" ဟု ဦးကျော်စွာ အေးသောင်းက မြန်မာတိုင်း(မ်)ကို
ပြောသည်။
မင်္ဂလာမွန်ဈေးသစ်တွင် အထပ်ခြောက်ထပ်ပါ၀င်မည်ဖြစ်ပြီး အပေါ်သုံးထပ်ကို ကားပါကင်အဖြစ်
သတ်မှတ်ထားကာ နှစ်တန်အထိရှိသော ကားအစီးရေ ၃၁၈ စီး ရပ်နားနိုင်မည် ဖြစ်သည်။
ဈေးသစ်၏ အောက်သုံးထပ်တွင် ဆိုင်ခန်းပေါင်း ၅၄၀ ကျော်လည်း ပါ၀င်မည်ဖြစ်သည်။ "မင်္ဂလာမွန်
ဈေးသစ်ရဲ့မြေညီထပ်၊ ပထမ ထပ်နဲ့ ဒုတိယထပ်တို့မှာ တစ်ထပ်စီကို ဆိုင်ခန်း ၁၈၀ ကနေ ၂၀၀ ကြား
ပါ၀င်မှာပါ။ မျက်နှာစာ ဆိုင်ခန်းတွေက ၂၀၀ စတုရန်းပေရှိပြီး ကျန် ဆိုင်ခန်းတွေက ၁၀၀ စတုရန်း
ပေ ရှိပါတယ်"ဟု ဦးကျော်စွာအေးသောင်းက ပြောသည်။
ဆိုင်ခန်းများအငှားနှင့် အရောင်းဈေးနှုန်း များကို ယခုအချိန်ထိ တိတိကျကျ မသတ်မှတ် ရသေး
ကြောင်းနှင့် ဈေးနှုန်းများ သတ်မှတ်ပြီး ပါက အစိုးရသတင်းစာများတွင် ကြေညာသွား မည်ဖြစ်
ကြောင်း ဦးကျော်စွာအေးသောင်းက ပြောသည်။
"ဆိုင်ခန်းတွေကို အခုအချိန်ထိ ငှားမလား၊ ရောင်းမလား သေချာမသတ်မှတ်ရသေးဘူး။ ဆိုင်ခန်း
တွေကို ရောင်းတာ၊ ငှားတာနဲ့ ပတ်သက် ပြီးတော့ လက်ရှိ မင်္ဂလာဈေး၊ မင်္ဂလာမွန်ဈေးနဲ့ ပလာဇာ
မှာ ဆိုင်ဖွင့်နေသူတွေကို လိုက်လေ့လာ နေတယ်။ ရောင်းဖြစ်မယ်ဆိုရင်လည်း ဈေးနှုန်း က လက်ရှိ
ဈေးနှုန်းနဲ့ အနီးစပ်ဆုံးသတ်မှတ်ပေး မှာပါ။ ဈေးနှုန်းနဲ့သင့်တော်တဲ့အတိုင်း အခန်း တွေကိုစီစဉ်ပေးမှာ
ပါ "ဟု ၎င်းကပြောသည်။
မင်္ဂလာမွန်ဈေးသစ် တည်ဆောက်ရာတွင် လေဝင်လေထွက် ကောင်းမွန်စေသောစနစ်ကို အသုံးပြု
ထားပြီး လိုအပ်ပါက လေအေးပေးစက် များထည့်သွင်းနိုင်ရန်လည်း စီစဉ်ထားကာ လက်ရှိတွင်
အပေါ်ဆုံးထပ်အထိ တည်ဆောက် ပြီးစီးနေပြီ ဖြစ်သည်။ မင်္ဂလာမွန်ဈေးသစ်ကို မြေအကျယ်
စတုရန်း ပေ ၄၀,၀၀၀ ပေါ်တွင် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှ စတင်တည်ဆောက်ခဲ့ကာ
ပြီးစီးသည် အထိ တည်ဆောက်ချိန် ၁၇ လ ကြာမြင့်မည် ဖြစ်သည်။ ဈေးသစ်တည်ဆောက်ခြင်းကို
အောင်မြင်သူအုပ်စု ဆောက်လုပ်ရေးလုပ်ငန်းနှင့် စည်ပင်သာယာရေးကော်မတီတို့ အကျိုးတူ ပူးပေါင်း
ဆောက်လုပ်ခြင်းဖြစ်သည်။
မင်္ဂလာမွန်ဈေးသစ်တွင် ဈေးလုံခြံုရေးအတွက် ဃဃွှဠ ကင်မရာများ၊ ဓာတ်လှေကား နှစ်စင်း၊ စက်
လှေကား လေးစင်း၊ မီးသတ် လှေကားသုံးစင်းနှင့် မီးဘေးအန္တရာယ်အတွက် အရေးပေါ် မီးငြိှမ်းသတ်
နိုင်စေရန် ရေဂါလန် သုံးသောင်းဆံ့ မီးသတ်ရေကန်လည်း ပါ၀င်မည် ဖြစ်သည်။
















