ရန်ကုန်မြို့တွင်း အချက်အချာကျသည့် မြို့လယ်လမ်းမတန်းများပေါ်တွင် တည်ရှိသည့်ဆိုင်ခန်း
ဈေးများမှာ အဆမတန်မြင့်မားလျက်ရှိပြီး အချို့ဆိုင်ပိုင်ရှင်များမှာ နေရာပြောင်းရွှေ့ သွားကြကြောင်း
အိမ်ခြံမြေအကျိုးဆောင် များက ပြောသည်။
မြို့၏အချက်အချာကျသည့် နေရာများတွင် အိမ်ခြံမြေဈေးကွက်မှာ အတက်ဘက်သို့သာ ဦးတည်
နေပြီး ယခုအခါ နိုင်ငံတကာနှင့် ဆက်သွယ်မှုများလည်း ပိုမိုကျယ်ပြန့်လာကာ ပစ္စည်းများရောင်း
ချရန် ဆိုင်ခန်းများ လိုအပ်လာသည့် အတွက် မြို့လယ်ရှိဆိုင်ခန်းအငှားဈေးကွက်မှာ အဆမတန်
တက်နေကြောင်း စိုင်းခွန်နောင် အိမ်ခြံမြေမှ အထွေထွေမန်နေဂျာ ဦးရန်အောင် က ပြောသည်။
"မြို့ထဲလမ်းမတန်းက အငှားဈေးတွေက မြေညီထပ်က ၁၅ ပေလောက်အကျယ်ရှိတဲ့ အခန်းတွေ
ဆိုရင် တစ်လကို ၂၅ သိန်းကနေ စပြီး သိန်း ၅၀ နဲ့ ၁၀၀ ၀န်း ကျင်လောက်ရှိတယ်။ အရောင်းပြ
ခန်းဖွင့်မယ်ဆိုရင်တော့ ဈေးက တစ်မျိုးပေါ့"ဟု ၎င်းက ပြောသည်။ ရန်ကုန်မြို့၏ အချက်အချာ
ကျသည့် မြို့လယ်လမ်းမများသည် စီးပွားရေးပြုလုပ်ရာ တွင် အရေးပါသည့်နေရာများဖြစ်သည့်
အတွက် ဈေးမှာပုံမှန်တက်နေပြီး ငှားရမ်းမည့်သူများ၍ ဆိုင်ခန်းနည်းနေသည့်အတွက် ဈေးမှာ
အတက် ဘက်သာဦးတည်နေကြောင်း အိမ်ခြံမြေအကျိုး ဆောင်များက ပြောသည်။
"မြို့ထဲဘက်ကဆိုင်ခန်းတွေက တစ်နှစ် တစ်ခါ စာချုပ်ပြီးငှားကြတာများတယ်။ တစ်ခါ ချုပ်ပြီး
နောက်တစ်ခါထပ်ချုပ်ရင် ဈေးကတက် သွားတာပဲ။ တချို့ဒီဘက်က ဆိုင်ခန်းဈေးကို မတတ်နိုင်တဲ့
သူတွေကတော့ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ မရမ်းကုန်းနဲ့ ပုဇွန်တောင်ဘက် က လမ်းမတန်း
တွေကို ပြောင်းငှားကြတယ်"ဟု ရွှေကံမြေ အိမ်ခြံမြေမှ ဦးခင်မောင်အေးက ပြောသည်။
ရန်ကုန်မြို့လယ် လမ်းမတန်းပေါ်ရှိ ဆိုင်ခန်း ဈေးနှုန်းများ မြင့်မားမှုကြောင့် ဆိုင်ပိုင်ရှင်အချို့ သည်
ဈေးသင့်သည့် အခြားဆင်ခြေဖုံးမြို့နယ်များရှိ လမ်းမတန်းများသို့ ပြောင်းရွှေ့ဖွင့်လှစ် ခြင်းကြောင့်
၎င်းနေရာများတွင်လည်း ဈေးနှုန်းများမြင့်တက်လာကြောင်း ထိုနေရာတွင် နေထိုင်သူများက ပြော
သည်။
"တောင်ဥက္ကလာနဲ့ သင်္ဃန်းကျွန်းလမ်းမတွေ ဆိုရင် ဈေးနှုန်းတွေတက်လာတယ်။ ရတနာ လမ်းမ
ပေါ်မှာဆို ရင် ပေ ၄၀ ထ ၆၀ ကို တစ်လ သိန်း ၅၀ ၀န်းကျင် ပေးရတယ်။ တချို့နေရာ တွေက
တော့ သိန်း ၃၀ ၀န်းကျင်လောက်ရှိတယ်"ဟု မြပန်းသခင်အိမ်ခြံမြေမှ ကိုမင်းမင်း စိုးက ပြောသည်။
ဆိုင်ခန်းများငှားရမ်းသည့်အခါ အချို့မှာ တစ်နှစ်စာချုပ်ချုပ်ကြပြီး နှစ်ဦးသဘောတူညီမှုနဲ့ တစ်နှစ်
လျှင်ရာခိုင်နှုန်းမည်မျှတက်မည်ကို ကြိုတင်သဘောတူညီမှုများရှိကြပြီး အချို့မှာမူ ကာလပေါက်
ဈေးပေါ်မူတည်၍ ဈေးတက် ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
မြို့လယ်လမ်းမတန်းရှိ မြေညီထပ်တိုက်ခန်းအငှားဈေးကွက်မှာ မြင့်တက်လျက်ရှိသကဲ့သို့ ပထမ
ထပ်တွင် ဆိုင်ခန်းဖွင့်ရန် သင့်တော်သည့် အတွက် ဈေးနှုန်းများလည်း မြင့်တက်လာပြီး ၁၅ ပေ
အကျယ်ခန့်ရှိ တစ်ခန်းကို အနည်းဆုံး တစ်လလျှင် ကျပ် ၅၀၀,၀၀၀ ၀န်းကျင်ရှိကြောင်း လသာမှ
အိမ်ငှားနေထိုင်သူတစ်ဦးက ပြော သည်။
"ကျွန်တော်က ၀ယ်ယူသူတွေအဆင်ပြေပြေ နဲ့ ၀ယ်လို့ရအောင်ဖွင့်ချင်လို့ မြို့ထဲမှာပဲရွေး ပြီး
ဖွင့်ဖြစ်တာပါ။ ဆိုင်ခန်းခကဈေးကြီးပေမယ့် လည်း ရောင်းအားက ကောင်းနေမယ်ဆိုရင် တော့
အဆင်ပြေပါတယ်။ ဆိုင်ခန်းငှားခက အိမ်ရှင်ရဲ့ အခြေအနေပေါ်မှာလည်း အဓိက မူတည်နေပါ
သေးတယ်။ တချို့က အဆင်ပြေ ပေမယ့် တချို့တွေကတော့ တဖြည်းဖြည်းနဲ့ တိုးပြီးတောင်း
တယ်။ ဆိုင်ခန်းငှားခ ဈေးတက် ပြီး ရောင်းအားကပုံမှန်ပဲဆိုရင်တော့ အဆင် မပြေဘူး"ဟု
ဗိုလ်အောင်ကျော်လမ်းမပေါ်တွင် ဖွင့်လှစ်ထားသော RUN YGN အထည်ဆိုင်က ပြောသည်။















