ပုဂံရှေးဟောင်းနယ်မြေဇုန်အတွင်း ခွင့်ပြုချက်မရဘဲ အဆောက် အအုံသစ် ထပ်မံဆောက်လုပ်ခြင်းကြောင့် တရားဝင်တားမြစ်ထား

ပုဂံရှေးဟောင်းနယ်မြေဇုန်အတွင်း ခွင့်ပြုချက်မရဘဲ အဆောက် အအုံသစ် ထပ်မံဆောက်လုပ်ခြင်းကြောင့် တရားဝင်တားမြစ်ထား

ပုဂံမြို့ ရှေးဟောင်းနယ်မြေဇုန်အတွင်း အဆောက်အအုံထပ်မံတိုးချဲ့ဆောက်လုပ်ရန် မန္တလေးတိုင်း
ဒေသကြီး စည်ပင်သာယာရေး ကော်မတီသို့ တင်ပြထားသော်လည်း ကော်မတီ မှ ခွင့်ပြုချက်
မထုတ်ပြန်မီ အချိန်တွင် အဆောက်အအုံ ဆောက်လုပ်ခဲ့ခြင်းကြောင့် ယင်းဆောက်လုပ်ရေး
လုပ်ငန်းကို တားမြစ် ထားကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ယခင်အစိုးရလက်ထက်က ပုဂံမြို့ဟောင်းနယ်မြေအတွင်း ဟိုတယ်များကိုဆောက်လုပ်ခွင့်ပြုခဲ့ရာ
တွင် ဆောက်လုပ်ထားခဲ့သည့် Aye Yar River View Resort အဆောက်အအုံဝင်းအတွင်း
ဟိုတယ်ဘန်ဂလို အခန်းတိုးချဲ့ရန် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီသို့
တင်ပြခဲ့ပြီး ကော်မတီခွင့်ပြုချက် မရမီအချိန်တွင် ဆောက်လုပ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့တားမြစ်
ထားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

" အခုလောလောလောဆယ်မှာ ဧရာဟိုတယ်ကိုတားထားတယ်။ သူတို့ကို ဆက်ပြီးမဆောက်
လုပ်ဖို့တားထားတာပါ။ ဆက်လုပ်မယ်ဆိုရင်တော့ ဥပဒေနဲ့အညီ ဆောင်ရွက်သွားရမှာပါ" ဟု
ပုဂံမြို့ရှေးဟောင်းနယ်မြေတွင်တာဝန်ထမ်းဆောင်နေသည့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း
ယဉ်ကျေးမှုဦးစီးဌာန (ပုဂံ ရှေးဟောင်းနယ်မြေ) ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း က မြန်မာတိုင်း(မ်)ကို
ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ Aye Yar River View Resort မန်နေဂျာ ဦးထွန်းထွန်းအောင် ကို
ဇန်နဝါရီလအတွင်းက ဆက်သွယ်မေးမြန် ခဲ့ရာတွင် တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခဲ့ခြင်း မရှိဘဲ
ပြန်လည်ဆက်သွယ်ရန်သာပြောကြား ခဲ့သည်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က အဆိုပါဟိုတယ်၏
ရန်ကုန်ရုံးချုပ်နှင့် ပုဂံရှိ ဟော်တယ်သို့ ထပ်မံဆက်သွယ်ရာတွင်လည်း အဆိုပါ ကိစ္စနှင့်ပတ်သက်
၍ ပြောဆိုခွင့်မရှိကြောင်း သာ အကြောင်းပြန်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီ မြေယာနှင့် အဆောက်အအုံဌာနမှ ဌာနမှူး
ဦးမျိုးအောင်ထံ ဆက်သွယ်မေးမြန်း ခဲ့ရာတွင်လည်း ယင်းကိစ္စသည် မိမိတို့ ကိုင်တွယ် သည့်ကိစ္စ
မဟုတ်ဘဲ တိုင်းအဆင့်မှ ကိုင်တွယ် သည့် ကိစ္စဖြစ်ကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

ရှေးဟောင်း အဆောက်အအုံများရှိရာ ဒေသတွင် အဆောက်အအုံသစ်များ ထပ်မံ ဆောက်လုပ်
ခြင်းမပြုရန် ရှေးဟောင်း ယဉ်ကျေးမှုဌာနက ထုတ်ပြန်ထားခဲ့သော် လည်း သတ်မှတ်ချက်များနှင့်
ကိုက်ညီပါက အဆောက်အအုံ ထပ်မံဆောက်လုပ်ခွင့်ကိုပြုထားကြောင်း ရှေးဟောင်းယဉ်ကျေးမှု
ဦးစီး ဌာနက ယခုလ ၆ ရက်နေ့က ထုတ်ပြန် ကြေညာ ခဲ့သည်။

"ဖြစ်သင့်တာကတော့ ၀န်ကြီးဌာနကို အရင် တင်ပြမယ်။ ၀န်ကြီးဌာနကစိစစ်ပြီး ခွင့်ပြုနိုင်တဲ့ အနေ
အထားဆိုရင် ခွင့်ပြုမယ်၊ ခွင့်မပြုသင့်တဲ့ အနေအထားဆိုရင် ခွင့်မပြုဘူးပေါ့၊ ဒါပေမဲ့ ဧရာဟိုတယ်
က ခွင်ြ့ပုချက်တစ်စုံတစ်ရာ မရ သေးခင်မှာ ဆောက်နှင့်ထားပြီး ဖြစ်နေလို့ပါ" ဟု ဦးနိုင်ဝင်းက
ပြောသည်။

ပုဂံမြို့ဟောင်းအတွင်းရှိ ရှေးဟောင်းနယ်မြေများတွင် အဆောက်အအုံသစ်ထပ်မံ ဆောက်လုပ်လို
ပါက ယင်းကိစ္စများအပေါ် စည်ပင်သာယာရေး၊ မြေစာရင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ရှေးဟောင်းဌာနတို့က စိစစ် ခွင့်ပြုခြင်း ဖြစ်သည်။

"လုံးဝမလုပ်ဖို့ တားမြစ်ထားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုနောက်ပိုင်း စီးပွားရေးသမားတွေက
အတင်းတိုးချဲ့လာပြီး၊ စည်းမျဉ်းစည်းကမ်းတွေကို မျက်ကွယ်ပြုလာတဲ့ ပုံစံတွေဖြစ်လာတော့
လုံးလုံးကို တင်းကြပ်ထားရတဲ့အနေအထား ဖြစ်လာတယ်" ဟု ဦးနိုင်ဝင်း က ပြောသည်။

သို့ရာတွင် ရှေ့ဟောင်းနယ်မြေဇုန်အတွင်း အအောက်အအုံသစ်များ ဆောက်လုပ်မှု ကို တင်းကျပ်
စွာ တားမြစ်ထားခြင်းကြောင့် အဆောက်အအုံသစ် ထပ်မံဆောက်လုပ်မှု အတော်နည်းပါးသွား
ကြောင်း ညောင်ဦးမြို့မှ ကားအငှားဝန်ဆောင်ရေးလုပ်ကိုင်သူ ဦးထွန်းထွန်းဦးက ပြောသည်။

ပုဂံရှေးဟောင်းနယ်မြေအတွင်း ဟိုတယ်များဆောက်လုပ်ခြင်း၊ ဆောက်လုပ်သည့် ဟိုတယ်များက
ဒေသခံများ၏မြေယာများကို သိမ်းဆည်းခြင်းကြောင့် ဆန္ဒထုတ်ဖော်မှုများ ရှိခဲ့ပြီး ယခုနှစ်နောက်
ပိုင်း ယခင်စစ်အစိုးရ လက်ထက်ကသတ်မှတ်ပေးထားခဲ့သည့် ဇုန်နယ်မြေ ၄ တွင်သာ ဟိုတယ်
များ ထပ်မံ ဆောက်လုပ်မှုကို ခွင့်ပြုခဲ့ ကြောင်း ပုဂံမြို့သစ်တွင်နေထိုင်သူ ဦးခင်မောင်ဝင်းက
ပြောသည်။

၎င်းသည် ယခင်က ပုဂံမြို့ဟောင်းတွင်နေထိုင် ခဲ့သော်လည်း ယခင်အစိုးရလက်ထက်က ဟိုတယ်
များဆောက်လုပ်ရန် မြို့ဟောင်းတွင် နေထိုင်သူများကို မြို့သစ်များသို့ရွှေ့ပြောင်း ပေးရာတွင်
ရွှေ့ပြောင်းခဲ့ရသူဖြစ်ပြီး ၁၉၉၈ ခုနှစ် မှစတင်ခါ မြို့သစ်၌ အခြေချနေ ထိုင်ခဲ့သူ ဖြစ်သည်။

"မြို့ဟောင်းမှာသာ ဟိုတယ်တေ ွတစ်လုံးပြီး တစ်လုံး ဆောက်လုပ်ခွင့်ပြုတယ်။ အကွက်တွေ
ရိုက်ပြီး စီမံကိန်းတွေဖော်ပေးတယ်။ အခု မြို့သစ် တည်လာတာ ၂၅ နှစ်ကျော်နေပေမယ့် အခြေ
မကျနိုင်သေးဘူး။ စီမံကိန်းဆိုတာလည်း ဘယ် နေမှန်းမသိသေးဘူး။ မြို့ဟောင်းမှာကျတော့
ဟိုတယ်တွေကို ထပ်ဆောက်ခွင့်ပြုတယ်။ အခု ဒီမှာ ပုဂံမြို့သစ်ကလူတွေ ဘုန်းကြီးကျောင်း
သွားရတာဝေးလို့ မိုးကုတ်ဝိပဿနာကျောင်းလေးဆောက်ဖို့ကျတော့ ခွင့်မပြုဘူး" ဟု
ဦးခင်မောင်ဝင်းက မြန်မာတိုင်း(မ်)ကိုပြောသည်။

ပုဂံရှေးဟောင်းနယ်မြေအတွင်း အဆောက်အအုံများ ဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ ထုတ်ပြန်
ထားသောဥပဒေသည် တိကျပြတ်သားမှုမရှိခြင်းကြောင့် ယခုကဲ့သို့ ပြဿနာများ ဖြစ်ပွားခြင်းဖြစ်
ကြောင်း ဗဟိုတရားရုံးချုပ် ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။

ဥပဒေ တွင် အဆောက်အအုံသစ်ဆောက်လုပ်ရန် သတ်မှတ်ထားသည့်အချက်များနှင့် ကိုက်ညီမှု
ရှိ မရှိ စိစစ်ပြီးနောက် ခွင့်ပြုသွားမည်ဆိုသည့်အချက်သည် စိစစ်ခွင့်ပြုနိုင်ရန် သက်ဆိုင်သည့်
အဖွဲ့အစည်းများတွင် ပါ၀င်ပတ်သက်သူများကို အဂတိလိုက်စားမှုဖြစ်လာရန် တွန်းအားပေး သည့်
အချက်ဖြစ်ကြောင်း ၎င်းက ပြောသည်။

"လုံးဝထပ်မံဆောက်လုပ်ခွင့် မပြုဘူးဆို မပြုဘူးဘဲ ဖြစ်ရမယ်။ အဲဒီလိုမဟုတ်ဘဲ ဥပဒေ မှာကို အလျော့အတင်းလုပ်ထားပေးတဲ့အတွက် ဆောက်လုပ်ရန်အချက်နဲ့ ကိုက်ညီကြောင်း တင်ပြမယ်။
မကိုက်ညီရင်လည်း ကိုက်ညီ ကြောင်း အတည်ပြုပေးဖို့အတွက် ပါ၀င်ပတ်သက် သူတွေကို
လာဘ်ထိုးနိုင်မယ်။ ဆိုတော့ ဥပဒေ ကကို မပြတ်သားတဲ့အတွက် ဘေးထွက်ဆိုးကျိုး ကိုဖြစ်စေ
တာပဲ" ဟု ၎င်းက ပြောသည်။

အဆိုပါ Aye Yar River View Resort ၀င်းအတွင်း အဆောက်အအုံ ထပ်မံတိုးချဲ့ ဆောက်
လုပ်ခြင်းနှင့်ပတ်သက်၍ လတ်တလောတွင် စည်ပင်သာယာရေး ကော်ခွင့်ပြုချက်မရမီဆောက်
လုပ်ခြင်းအတွက် တားမြစ်ထားခြင်းသာဖြစ်ပြီး ဆောက်လုပ်ရန်ကိုက်ညီကြောင်း စိစစ်တွေ့ရှိပြီး
နောက်ပိုင်းမှသာ ဆောက်လုပ် ရန် သင့်မသင့်ကို ရှေးဟောင်းယဉ်ကျေးမှုဌာန က ထပ်မံစိစစ်
သွားမည်ဖြစ်ကြောင်း ဦးနိုင်ဝင်း က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်