နိုင်ငံတွင်း စီးပွားရေးလုပ်ငန်းများ ပွင့်လင်းလာ ခြင်း၊ ခေတ်နှင့်လျော်ညီအောင် ပြုပြင်ခြင်း၊ နိုင်ငံခြား
သားဧည့်သည် အဝင်များလာခြင်းတို့ ကြောင့် စီးပွားရေးလုပ်ငန်းများမှာ အဆောက်အအုံ၏ အပြင်
ပန်းသွင်ပြင်သာမက အတွင်း ပိုင်း အလှပြင်ဆင်မှုများကိုပါ မဖြစ်မနေပြုလုပ်လာကြကြောင်း လုပ်
ငန်းရှင်များက ပြောသည်။
"လွန်ခဲ့တဲ့ သုံးလေးနှစ်ကထက်စာရင် အထူး သဖြင့် အရောင်းဆိုင်တွေ၊ စားသောက်ဆိုင်၊ ကော်ဖီ
ဘား စတဲ့နေရာမျိုးတွေမှာ အဆောက်အအုံ အတွင်းပိုင်းအလှပြင်ဆင်မှုဟာ ၁၀ ဆ လောက်ထိ
တိုးတက်လာတယ်" ဟု ဆောက်လုပ် ရေးလုပ်ငန်း ကျွမ်းကျင်သူတစ်ဦးက ပြောသည်။
"အခုဆို လမ်းမတန်းက ဆိုင်တွေမှာ ပြင်ဆင်မွမ်းမံမှု မလုပ်ထားတဲ့ဆိုင်ဆိုတာမရှိတော့ဘူး။ မဖြစ်
မနေကို လုပ်လာကြတယ်။ အရောင်းဆိုင် အားလုံးနီးပါး အပြင်ပန်းသာမက အဆောက်အအုံ
အတွင်းပိုင်းကို ပြင်ဆင်လာကြပြီး ပြီးခဲ့တဲ့ နှစ်ထဲမှာ ပြင်ဆင်မှုနှုန်းဟာ ၉၅ ရာခိုင်နှုန်း အထိ
တိုးတက်လာတယ်လို့တောင် ပြောလို့ရပါ တယ်။ အိမ်တွေကတော့ ပြင်ကြပေမယ့် အရမ်း
မများဘူး။ ၁၅ ရာခိုင်နှုန်းလောက်ပဲရှိမယ်" ဟု ၎င်းက ပြောသည်။
အရောင်းဆိုင်၊ စားသောက်ဆိုင်၊ ကော်ဖီဆိုင် စသည့် နေရာများအနေဖြင့် အတွင်းပိုင်းပြင်ဆင်မှုအား
ငွေကုန်ကြေးကျခံ၍ အပြည့်အစုံ မပြင်ဆင်ဖြစ်သည့်တိုင် မီးရောင်အနေအထားအား ဂရုပြုပြင်ဆင်
ကြပြီး အတွင်းပိုင်းပြင်ဆင်မှု အနေအထားအား မည်သည့်အတိုင်းအတာ အထိ ကောင်းမွန်အောင်
ပြုလုပ်မည်ဆိုခြင်း သည် ပိုင်ရှင်တတ်နိုင်သော ငွေကြေးအင်အားပေါ်မူတည်ပြီး အနည်းဆုံး ကျပ်
သိန်း ၁၀၀ မှ ၂၀၀ ကြား၊ ကျပ်သိန်း ၃၀၀ မှ ၅၀၀ ထိ ကုန်ကျ ကြောင်း လုပ်ငန်းရှင်များက
ပြောသည်။
"ခေတ်ကလည်း တိုးတက်လာပြီ။ လူတွေ ကလည်း အမြင်ကျယ်လာပြီလေ။ အတွင်းပိုင်း ပြင်ဆင်
မှုကို အာရုံစိုက်ပြီး လုပ်လာကြတယ် ဆိုတာထက် အမှန်ကတော့ ကူးစက်တဲ့သဘော ပါ။ ကိုယ်
သတိမထားမိတာကို မဂ္ဂဇင်းလို၊ ရုပ်သံ၊ ဖေ့စ်ဘွတ်ခ်စတဲ့ ဆိုရှယ်မီဒီယာကနေ မြင်လာ သိလာရ
တယ်ဆိုတော့ လှုံ့ဆော်သလိုဖြစ်သွား ပြီး လူတွေက လုပ်မှဖြစ်တော့မယ်ဆိုတဲ့သဘော နဲ့ လုပ်
လာကြတယ်။ အမှန်လည်း လိုအပ် ပါတယ်" ဟု ၎င်းက ပြောသည်။
အရောင်းဆိုင်များသည် မိမိတို့ရောင်းချမည့် ကုန်ပစ္စည်းနှင့်လျော်ညီသော အပြင်အဆင်မျိုး ကို
ရွေးချယ်လာကြပြီး စားသောက်ဆိုင်များ ကော်ဖီဘားများတွင် ဆိုင်အမျိုးအစားနှင့် လျော်ညီရုံ
သာမက စားသုံးသူများ စိတ်ကြည် နူးစေမည့် ဒီဇိုင်းများကို ဦးစားပေးလုပ်ဆောင် လာကြသည်။
ကော်ဖီ၊ အစားအသောက်စသည်တို့ ရောင်းချသော ဆိုင်တစ်ဆိုင်အနေဖြင့် သန့်ရှင်းသပ်ရပ်သော
ပတ်ဝန်းကျင်နှင့် စားသုံးသူများ၏ ဂရုပြုမှုကို ရရှိရန် ကောင်းမွန်သော အပြင်အဆင်ရှိရန်လိုအပ်
ကြောင်း၊ ထို့ကြောင့် ပိုင်ရှင် များအနေဖြင့် ဆိုင်အတွင်းပိုင်းအလှပြင်ဆင်မှု ကို မဖြစ်မနေပြုလုပ်ရန်
လိုအပ်ကြောင်း လှည်းတန်းရှိ Ko Piteria ကော်ဖီဆိုင်ပိုင်ရှင် Mr. Kenneth Tan က ပြောသည်။
"အစားအသောက်စားဖို့အတွက် စားသောက် ဆိုင်တစ်ဆိုင်ဟာ သန့်ရှင်းကောင်းမွန်တဲ့ ပတ်ဝန်း
ကျင်ရှိဖို့လိုအပ်သလို ခေတ်မီလှပတဲ့ အပြင်အဆင်ကိုလည်း လိုအပ်ပါတယ်။ အမြင် မှာ သန့်ရှင်း
သပ်ရပ်နေတဲ့၊ ဒီဇိုင်းလှပပြီး ဆွဲဆောင်မှုရှိတဲ့ဆိုင်တစ်ဆိုင်ဟာ စားသုံးသူတွေရဲ့စိတ်ကို ဆွဲဆောင်
နိုင်ပါတယ်။ သူ့ဆိုင်ရဲ့ အပြင်အဆင်ဟာ စားသောက်ဆိုင်တစ်ဆိုင်အတွက် ရ၀ ရာခိုင်နှုန်းအထိ
အရေးပါတယ်။ ကိုယ့်ဆိုင်ကိုယ် ဥပမာထားပြီးပြောရရင် လမ်းသွားလမ်းလာတွေ၊ နိုင်ငံခြားသား
တွေအပါအဝင်ပေါ့။ သူတို့ရှေ့ကနေ ဖြတ်သွားကြ တယ်။ ဆိုင်အပြင်အဆင်ကိုမြင်တာနဲ့ ဆိုင်ထဲ
၀င်လာချင်စိတ် ပေါက်သွားစေရမယ်။ ဆိုင်အပြင်အဆင်ဟာ အလွန်အရေးပါပါတယ်" ဟု
Mr. Kenneth Tan က မြန်မာတိုင်း(မ်)ကို ပြောသည်။
"မြန်မာနိုင်ငံဟာဆိုရင်လည်း ကျွန်တော်ရောက်ခါစက အချိန်နဲ့ ယှဉ်ပြောရင် အခုဆို ပိုင်ရှင်တွေဟာ
သူတို့ဆိုင်တွေကို အရမ်းအဆင့်မြှင့်လာကြတယ်၊ ပိုပိုပြီး အဆင့်မြှင့်ဖို့ ကြိုးစားလာကြတယ်။ ဒါဟာ
ကောင်းတဲ့လက္ခဏာ တစ်ခုပါ။ အခုဆို နိုင်ငံခြားသားတွေဟာလည်း မြန်မာနိုင်ငံကို ပိုပိုပြီး ရောက်
လာကြပြီ။ ဒီအပြင် အဆင်တွေဟာ သူတို့တွေကိုလည်း ဆွဲဆောင်နိုင်တယ်" ဟု ၎င်းက ဆက်
လက်ပြောသည်။ အချက်အချာကျသော နေရာများရှိ စားသောက်ဆိုင်နှင့် ကော်ဖီဆိုင်များသာမက
အဝတ်အထည်အရောင်းဆိုင်များ၊ လျှပ်စစ် ပစ္စည်း အရောင်းဆိုင်များကပါ ဆိုင်အတွင်းပိုင်း ပြင်ဆင်
မှုကို အလေးပေးလာကြပြီး စားသုံးသူ များအတွက် အမြင်သစ်နှင့် မတူသော ရသကို ပေးနိုင်မည့်
အပြင်အဆင်များကို ရှာဖွေလာကြသည်ဟု လုပ်ငန်းရှင်များက ပြောသည်။
"အမြင်ဆန်းသစ်ဖို့လည်း လိုအပ်တယ်။ စင်ကာပူမှာဆိုရင် မပြင်ထားတဲ့ဆိုင်မရှိဘူး။ ဆိုင်အကုန်လုံး
သန့်ရှင်းနေတယ်။ လေအေးစက် စနစ်ကောင်းမွန်တယ်။ တစ်ဆိုင်နဲ့တစ်ဆိုင် မတူတဲ့ မွမ်းမံမှုတွေနဲ့
ကိုယ့်ဖောက်သည် တွေကို မတူတဲ့ ရသတွေပေးတယ်။ အကုန်လုံး က ခေတ်မီတဲ့ စတိုင်တွေချည်း
ပဲမို့ အခုဆို အမြင်သစ်ကို ရှာဖွေတဲ့အနေနဲ့ ဟိုဘက်ခေတ် ကို ပြန်သွားတဲ့ ဒီဇိုင်းတွေလုပ်လာကြပြီ။
ဟိုအရင်တုန်းက ဒီဇိုင်းတွေကို လုပ်နေကြ တယ်။ ဒီမှာကတော့ ဖွံ့ဖြိုးစနိုင်ငံဆိုတော့ ခေတ်မီတဲ့
အပြင်အဆင်တွေကို အသားပေးလုပ် နေကြတယ်။ ဒါလည်း မတူတဲ့ရသပဲ" ဟု Mr. Kenneth Tan
က ပြောသည်။
















