ဂိုးဒင်းစီးတီး စီမံကိန်းအား ၂၀၁၇ နှစ် ကုန်ပိုင်းတွင် အပြီးတည်ဆောက်ရန် ရည်ရွယ်ထား

ဂိုးဒင်းစီးတီး စီမံကိန်းအား ၂၀၁၇ နှစ် ကုန်ပိုင်းတွင် အပြီးတည်ဆောက်ရန် ရည်ရွယ်ထား

ရန်ကင်းမြို့နယ်ရှိ ယခင် စီအမ်အေရုံးဝင်းအတွင်း တည်ဆောက်လျက်ရှိသည့် ကြယ်ငါးပွင့်အဆင့်
မီ ဟိုတယ်တစ်လုံးနှင့် ဈေးဝယ်စင်တာ ပါ၀င်သော Golden City စီမံကိန်းအား ၂၀၁၇ နှစ် ကုန်ပိုင်း
တွင် အပြီးတည်ဆောက်ရန် ရည်ရွယ်ထားကြောင်း စီမံကိန်းတည်ဆောက်ရေး တာဝန်ယူထား
သည့် ကုမ္ပဏီ၏ဥက္ကဌဖြစ်သူကပြောသည်။

အမေရိကန် ဒေါ်လာ သန်း ၂၃၀ ရင်းနှီးမြှုပ်နှံကာ အကောင်အထည်ဖေါ်မည့် ထိုစီမံကိန်းကို
အဆင့် သုံးဆင့် ခွဲကာဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမအဆင့်အတွက် အမေရိကန်ဒေါ်လာ
၈၅သန်း အကုန် အကျခံကာ ၂၀၁၆တွင်အပြီးတည်ဆောက်မည်ကြောင်း၊ ဒုတိယအဆင့်အတွက်
ဒေါ်လာ သန်း၉၀ နှင့် သန်း၁၀၀ အထိလျာထားကြောင်း တည်ဆောက်ရေးတာဝန်ယူထားသည့်
စင်ကာပူနိုင်ငံအခြေစိုက် Golden Land အိမ်ခြံမြေလုပ်ငန်းကုမ္ပဏီ ဥက္ကဌဖြစ်သူ မစ္စတာ
Alex Zhu ကမြန်မာတိုင်း(မ်)ကို ပြောသည်။

ကျန်ရှိနေသေးသော ငွေကြေးပမာဏဖြင့် စီမံကိန်း၏ နောက်ဆုံး တတိယအဆင့်အတွက် ဆက်
လက်ထည့်သွင်း တည်ဆောက်သွားမည်ကာ စီမံကိန်း တစ်ခုလုံးအား ၂၀၁၇ နှစ်ကုန်ပိုင်း အတွင်း
အပြီးသတ်ရန် ရည်ရွယ်ထားကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါ Golden Land ကုမ္ပဏီသည် မြန်မာနိုင်ငံမှ Nature Link ကုမ္ပဏီနှင့် ပူးပေါင်းပြီး တည်
ဆောက်ရေးလုပ်ငန်းများကို လုပ်ကိုင်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က
လွန်ခဲ့သော စက်တင်ဘာလ ကလုပ်ပိုင်ခွင့်ချပေးခဲ့ပြီး ဖြစ်ကြောင်း မစ္စတာ Alex Zhu က
ရှင်းပြသည်။

အဆင့်မြင့် နည်းပညာသုံး အထပ်မြင့် မိုးမျှော်လူနေအဆောက်အဦး ကိုးလုံး ၊ကြယ်ငါးပွင့်အဆင့်မီ
ဟိုတယ်တစ်လုံးနှင့် ဈေးဝယ်စင်တာ ၊ နှစ်ရှည်ဝန်ဆောင်မှုပါ နေအိမ်အခန်းများနှင့်ရုံးခန်းများပါ
အဆောက်အဦးတစ်လုံး စုစုပေါင်းအဆောက်အဦး ၁၁လုံးပါ Golden City စီမံကိန်းအား ဆောင်
ရွက်ခွင့်ကို စင်ကာပူနိုင်ငံမှ Uni Global Power လီမိတက်က လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်ပြီး
အဆိုပါ စီမံကိန်းအား လွန်ခဲ့သော အပတ်က တရားဝင်ဖွင့်လှစ်ပြသခဲ့သည်။

Uni Global Power လီမိတက်မှ ရင်းနှီးမြှုပ်နှံသည့် ဤစီမံကိန်းတွင် Golden Land အိမ်ခြံမြေ
လုပ်ငန်းကုမ္ပဏီ အပြင် နိုင်ငံတကာမှ နာမည်ကြီးကုမ္ပဏီများ ဖြစ်သည့် အမေရိကန်မှ ကမ္ဘာ့ဒုတိ
ယ အကြီးဆုံး Colliers နိုင်ငံတကာ အိမ်ခြံမြေလုပ်ငန်း၊ ဩစတြေးလျမှ Wavely ပန်းမန် ဗိသုကာ
၊ တရုတ်နိုင်ငံ မှ CSWADI ထိပ်တန်း ဗိသုကာ လုပ်ငန်းတို့ပါ၀င်သည်။

စီမံကိန်းပြီးစီးပါက လက်ရှိရန်ကုန်မြို့ရှိကြံုတွေ့နေရသော ဟိုတယ်နှင့် ရုံးခန်းကောင်း မလုံလောက်မှုပြဿနာများကို လျော့ချပေးနိုင်မည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသား များအတွက်
အလုပ်အကိုင် အခွင့်အလမ်းများစွာကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း မစ္စတာ Alex Zhu
ကဆက်ပြောသည်။

"မနှစ်က မတ်လတုန်းက မြေကွက်ငှားရမ်းသုံးစွဲဖို့အတွက် တင်ပြခဲ့တယ်။ စင်တင်ဘာလ ၂၂ရက်
နေ့မှာ အမ်အိုင်စီက ခွင့်ပြုချက်ရရှိခဲ့ပါတယ်။မြေကို နှစ်ပေါင်းငါးဆယ် စာချုပ်နဲ့ငှားရမ်းထားပြီး
ဆယ်နှစ်စီ နှစ်ကြိမ်သက်တမ်းတိုးလို့ရပါတယ်။ကျွန်တော့အထင် ဒါဟာ စင်ကာပူနိုင်ငံ အိမ်ခြံမြေ
ကုမ္ပဏီ တစ်ခုအနေနဲ့ ဒီလောက်ကြီးတဲ့ စီမံကိန်းကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ် "
ဟု မစ္စတာ Alex Zhu ကပြောသည်။

အဆိုပါ အဆောက်အဦးများကို အစဉ်အလာတိုင်းမဟုတ်ပဲ စတုန်းပေ ၃ ဒဿမ ၅ သန်းကြမ်းပြင်
နှင့် ၃၃ ထပ်အမြင့်ဖြင့် တည်ဆောက်မည်ဖြစ်ကာ အထက်တန်းလွှာကလပ် ၊ တန်ဖိုးကြီး အသုံး
အဆောင်ပစ္စည်း အရောင်းဆိုင်များ၊ နိုင်ငံတကာ အဆင့်မီ စီးပွားရေး စင်တာ နှင့် ဇိပ်ခံဟိုတယ်ပါ
ထည့်သွင်းတည်ဆောက်မည်ဖြစ်သည်။

စီမံကိန်း ပထမအဆင့်တွင် အထပ် ၃၃ထပ်မြင့် လူနေအဆောက်အဦးလေးလုံး၊ ဒုတိယအဆင့်တွင်
အထပ် ၃၃ထပ်မြင့် လူနေအဆောက်အဦး ငါးလုံး၊ တတိယအဆင့်တွင် အခန်း ၂၀၀ ထည့်သွင်း
တည်ဆောက်မည့် ကြယ်ငါးပွင့်အဆင့် ဟိုတယ်တစ်လုံး၊ ဈေးဝယ်စင်တာ ၊ ရုံးခန်းများ နှင့် ၀န်ဆောင်
မှုပါ အငှားအိမ်ခန်း ပါ၀င်သည့် အထပ် ၃၃ထပ်မြင့် အဆောက်အဦးတစ်လုံး ထည့်သွင်းတည်
ဆောက်မည်ဖြစ်သည်။

ကြယ်ငါးပွင့် ဟိုတယ်အား လေးထပ်အဆောက်အအုံအဖြစ် တည်ဆောက်မည်ဖြစ်ရာ မည်သည့်
နိုင်ငံတကာ ဟိုတယ်အုပ်စုနှင့် ပူးတွဲလုပ်ဖြစ်မည်ကို မဆုံးဖြတ်ရသေးကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်