လာမည့်နှစ် တိရစ္ဆာန်ရုံဝင်ကြေး ပိုလာနိုင်

လာမည့်နှစ် တိရစ္ဆာန်ရုံဝင်ကြေး ပိုလာနိုင်

ပုဂ္ဂလိကမှ တာဝန်ယူဆောင်ရွက်နေသော ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ငှားရမ်းခမှာ လာမည့်နှစ်၂၀၁၅
ခုနှစ် ဒုတိယအကြိမ်စာချုပ်ချုပ်ဆိုမှုတွင် ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်မည်ဖြစ် သောကြောင့်
ရုံဝင်ကြေးပါမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

သစ်တောဝန်ကြီးဌာန လက်အောက်ရှိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ၂၀၁၁ ခုနှစ်၊ ဧပြီလ မှစတင်ခါ
ထူးကုမ္ပဏီသို့ ၁၀ နှစ်သက်တမ်း စာချုပ်ဖြင့် ငှားရမ်းခဲ့သည်။ အဆိုပါစာချုပ် အရ နှစ်နှစ်တစ်ကြိမ်
ပြန်လည်ချုပ်ဆိုခွင့်ရှိမည်ဖြစ်ကာ တစ်ကြိမ်ချုပ်ဆိုမှုတွင် ၁၀ ရာခိုင်နှုန်း ထက်မပိုသော ငှားရမ်းခ
တိုးမြှင့်နိုင်သည်။

လက်ရှိ တိရစ္ဆာန်ရုံဝင်ကြေးနှုန်းထားများမှာ ကလေး ကျပ် ၅၀၀၊ လူကြီးကျပ် ၁,၀၀၀ ဖြစ်သည်။
"အခုစာချုပ်သက်တမ်းရဲ့ ဒုတိယအကြိမ် ချုပ်ဆိုမှုကိုရောက်နေပြီ။ ဒုတိယအကြိမ် ချုပ်ဆို ခဲ့
တုန်းက ကျပ်သန်း ရ၀၀ ပဲဖြစ်ပြီး တိုးမြှင့်တာ မျိုးတွေ မလုပ်ခဲ့ဘူး။ ဒါပေမဲ့ ရန်ကုန်တိရစ္ဆာန်ရုံ
က မန္တလေးရတနာပုံနဲ့ နေပြည်တော်က တိရစ္ဆာန်ရုံတွေနဲ့ယှဉ်ရင် အမြတ်အစွန်းပို ရတဲ့အတွက်
တိုးမြှင့်ဖို့စဉ်းစားထားတယ်။ ထူးကုမ္ပဏီနဲ့ ဆွေးနွေးရဦးမယ်"ဟု သစ်တောဝန်ကြီးဌာန၏ ရန်ကုန်
တိုင်းဒေသ ညွှန်ကြား ရေးမှူး ဦးကျော်ကျော်လွင်က ပြောသည်။

၂၀၁၂-၂၀၁၃ဘဏ္ဍာနှစ်က တိရစ္ဆာန်ရုံသို့ လာရောက်လည်ပတ်သူဦးရေမှာ ၆၀၀,၀၀၀ ကျော်ရှိပြီး
၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ကမူ တစ်သန်းကျော်ခဲ့သည်။ ယခုနှစ်တွင်မူ ယမန်နှစ်ထက်
၀င်ရောက်သူပိုများရန် ခန့်မှန်း ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်