အဆင့်မြှင့်ပြောင်းလဲမည့် ရုပ်ရှင်ရုံနေရာဟောင်းများ ပုံမပေါ်သေး

အဆင့်မြှင့်ပြောင်းလဲမည့် ရုပ်ရှင်ရုံနေရာဟောင်းများ ပုံမပေါ်သေး

မြန်မာရုပ်ရှင်လုပ်ငန်းက လွန်ခဲ့သည့်နှစ်နှစ်ခန့် က ရန်ကုန်မြို့တွင် နှစ်ရှည်စီမံကိန်းဖြင့်ငှားရမ်း
ထားသည့် နိုင်ငံပိုင်ရုပ်ရှင်ရုံအချို့အား ပုဂ္ဂလိက လုပ်ငန်းရှင်များထံ အပြီးပိုင်ရောင်းချ ပြီးသည့်
နောက်ပိုင်းတွင် လုပ်ငန်းရှင်အများစု မှာ ယင်းရုပ်ရှင်ရုံနေရာများတွင် ခေတ်မီအထပ် မြင့်အဆောက်
အအုံများနှင့်အတူ အသေးစား ရုပ်ရှင်ရုံများကို ထည့်သွင်းတည်ဆောက်ရန် ပြင်ဆင်မှုများ
ရှိလာသည်။

မြန်မာ့ရုပ်ရှင်လုပ်ငန်းနှင့် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မတီကလည်း ပုဂ္ဂလိကလုပ်ငန်း များထံ
နှစ်ရှည်စီမံကိန်းဖြင့် ငှားရမ်းထားရှိ သောရုပ်ရှင်ရုံများကို ၂၀၁၃ ခုနှစ်၊ ဇွန်လခန့်မှ စတင်ခါ ပြသမှု
ပုံစံနှင့် ရုပ်ရှင်ရုံအပြင်အဆင် များ ပြောင်းလဲရန် တရားဝင် သတင်းထုတ်ပြန် ခဲ့သည်။

သို့သော် ၂၀၁၄ ခုနှစ်သို့ စတင်ကူးပြောင်းလာခဲ့ပြီဖြစ်သော်လည်း ရန်ကုန်မြို့တွင် အဆင့်မြင့်
ရုပ်ရှင်ရုံများနှင့် ခေတ်မီအထပ်မြင့်အဆောက် အအုံအဖြစ်ပြောင်းလဲ တည်ဆောက်ရန်ဖြိုဖျက်
ထားသည့် ပုဂ္ဂလိကပိုင်ရုပ်ရှင်ရုံများမှာ ယခု အချိန်ထိ ရုပ်လုံးပေါ်မလာသေးပေ။

လက်ရှိရန်ကုန်မြို့တော်အပါအဝင် မြန်မာ နိုင်ငံတစ်ဝန်းရှိမြို့များတွင်လည်း ရုပ်ရှင်ရုံ လုပ်ငန်းနှင့်
အဆင့်မြင့်ရုပ်ရှင်ရုံများမှာ လက်ချိုး ရေတွက်နိုင်သည်အထိ နည်းပါးနေသေးသည်။ လုပ်ငန်းရှင်
များမှာလည်း ရုပ်ရှင်ရုံလုပ်ငန်း တစ်ခုတည်းနှင့်ပင် စီးပွားဖြစ်မရပ်တည်နိုင် သည့်အတွက် အဆင့်
မြှင့်ပြင်ဆင်ကာ ဒစ်ဂျစ် တယ်စနစ်သုံးရုပ်ရှင်ပြသမှုများကို ကူးပြောင်း ရန်မလွယ်ကူနိုင်သည့်
အတွက် ကြန့်ကြာနေကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်ရုံကော်မတီမှ ဥက္ကဋ္ဌ ဦးဌေးအောင်က
မြန်မာတိုင်း(မ်) ကို ပြောသည်။

"ဖလင်စနစ်နဲ့ပြသနေတဲ့ အရင်ရုပ်ရှင်ရုံအဟောင်းတွေကို အဆင့်မြင့်အောင်ပြုပြင်ရ မယ်ဆိုရင်
ရင်းနှီးမြှုပ်နှံမှုပိုင်းက အတော်ကိုများ ပါတယ်။ ရုပ်ရှင်ပြစက်ပြောင်းရမယ်၊ ထိုင်ခုံတွေ ပြောင်းရမယ်၊
ပြီးတော့ ရုံအပြင်အဆင်နဲ့ လေအေး ပေးစက်တွေတပ်ပြီးတော့ အဆင့်မြင့်တဲ့ရုပ်ရှင်ရုံပြောင်းမယ်
ဆိုရင် အနည်းဆုံး သိန်းနှစ်ထောင် ကနေ သုံးထောင်လောက် ကုန်ကျမှာပါ။ ပြုပြင် မယ့်သူတွေ
ကလည်း ဒီစရိတ်ကို ပြန်ကာမိနိုင်မ လားလို့ တွေးနေကြတယ်။ ဒီတော့ ပြောင်းလဲမှု က ကြန့်ကြာ
နေတာပါ" ဟု ၎င်းက ပြောသည်။

၀ယ်ယူထားသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များ မှာလည်း ရုပ်ရှင်ရုံလုပ်ငန်းတစ်ခုတည်းနှင့် စီးပွားဖြစ်
မရပ်တည်နိုင်သည့်အတွက် ရန်ကုန်မြို့တွင် လိုအပ်လျက်ရှိသော မြေနေရာ နှင့် ခေတ်မီအထပ်မြင့်
အဆောက်အအုံများ အတွက် ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ပူးပေါင်းကာ တည်ဆောက်မှုများ
ပြုလုပ်ကြမည် ဖြစ်ကြောင်း ဦးဌေးအောင်က ပြောသည်။

"အစိုးရကနေပြန်ဝယ်ထားတဲ့ တချို့ရုပ်ရှင် ရုံတွေက ဆောက်လုပ်ရေးလုပ်ငန်းနဲ့ပူးပေါင်း ပြီး အထပ်မြင့်အဆောက်အအုံတွေဆောက်ဖို့ ပြုလုပ်နေတာတွေ တွေ့ရပါတယ်။ အဆောက်အအုံ
ထဲမှာ ဈေးဝယ်စင်တာတွေထည့်ဆောက် မယ်၊ လူနေထိုင်ဖို့ ကွန်ဒိုတိုက်ခန်းတွေထည့်ဆောက်
မယ်ဆိုရင် ရုပ်ရှင်ရုံလုပ်ငန်းအပြင် တခြားလုပ်ငန်းတွေကလည်း အကျိုးအမြတ်တွေရလာမှာ။
ရုပ်ရှင်ရုံလုပ်ငန်း တစ်ခုတည်းနဲ့ ကတော့ အခုခေတ်မှာ ဘယ်လိုမှမရပ်တည်နိုင် ဘူး" ဟု ၎င်းက
ပြောသည်။


 

သို့သော် ရန်ကုန်မြို့တွင် အထပ်မြင့်ဆောက် လုပ်ရန်အတွက် ရုပ်ရှင်ရုံအချို့မှာ ဖြိုဖျက်ထား
သည်မှာ ကြာမြင့်ခဲ့ပြီးဖြစ်သော်လည်း ယခုအချိန် ထိ အကောင်အထည် ပေါ်မလာသေးပေ။ ထို
ကဲ့သို့ အကောင်အထည်မပေါ်သေးသည့် အခြေအနေများမှာလည်း အထပ်မြင့်ဆောက် လုပ်ရေး
အတွက် ဆောင်ရွက်မှုအဆင့်များ မပြီး မြောက်နိုင်သည့်အတွက် ကြာမြင့်နေခြင်းဖြစ် ကြောင်း
ဆုထူးပန်ရုပ်ရှင်ရုံအား ပြန်လည်ပြု ပြင်တည်ဆောက်မည့် ၀ါ၀ါ၀င်းရုပ်ရှင်လုပ်ငန်း မှ ဒေါ်ဝါ၀ါ၀င်း
ရွှေက ပြောသည်။

"အရင်က ၁၃ နှစ်လောက် အစိုးရဆီကနေ အငှားယူခဲ့တယ်။ ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်း လောက်မှာ
အစိုးရဆီကနေဝယ်ယူထားတာပါ။ အဲဒီအချိန်မှာ ရုံကလည်းဟောင်းနွမ်းနေပြီဆိုတော့ ဖြိုဖျက်ပြီး
အထပ်မြင့်အဆောက်အအုံ ဆောက်ပြီး အထဲမှာ အသေးစားရုပ်ရှင်ရုံ လေးတွေ ထည့်သွားဖို့
စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ အထပ်မြင့်ဆောက်ဖို့က မှန်းသလောက် မလွယ် ဘူး။ ရုံးလုပ်နည်းတွေ
အရ အဆင့်ဆင့်သွား ရတယ်။ အခုလည်းလုပ်နေတုန်းပါပဲ ဒါပေမဲ့ ဒီနှစ်ထဲမှာ အကောင်အထည်
ဖော်နိုင်အောင် တော့ ကြိုးစားနေပါတယ်"ဟု ၎င်းကပြောသည်။

ထို့ပြင် ရန်ကုန်မြို့၏ လက်ရှိရုပ်ရှင်ရုံလုပ်ငန်း အခြေအနေများကြောင့် နောက်ပိုင်းတွင် ရုပ်ရှင် ရုံ
များမှာ အသေးစားရုပ်ရှင်ရုံများအဖြစ်သို့ ပြောင်းလဲသွားနိုင်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်
သည်။

"အရင်တုန်းက ရုပ်ရှင်ရုံတစ်ရုံကို ခုံ ၈၀၀ က နေ ၉၀၀ ဆံ့တဲ့ရုံကြီးတွေက အကုန်လုံးရုံပြည့်
တယ်။ အခုနောက်ပိုင်းမှာ ခုံ ၃၀၀ လောက်တောင် မပြည့်ချင်ဘူး။ ရုပ်ရှင်ရုံလူဝင်နှုန်းက သုံးပုံ
တစ်ပုံလောက်ပဲ ရှိတော့တဲ့အခြေအနေ ဆိုတော့ နောက်ပိုင်းမှာရုံပိုင်ရှင်တွေက ထိုင်ခုံ ၂၀၀
ကနေ ၃၀၀ ပဲဆံ့တဲ့ အသေးစားရုပ်ရှင်ရုံတွေတည်ဆောက်ဖို့ပဲ များလာတော့တယ်" ဟု
ရွှေမန်းရုပ်ရှင်ရုံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးသက်ကပြောသည်။

မြန်မာနိုင်ငံ ရုပ်ရှင်လုပ်ငန်းမှာလည်း ယခင် ရုပ်ရှင်ရုံအဟောင်းများကို ပိုင်ဆိုင်ထားသည့် သူများ
မှာ ခေတ်မီအထပ်မြင့် အဆောက်အအုံ ပြန်လည်တည်ဆောက်မည်ဆိုပါက အနည်းဆုံး အသေး
စားရုပ်ရှင်ရုံ နှစ်ရုံခန့် ထည့်သွင်းတည်ဆောက်ရန် ထုတ်ပြန်ထားပြီးဖြစ်သည်။ သို့သော် အစိုးရက
ပုဂ္ဂလိကလုပ်ငန်းရှင်များ ထံ ရောင်းချထားသည့် ရုပ်ရှင်ရုံများမှာ ရန်ကုန် မြို့တွင် ၁၀ ရုံခန့်ရှိပြီး
အချို့သောလုပ်ငန်းရှင် များမှာ ဆောက်လုပ်ရေးလုပ်ငန်းများထံ ပြန်လည် ရောင်းချမှုများလည်း
ရှိသည်။

ဆောက်လုပ်ရေး လုပ်ငန်းရှင်များမှာ ရုပ်ရှင်ရုံမြေနေရာများကို ရွေးချယ်ဆောက်လုပ်ခြင်းမဟုတ်ဘဲ
အဆောက် အအုံတည်ဆောက်ရန် နေရာအချက်အချာကျကာကောင်းမွန်ပြီး ရန်ကုန်မြို့တော်
စည်ပင် သာယာက ခွင့်ပြုပါက မည်သည့်နေရာတွင်မဆိုတည်ဆောက်နိုင်မည်ဖြစ်ကြောင်း
နိုင်ဂရု(ပ်) ဆောက်လုပ်ရေးလုပ်ငန်းမှ လုပ်ငန်းပိုင်းဆိုင်ရာ အရာရှိဖြစ်သူ ဦးစောမြင့်အောင်က
ပြောသည်။

ယင်းကဲ့သို့ ရုပ်ရှင်ရုံမြေနေရာများတွင် အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ် လာခြင်း
များနှင့် ပတ်သက်၍ ဆောက်လုပ် ရေးလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဖြစ်သူ ဦးသာဌေးက
အဆောက်အအုံများ ထဲတွင် ရုပ်ရှင်ရုံများ ပြန်လည်ထည့်သွင်း တည်ဆောက်ပေးခြင်းက
ပိုမိုကောင်းမွန်ကြောင်း ပြောသည်။

"ဆောက်လုပ်ရေး လုပ်ငန်းတွေကတော့ ရုပ်ရှင်ရုံမြေနေရာတွေဆိုပြီး ရွေးပြီးဆောက်တာ တော့
မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ရုပ်ရှင်ရုံ နေရာမှာ အထပ်မြင့်အဆောက်အအုံဖြစ်ပြီး ရုပ်ရှင်ရုံ ပြန်
မဖြစ်လာဘူးဆိုရင်တော့ ရုံတွေအားနည်းလာမှာပေါ့။ ပြန်ပြီးထည့်သွင်းတည်ဆောက်ပေးတာ
က ပိုကောင်းပါတယ်။ တခြား နိုင်ငံတွေမှာလည်း ဒီလိုပဲအဆောက်အအုံတွေထဲမှာ ရုပ်ရှင်ရုံတွေ
ပြန်ထည့်ပြီး တည်ဆောက်နေကြတာပါပဲ" ဟု ၎င်းက ပြောသည်။

ရုပ်ရှင်ရုံလုပ်ငန်းမှာ ရန်ကုန်မြို့တွေသာမက အခြားမြို့ကြီးအချို့နှင့် နယ်မြို့နယ်များတွင် လည်း
အားနည်းသည့်အတွက် ယင်းဒေသများ တွင်လည်း တိုးတက်ရန်လိုအပ်ကြောင်း ဦးဌေးအောင်က
ပြောသည်။

ရုပ်ရှင်ရုံလုပ်ငန်းမှာ ရန်ကုန်မြို့တွေသာမက အခြားမြို့ကြီးအချို့နှင့် နယ်မြို့နယ်များတွင် လည်း
အားနည်းသည့်အတွက် ယင်းဒေသများ တွင်လည်း တိုးတက်ရန် လိုအပ်ကြောင်း ဦးဌေးအောင်
က ပြောသည်။

"ရုပ်ရှင်ရုံလုပ်ငန်းက ရန်ကုန်မှာရှိသလိုမျိုး တခြားမြို့ကြီးတွေနဲ့ နယ်မြို့တွေမှာလည်း ရှိသင့်တယ်။
တချို့မြို့တွေဆိုရင် ရုပ်ရှင်ရုံရှိပေ မယ့် မပြဘဲထားတာတို့။ တချို့ဆိုရင် အစိုးရ ဆီကဝယ်ထားပြီး
မှ ရုပ်ရှင်မပြစားပဲ ဂိုဒေါင် လုပ်ပစ်တာတွေ ရှိတယ်" ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့တွင် ရုပ်ရှင်ရုံစုစုပေါင်းမှာ ရုပ်ရှင် လုပ်ငန်းလက်အောက်တွင် မြန်မာရုပ်ရှင် ဇာတ်ကား
များသာပြသသည့် ရုံပေါင်း ၂၀ ခန့် သာရှိပြီး အစိုးရမှ ရောင်းချထားသည့် ရုံမှာ ၁၀ ရုံ ၀န်းကျင်
ခန့်ရှိကာ ခေတ်မီအထပ်မြင့် အဆောက်အအုံ ပြန်လည်တည်ဆောက်ရန် ဖြိုဖျက်ထားသည့် ရုံ
မှာ သုံးလေးရုံခန့်ရှိသည်။ အစိုးရက လက်ရှိငှားရမ်းထားသည့် ရုပ်ရှင်ရုံ များအား ဒစ်ဂျစ်တယ်
စနစ်ပြသမှုနှင့် အဆင့် မြင့်ရုပ်ရှင်ရုံများအဖြစ်ပြောင်းလဲမှသာ ငှားရမ်း မှု နှစ်ရှည်အား ရှစ်နှစ်အထိ
တိုးပေးသွားမည် ဖြစ်ပြီး မပြောင်းလဲပါက ရုံများအား ပိတ်သိမ်း သွားမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်