သီလဝါအထူးစီးပွားရေးဇုန် အကောင်အထည် ဖော်ဆောင်ရေးစီမံကိန်း ဆောင်ရွက် နေသည့်
မြန်မာသီလဝါ ဟိုးဒင်း အများပိုင် ကုမ္ပဏီလီမိတက်သည် အမေရိကန် ဒေါ်လာ ၂၁ သန်းကျော်
ဖိုးရှိ အစုရှယ်ယာပေါင်း ၂ ဒသမ ၁၄၅ သန်းအား လာမည့်မတ်လ ၃ ရက်မှ စတင်ခါ ထုတ်ရောင်း
တော့မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။
မကြာမီ ထုတ်ရောင်းမည့် အဆိုပါ အစု ရှယ်ယာများ၏တန်ဖိုးမှာ ရှယ်ယာတစ်ခုလျှင်
ကျပ် ၁၀,၀၀၀ ဖြစ်ကာ ရှယ်ယာအရေအတွက် အနည်းငယ်မျှကိုသာ ၀ယ်ယူရန် အဆိုပြုသူအား
ဦးစားပေးရောင်းချမည်ဖြစ်ပြီး ရှယ်ယာ အရေအတွက်အများအပြားဝယ်ယူရန် အဆိုပြုထားသူများ
ကို ဏမသမအေေ ခေါ် ကိုတာစနစ်ဖြင့် ရောင်းချပေးမည်ဟု သီလဝါအထူးစီးပွားရေးဇုန် အကောင်
အထည်ဖော်ဆောင်ရေး ကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်က ပြောသည်။
"ဥပမာ ရှယ်ယာငါးသိန်းဖိုးလောက်ပဲ ၀ယ်မယ့်သူနဲ့ သိန်းငါးဆယ်ဖိုး၊ သိန်းငါးရာဖိုး ၀ယ်မယ့်သူ
တွေကိုယှဉ်ရင် ငါးသိန်းဖိုးလောက် ပဲ ၀ယ်မယ့်သူကို အပြည့်အဝရောင်းပြီး ကျန်တဲ့ သူကို ကျန်
တဲ့ရှယ်ယာတွေကို ကိုတာစနစ်နဲ့ ရောင်းမှာပါ"ဟု ၎င်းက ပြောသည်။
သီလဝါ အထူးစီးပွားရေးဇုန် တည်ဆောက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်သူအဖြစ် ဆောင်ရွက်နေ
သည့် မြန်မာ ဂျပန်ပူးပေါင်းတည်ထောင်ထားသော Myanmar - Japan Thilawa Development
၏ ရှယ်ယာ များကို မြန်မာဘက်မှ ၅၁ ရာခိုင်နှုန်းနျင့် ဂျပန်ဘက်မှ ၄၉ ရာခိုင်နှုန်းပိုင်ဆိုင်ရာတွင်
နှစ်ဖက်အစိုးရက နှစ်ဖက်ရှယ်ယာများ၏ ၁၀ ရာခိုင်နှုန်းစီကို ထည့်ဝင်မည်ဖြစ်ကာ ၄၁ ရာခိုင်နှုန်း
နှင့် ၃၉ ရာခိုင်နှုန်းတို့ကို နျစ်ဖက်ပုဂ္ဂလိကလုပ်ငန်းရှင်များက ထည့်ဝင်လုပ်ကိုင်ကြမည် ဖြစ်သည်။
မတ်လ ၃ ရက်တွင် စတင်ရောင်းချမည့် ရှယ်ယာများသည် မြန်မာနိုင်ငံဘက်၏ ပုဂ္ဂလိက ကဏ္ဍမှ
Myanmar Thilawa SEZ Holdings Public Ltd က ထည့်ဝင်လုပ်ကိုင်မည်ဖြစ်သော ၄၁ ရာခိုင်
နှုန်းရှယ်ယာများအနက်မှ ထုတ် ရောင်းခြင်းဖြစ်သည်။
အဆိုပါ မြန်မာ သီလဝါ အများပိုင်ကုမ္ပဏီ တွင် ပြည်တွင်း၌တည်ထောင်ထားပြီးဖြစ်သော နိုင်ငံသား
ပိုင် အများပိုင်ကုမ္ပဏီ ကိုးခုက ကနဦးရှယ်ယာရှင်များအဖြစ် ပါ၀င်လုပ်ကိုင်လျက်ရှိပြီး ထုတ်ရောင်း
မည့်ရှယ်ယာများအား ၀ယ်ယူမည့် ရှယ်ယာရှင်များသည် ကနဦး ရှယ်ယာရှင်များနှင့်တန်းတူ
ဆန္ဒပြုခွင့် ရရှိမည် ဖြစ်သည်ဟု ဦးဆက်အောင်က ကတိပြု ပြောကြားခဲ့သည်။
မြန်မာသီလဝါ ဟိုးဒင်း အများပိုင်ကုမ္ပဏီ လီမိတက်ဥက္ကဋ္ဌဖြစ်သူ ဦးဝင်းအောင်က "ကျွန်တော်တို့နဲ့
သဘောတူထားတဲ့ ဘဏ်တွေ ရဲ့ ဘဏ်ခွဲရုံးတွေကတစ်ဆင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျယ်
ကျယ်ပြန့်ပြန့်ဖြစ်အောင် ရှယ်ယာတွေကိုရောင်းချသွားမှာပါ။ ကျွန်တော် တို့ ရည်ရွယ်ချက်ကတော့
တကယ့်ကို အများပိုင် ဖြစ်ရေးပါပဲ။ မတ်လ ၃ ရက်နေ့ နောက်ပိုင်း တစ်လအတွင်းရှယ်ယာတွေကို
ရောင်းချသွား မှာပါ" ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ရှယ်ယာများကို ရောင်းချပြီးနောက် ရှယ်ယာ တစ်ဆင့်ပြန်လည်ရောင်းချရေး ဌာနကိုလည်း
တစ်ပြိုင်တည်း ဆက်လက်ဖွင့်လှစ်မည်ဟု ၎င်းက ပြောသည်။ စီးပွားရေးပညာရှင် ဦးလှမောင်က
"ဒီရှယ်ယာတွေက အထူးစီးပွားရေးဇုန်မှာ ကုန်ထုတ်လုပ်ငန်းတွေ လုပ်မယ့်လုပ်ငန်းအတွက်ရောင်း
တာမဟုတ်ဘဲ ဇုန်အကောင် အထည်ဖော်ဖို့ လုပ်မယ့်တည်ဆောက်ရေး လုပ်ငန်းအတွက် ရောင်း
တာဆိုတော့ လုပ်ငန်းအလားအလာကိုတော့ ခန့်မှန်းရခက်သေးတာပေါ့"ဟု ပြောသည်။
သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြည်တွင်း
ပြည်ပ လုပ်ငန်းရှင်များအား မြေ ငှားရမ်းမှုများကိုလည်း လာမည့် ဧပြီလကုန် သို့မဟုတ် မေလ
ဆန်းပိုင်းတွင် စတင်ငှားရမ်းမည်ဖြစ်ကြောင်း ဦးဝင်းအောင်က ပြောသည်။
"ပြင်ပစက်မှုဇုန်တွေထက် မြေငှားခ ၃၀ ရာခိုင်နှုန်းဝန်းကျင်သက်သာမှာပါ။ အခုတောင် ပြည်တွင်း
ပြည်ပကုမ္ပဏီတချို့က လာပြီးစုံစမ်း နေကြပြီ။ အထည်ချုပ်တွေ၊ ဏားသောက်ကုန်ထုတ်လုပ်ရေး
လုပ်ငန်းတွေ၊ လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းတွေ ပါတယ်"ဟု ၎င်းက ပြောသည်။
အသစ်ထုတ်ပြန်ထားသည့် အထူးစက်မှုဇုန် ဥပဒေအရ ပြည်ပလုပ်ငန်းရှင်များအနေဖြင့် မြေငှားရမ်း
မှုနှင့်စပ်လျဉ်းပြီး စုစုပေါင်းနျစ် ရ၀ အထိ ငှားရမ်းခွင့်ရှိသည်။ "အထူးစီးပွားရေးဇုန်မှာက အခွန်သက်
သာ မယ်၊ မြေငှားခသက်သာမယ်ဆိုပေမယ့် နှစ်၂၀ စာမြေငှားခကို ကာလရှည်တွက်ပြီး ပေးရမှာ
လေ။ ဒီတော့ ပြည်တွင်းလုပ်ငန်းရှင်တွေက ဒီငွေတစ်လုံးတစ်ခဲတည်းပေးပြီး လုပ်နိုင်ဖို့ မလွယ်ဘူး။
မြေငှားခကို ငါးနှစ်စာလောက်စီ ခွဲပေးပြီး လုပ်လို့ရရင်တော့ တစ်မျိုးပေါ့။ ပြင်ပ စက်မှုဇုန်မှာက
တစ်နှစ်ချင်းငှားခပေးပြီး လုပ်လို့ ရတယ်လေ"ဟု စီးပွားရေးလုပ်ငန်းရှင်ဦးမြတ်သင်းအောင်က
မြန်မာတိုင်း(မ်) ကို ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် များလက်ရှိမြေငှားခနှုန်းထားမှာ ပျှမ်းမျှအား ဖြင့်
၁ စတုရန်းပေလျှင် တစ်လစာအတွက် ၂၂၅ ကျပ်မှ ကျပ် ၃၀၀ အတွင်း ရှိသည်ဟု စီးပွားရေး
လုပ်ငန်းရှင်များက ပြောသည်။
သီလဝါအထူးစီးပွားရေးဇုန်၏ စက်မှုလုပ်ငန်း များစီမံကိန်းဧရိယာသည် စုစုပေါင်း ၅,၇၈၇ ဒသမ
၁၇၈ ဧကဖြစ်ကာ စီမံကိန်းပထမအဆင့် ဧရိယာ (Class A) သည်၉၇၅ ဒသမ ၆၉၁ ဧကရှိသည်။
အဆိုပါ အကျယ်အဝန်းတွင် ဧက ၄၀၀ ကို မြေယာပြုပြင်ခြင်း၊ လမ်းဖောက်ခြင်း လုပ်ငန်းများ
ဆောင်ရွက်နေခြင်းဖြစ်ကာ ဆောင်ရွက်မှု ရ၀ ရာခိုင်နှုန်းအထိ ပြီးစီးပြီ ဖြစ်ပြီး အမေရိကန်ဒေါ်လာ
သန်း ၁၈၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းကြောင်း ဦးဆက်အောင် က ပြောသည်။
ဦးဝင်းအောင်က "မြန်မာဘက်က ကုန်ကျ မယ့် ဒေါ်လာသန်း ၉၀ ကို သန်း ၄၀ ကျော် ကျော်
လောက်နဲ့ဖြစ်အောင် လုပ်သွားမှာပါ။ သဘောကတော့ စီမံကိန်းမပြီးခင် မြေငှားခကနေ ရမယ့်
ပိုက်ဆံတွေကို ထပ်ပြီးရင်းနှီးမြှုပ်နှံသွား မှာပါ။ ဒီပမာဏနဲ့ မလောက်မှပဲ အခုရောင်းမယ့် ရှယ်
ယာ ၂ ဒသမ ၁၄၅ သန်းအပြင် နောက်ထပ် ရှယ်ယာအသစ် ထုတ်ရောင်းမှာပါ" ဟု ပြော
သည်။
အဆိုပါရှယ်ယာများအား ၀ယ်ယူသည့် ရှယ်ယာရှင်များသည် ပြည်တွင်းရှိ အခြားသော အများပိုင်
ကုမ္ပဏီများက ယင်းတို့၏ရှယ်ယာ ရှင်များအား တစ်နှစ်လျှင်အမြတ် ရာခိုင်နှုန်းနှင့် တူသော
အကျိုးအမြတ်များအား ရရှိမည်မဟုတ် ဘဲ ရှယ်ယာဈေးမြင့်တက်မှုအကျိုးအမြတ်ကို သာ အဓိက
ခံစားရမည်ဟု ဦးဆက်အောင်က ပြောသည်။
"သီလဝါအထူးစီးပွားရေးဇုန်ကို နိုင်ငံတကာ ပုံစံအတိုင်းဖော်ဆောင်မှာဆိုတော့ ဖွံ့ဖြိုးမှုသိပ်မရှိသေး
တဲ့ အများပိုင်ကုမ္ပဏိကလည်း ရှယ်ယာတွေကို နိုင်ငံတကာ ကျင့်ထုံးအတိုင်းပဲ စီမံဆောင်ရွက်မှာ
ပါ။ နိုင်ငံတကာမှာက ရှယ်ယာဝယ်တာဟာ Share Appreciation လို့ ခေါ်တဲ့ ရှယ်ယာဈေးတက်
တာကို လိုချင်လို့ပါ။ မြန်မာနိုင်ငံမှာကတော့ Dividend ဆိုတဲ့ နျစ်စဉ် အမြတ်တွေကို လိုချင်လို့
ရှယ်ယာဝယ်တာများ တယ်။ ဒီလိုသာ နျစ်စဉ်အမြတ်ရာခိုင်နှုန်းတွေအများကြီးထုတ်ပေးနေရင်
စတော့ဈေးကွက်ကို ၀င်တဲ့အခါ ရှယ်ယာဈေး အချိန်တိုအတွင်း အတက်အကျ အရမ်းများနိုင်
ပါတယ်။ ဒီအတွက် နိုင်ငံတကာမှာလိုပဲ နှစ်စဉ်အမြတ်ကို တစ်ရာခိုင်နှုန်း၊ နျစ်ရာခိုင်နှုန်းလောက်
စီပဲ ပုံမှန်နှုန်းနဲ့ ထုတ်ပေးနေမှာပါ။ အဓိကတော့ Share Appreciation ကိုပဲ ခံစားရပါမယ်"ဟု
၎င်းက ပြောသည်။
အဆိုပါရှယ်ယာများအား မြန်မာသီလဝါဟိုးဒင်းအများပိုင်ကုမ္ပဏီနှင့် သဘောတူညီချက် ရရှိထား
သော ဧရာဝတီ၊ မြန်မာ့ရှေ့ဆောင်၊ ဥမဝါယမ၊ ရိုးမနှင့် ကမ္ဘောဇ အစရှိသည့် ဘဏ်ခွဲများမှတစ်ဆင့်
ရောင်းချသွားမည်ဖြစ် ကာ အသက် ၁၈ နှစ်ပြည့်ပြီးသူ မြန်မာ နိုင်ငံသား မည်သူမဆို ၀ယ်ယူနိုင်
မည် ဖြစ်သည်။
















