အဆောက်အအုံမီးဘေးကာကွယ်ရေး စင်ကာပူကုမ္ပဏီများ စိတ်ဝင်စား

အဆောက်အအုံမီးဘေးကာကွယ်ရေး စင်ကာပူကုမ္ပဏီများ စိတ်ဝင်စား

မြန်မာနိုင်ငံတွင်းရှိ အဆောက်အအုံများ မီးဘေးအန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် အထောက်
အကူပြုပစ္စည်းများ၊ နည်းပညာသုံး အထောက်အကူပြုပစ္စည်းနှင့် မီးဘေးကာကွယ်ရေးစနစ်များ
အား ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ရန် စင်ကာပူကုမ္ပဏီများက စိတ်ဝင် စားလျက်ရှိသည်။

"စင်ကာပူနိုင်ငံက ၀ါရင့်ကုမ္ပဏီသုံးခုက အဆောက်အအုံတွေ မီးဘေးအန္တရာယ် ကာကွယ်တာနဲ့
ပတ်သက်ပြီး အတော်လေး စိတ်ဝင် တစားရှိကြတဲ့အတွက် ဒီပွဲလေးလုပ်ဖို့ လာ ကမ်းလှမ်းတယ်။
မြန်မာပြည်မှာလည်း မကြာခင် မှာ မီးဘေးအန္တရာယ်ကာကွယ်ရေးနဲ့ ပတ်သက် တဲ့ စည်းမျဉ်း
စည်းကမ်းတွေ ပေါ်ပေါက်လာတော့မှာ ဖြစ်တဲ့အတွက် လုပ်သင့်တယ်လို့ ကျွန်တော်ယူဆပါတယ်"
ဟု United Fire Protection Co., Ltd မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးနေမျိုးကိုလေးက ပြောသည်။

အဆိုပါကုမ္ပဏီနှင့် စင်ကာပူမှဝါရင့်ကုမ္ပဏီ သုံးခုဖြစ်သည့် Viking Corporation? Vanguard
Fire System နှင့် Nam Leong ကုမ္ပဏီတို့ ပူးပေါင်း၍ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ က အဆောက်
အအုံအမျိုးမျိုးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် နိုင်ငံတကာ ၌ အသုံးပြုလျက်
ရှိသော ခေတ်မီနည်းစနစ်များ ဖြစ်သည့် အလိုအလျောက် မီးငြိမ်းသတ်ရေးစနစ်၊ အလိုအလျောက်
မီးအချက်အပေးစနစ်များ ရှင်းလင်းပွဲကို မြန်မာနိုင်ငံ၊ အင်ဂျင်နီယာ အသင်းရုံးတွင်ကျင်းပခဲ့သည်။

"မြန်မာနိုင်ငံက ဖွံ့ဖြိုးလာတာနဲ့အမျှ စက်မှုလုပ်ငန်းတွေကျယ်ပြန့်လာတယ်၊ စက်ရုံ အလုပ် ရုံတွေ၊
ဟိုတယ်တွေ၊ ရုံးအဆောက်အအုံတွေနဲ့ လူနေထိုင်ရာ အဆောက်အအုံတွေဟာလည်း များပြား
လာပါတယ်။ အဲဒါတွေကြောင့်လည်း မီးဘေးအန္တရာယ် လုံခြံုစိတ်ချမှုရှိရဖို့က အရေး ကြီးလာ
တယ်။ ကျွန်တော်တို့နိုင်ငံမှာ မီးလောင် မှုတွေကို နည်းမျိုးစုံနဲ့ ကြံုတွေ့နေရတယ်။ ယာဉ်ကြော
ပိတ်ဆို့မှုကလည်း ဆိုးဝါးတော့ တစ်နေရာမှာ မီးလောင်တယ်ဆိုရင်တောင် မီးသတ်ကားက
အချိန်မီရောက်နိုင်ဖို့ မလွယ် ဘူး။ ဒါကြောင့် မိမိအိုးအိမ်အဆောက်အအုံကို ကိုယ်တိုင်ကာကွယ်
နိုင်ရင် မဆုံးရှုံးသင့်တာ မဆုံးရှုံးရတော့ဘူး" ဟု ဦးနေမျိုးကိုလေးက ပြောသည်။

ကုမ္ပဏီများအလိုက် အာရုံခံမှု လွန်စွာအားကောင်းသော မီးခိုးငွေ့ခြေရာခံကိရိယာများ၊ မမြင်သာ
အောင် တပ်ဆင်ထားနိုင်သည့် မီးခိုး ရှာဖွေကိရိယာများ၊ အဆောက်အအုံ တစ်ခုလုံး ၏ မီးဘေး
ကာကွယ်ရေးစနစ်အား တစ်နေရာ တည်းမှ ထိန်းချုပ်နိုင်သော နည်းပညာများ၊ ဟိုတယ်ကဲ့သို့
အထပ်မြင့်အဆောက်အအုံကြီး များတွင် ထားသင့်သော မီးသတ်ပိုက်ခွေများ၊ မီးအချက်ပေးစနစ်
များ စသည်ဖြင့် ရှင်းလင်း ပြသခဲ့ကြသည်။

"မြန်မာနိုင်ငံမှာ မီးဘေးအန္တရာယ်ကာကွယ် ရေးနဲ့ပတ်သက်တဲ့ နည်းပညာတွေ အထောက်အကူ
ပြုပစ္စည်းတွေဟာ တွင်ကျယ်စပြုနေပါပြီ။ ဈေးကွက် တကယ်ပွင့်လန်းလာတဲ့အချိန် မှာ ကျွန်တော်
တို့ရဲ့ ပစ္စည်းတွေ နည်းပညာတွေဟာ အဆင်သင့်ဖြစ်နေနိုင်မှာပါ" ဟု Viking Corporation မှ
ကိုယ်စားလှယ်တစ်ဦး က ပြောသည်။

ရန်ကုန်မြို့တော်အတွင်း ဈေးဝယ်စင်တာ၊ ကုန်တိုက်၊ ဟိုတယ်၊ ဆေးရုံ၊ ကျောင်း၊ ရုံး အဆောက်
အအုံစသည့် အများပြည်သူဆိုင်ရာ နေရာများတွင်သာမက လူနေ အဆောက်အအုံ များတွင်ပါ
သုံးထပ်နှင့်အထက် ဆောက်လုပ် လျှင် အရေးပေါ်ထွက်ပေါက်များ၊ မီးဘေး အန္တရာယ်ကာကွယ်
ရေးအစီအမံများ ထားရှိရမည်ဟူသည့် စည်းကမ်းချက်ရှိကြောင်း မြန်မာ နိုင်ငံ မီးသတ်တပ်ဖွဲ့မှ
အရာရှိတစ်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်