အပူပိုင်းဒေသရဲ့နေပူအောက်မှာ ပြိုကျပျက်စီးနေတဲ့မျက်နှာစာတွေနဲ့ နေထိုင်သူမရှိတော့ပဲ တစ်ခါ
က ခံ့ခံ့ညားညားတည်ရှိခဲ့တဲ့ ကိုလိုနီခေတ် အဆောက်အအုံတွေရဲ့မြင်ကွင်းဟာ တစ်ခါက 'အာရှ
ရဲ့ရတနာ' လို့ တင်စားကြတဲ့ အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာမြို့ဟောင်း ကို ဆယ်စုနှစ်ပေါင်း
များစွာ လျစ်လျူရှုထားတယ်ဆိုတာကိုပြသနေတဲ့ လက္ခဏာပဲ ဖြစ်ပါ တယ်။
ပြိုကျပျက်စီးနေတဲ့ ပြတင်းပေါက်တွေတစ်လျှောက် အုန်းပင်တွင် ပေါက်ရောက်ဖြစ်ထွန်း နေတဲ့
ဒီနေရာလေးကတော့ အင်ဒိုနီးရှားနိုင်ငံ ကို ဒတ်ချ်လူမျိုးတွေအုပ်စိုးခဲ့စဉ်က အုပ်ချုပ်ရေး ဗဟိုဖြစ်ခဲ့
ပြီး အဲဒီမှာရှိတဲ့အဆောက်အအုံတော်တော်များများဟာ အဆောက်အအုံအလွတ်တွေအဖြစ်
ခြေရာလက်ရာမပျက်ဆက်လက်တည်ရှိနေပါတယ်။ ယာဉ်အသွားအလာများတဲ့နေရာတွေမှာ
တော့ ကားတွေကထွက်တဲ့မီးခိုးတွေကြောင့် အဆောက်အအုံတွေဟာ ဆီခိုးတွေနဲ့ ညစ်ထေးနေ
ပါတယ်။
ဒါပေမဲ့ ကမ္ဘာ့ပရမ်းပတာအဖြစ်ဆုံး မြို့တော် မှာ တစ်ခုအပါအဝင်ဖြစ်နေတဲ့ ဒီမြို့ဟောင်း ကို
ပြောင်းလဲရေးလုပ်ဖို့အတွက်တာဝန်ကို တက်တက်ကြွကြွလက်ခံထားတဲ့ ဂျကာတာရဲ့ လူကြိုက်
များတဲ့အုပ်ချုပ်ရေးမှူး ဂျိုကိုဝီဒိုဒိုမှာ တော့ ဒီမြို့ဟောင်းကို အလုံးစုံပြုပြင်ပြီး ခရီးသွား ဧည့်သည်
တွေကို ပိုမိုဆွဲဆောင်ဖို့ အစီအစဉ် တစ်ရပ်ရှိနေပါတယ်။ "ဒါကို ပြုပြင်ဖို့လိုပါတယ်။ဒီအတိုင်း
ဆက်ထားရင် ပိုပြီးပျက်စီးသွားလိမ့်မယ်။ ပြုပြင် သင့်တာကြာပြီ" လို့ နာမည်ကြီး အင်ဒိုနီးရှား
စာရေးဆရာလည်းဖြစ် မြို့ဟောင်းပြန်လည်လှပစည်ကားလာရေးအတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့
တစ်ဖွဲ့မှာ အဖွဲ့ဝင်အဖြစ် ပါ၀င်တဲ့ Goenaawan Mohamad က ပြောပါတယ်။
ဒါပေမဲ့ ဒီတစ်ခါစီမံကိန်းလည်း အောင်မြင် ပါ့မလားလို့ မယုံမရဲဖြစ်စရာတွေကတော့ အများ
ကြီးရှိနေပါတယ်။ အရင်က စီမံကိန်းတွေလည်းပျက်ဖူးပါတယ်။ တကယ်လို့ ဒါကိုအကောင်
အထည်ဖော်ဖြစ်မယ်ဆိုရင်လည်း ဒီနေရာကိုရှေးဟောင်း အမွေအနှစ်နေရာအဖြစ်မထားဘဲ
ဆောက်လုပ်ရေးကုမ္ပဏီတွေက ီငျညနပ ူညေိ အဖြစ် ပြောင်းလဲလိုက်မှာကို တချို့က စိုးရိမ်
နေကြပါတယ်။
ကိုလိုနီခေတ်အဆောက်အအုံကို ပြန်လည် ထိန်းသိမ်းခြင်း အခုခေတ်မှာ မြောက်ဂျကာတာ
အဖြစ် သိကြတဲ့ မြို့ဟောင်းဟာ အရင်တုန်းက ကမ္ဘာ့ ကူးသန်းရောင်းဝယ်ရေးစင်တာတစ်ခု
ဖြစ်ပါ တယ်။ အင်ဒိုနီးရှားကျွန်းဆွယ် တစ်လွှားက ကုန်စည်တွေကို ရောင်းဝယ်ဖို့ အထူးသဖြင့်
ဥရောပက ဟင်းမွှေးမဆလာကို လိုချင်ကြတဲ့အတွက် ကုန်သည်တွေ အဲဒီကို လာကြတာပါ။
ထုံးဖြူသုတ်ထားတဲ့ အဆောက်အအုံနဲ့ ကျောက်ခင်းလမ်းတွေရှိရာ ဒီနေရာဟာ လွန်ခဲ့တဲ့နှစ်
ပေါင်းများစွာက ြအေလေငေ လို့ လူသိ များကြတဲ့ ဂျကာတာတခုလုံးနီးပါး ပါ၀င်ပါတယ်။
ဂျကာတာကို ဝေးလံတဲ့ဒေသကနေရေကြောင်း ခရီးနဲ့ရောက်လာကြတဲ့ ဥရောပသင်္ဘောသား
တွေကတော့ အာရှရဲ့ရတနာလို့ တင်စား ခေါ်ဝေါ်ကြပါတယ်။ ဂျကာတာမြို့ဟာ မြို့တစ်မြို့
အဖြစ်ဖွံ့ဖြိုး လာပြီး အခုအချိန်မှာ လူဦးရေ ၁၀ သန်းလောက် ရှိပါတယ်။
အခုတော့ ဂျကာတာမြို့ဟာ သမိုင်းဝင်အဆောက်အအုံတွေထက် ယာဉ်ကြောပိတ် ဆို့မှုနဲ့ ပိုပြီး
လူသိများနေပါတယ်။ မြို့ဟောင်း ကတော့ တာရှည်ပစ်ခံထားရလို့ ယိုယွင်း ပျက်စီးနေပြီး
ဂျကာတာကလူချမ်းသာတွေ ကလည်း အဲဒီနေရာကို မနှစ်သက်ကြတော့ ပါဘူး။
အဲဒီမှာရှိတဲ့ တချို့့နေရာတွေကိုတော့ ထိန်းသိမ်းထားပါတယ်။ ကျောက်စရစ်ခင်းထားတဲ့ ဖာတာ
ဟီလာရင်ပြင်နဲ့ မြို့လယ်ကောင်က ခရီးသွားဧည့်သည် အလာအများဆုံးနေရာတွေ ကတော့
မပျက်မစီးအကောင်းအတိုင်း တည်ရှိ နေပြီး ဖြတ်သွားဖြတ်လာခရီးသွားဧည့်သည် တွေကို လက်
၀တ်တန်ဆာအပေါစားတွေ ရောင်းချပေးနေတဲ့ ဈေးသည်တွေနဲ့ စည်ကား နေပါတယ်။
အရင်တုန်းကအတိုင်း မပျက်မစီး တည်ရှိ နေတဲ့ အဲဒီရင်ပြင်ထဲမှာ အရင်တုန်းက မြို့တော် ခန်းမ
အဟောင်းနဲ့ အင်ဒိုနီးရှားရုပ်သေးရုပ် တွေပြသထားရာ ပြတိုက်တစ်ခုလည်း ပါ၀င်ပါ တယ်။ ဒါပေမဲ့
ဒီရင်ပြင်အပြင်ဖက်က အဆောက် အအုံတော်တော်များများကတော့ ဆိုးဆိုး ရွားရွားကို ပျက်စီး
နေပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ ရွေးချယ်ခန့်အပ်ခံခဲ့ရတဲ့ ၀ီဒိုဒို နဲ့ သူ့ကိုထောက်ခံသူတွေကတော့ သူတို့ရဲ့ ကြိုးပမ်း
မှုကြောင့် နောက်ဆုံးမှာတော့ ဂျကာတာ မှာ ကိုလိုနီခေတ် လက်ရာ အဆောက်အအုံတွေကို ပြန်ပြီး ကောင်းကောင်းမွန်မွန် တွေ့နိုင် ကောင်းတယ်လို့ မျှော်လင့်ထား
ကြပါတယ်။
မြို့ဟောင်းကို ပြန်လည်ပြုပြင်မွမ်းမံရာမှာ ကြီးကြပ်နိုင်မယ့်သူတွေလို့ ယူဆထားတဲ့ ပူးပေါင်းအဖွဲ့
တစ်ဖွဲ့ကို ဖွဲ့စည်းထားတာကြောင့် ဒီတစ်ခါတော့ သူတို့စီမံကိန်း အောင်မြင်မှုရနိုင် တဲ့ အခွင့်အရေး
တွေရှိတယ်လို့ ယုံကြည်ထား ကြပါတယ်။ ဒီပူးပေါင်းအဖွဲ့အစည်းမှာ ပုဂ္ဂလိကကုမ္ပဏီ တွေ၊ အရင်
အစိုးရအဖွဲ့က ၀န်ကြီးတွေနဲ့ ယဉ် ကျေးမှု အမွေအနှစ်ဆိုင်ရာအဖွဲ့တို့ ပါ၀င်ပါတယ်။
မြို့ဟောင်း ပြန်လည်ပြုပြင်ရေးအတွက် ဘတ်ဂျက်က ရူပီယာ ၁၅၀ ဘီလျံပေးမယ်လို့ ကတိပေး
ထားတဲ့ ဂျကာတာအာဏာပိုင်တွေက ဒီအဖွဲ့ကိုအခိုင်အမာ ထောက်ခံအားပေးထားတာကလည်း
အရမ်းကိုအရေးပါတဲ့အချက်တစ်ခု ဖြစ်ပါတယ်။ အရင်ကစီစဉ်ခဲ့တဲ့ စီမံကိန်းမအောင်မြင်ရတဲ့
အကြောင်းရင်းတွေကတော့ အဖွဲ့ဝင်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မရှိတာကြောင့်ဖြစ်နိုင်
သလို အဖွဲ့တစ်ဖွဲ့တည်းဖြစ်ပေမယ့် ရင်းမြစ်တွေမရှိတဲ့အတွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်လို့
ပူးပေါင်းအဖွဲ့၏ အကြံပေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ လင်ချီဝေက ပြောပါတယ်။
မြို့ဟောင်းက အဆောက်အအုံတချို့ကို ပြင်ဆင်ဆောင်ရွက်နေဆဲဖြစ်ပြီး ဧည့်သည် လာရောက်
ကြည့်ရှုနိုင်မယ့်နေရာနဲ့ အနုပညာ ပြခန်းတွေကိုတော့ နောက်လမှာ ဖွင့်လှစ် ပေးမယ်လို့ သိရပါ
တယ်။ ဒီပူးပေါင်းအဖွဲ့ဟာ ငါးနှစ်အတွင်းမှာ သမိုင်းဝင်အဆောက်အအုံ ၈၅ ခုကို ပြုပြင်ဆောက်
လုပ်ဖို့ရည်ရွယ်ထားပြီး ဒီစီမံကိန်းကြောင့် အလုပ်အကိုင်အခွင့်အလမ်း ၁၁ယ၄၀၀ လောက် ပေါ်
ထွက်လာမယ်ဖြစ်လို့ ဒေသခံတွေအတွက် အကျိုးရှိလာမှာပါလို့ ပူးပေါင်းအဖွဲ့က သတင်း ထုတ်
ပြန်ထားပါတယ်။
Disney Land လို ဖြစ်သွားမှာကို စိုးရိမ်နေ ဒါပေမဲ့ မြို့ဟောင်းကိုအလွန်အမင်းပြုပြင် ချင်လွန်းနေ
တဲ့ ဒီပူးပေါင်းအဖွဲ့ကြောင့် မြို့ ဟောင်းရဲ့ ဆွဲဆောင်မှုလေးတွေ ပျက်စီးသွားပြီး ခေတ်သစ်
အဆောက်အအုံတွေနဲ့ ရှော့ပင်း မောလ်တွေကြောင့် အကျည်းတန်သွားမှာကို စိုးရိမ်မိတယ်လို့
တချို့ကပြောပါတယ်။
"Kota Tua ဟာ မြို့တော်တစ်ခုပါ။ Disney Land မဟုတ်ပါဘူး" လို့ ဂျကာတာမြို့ ဟောင်းက
ကိုလိုနီခေတ်အဆောက်အအုံတစ်ခုရဲ့ပိုင်ရှင်ဖြစ်သူ နူူေ ့ဘငေိင က မြို့ဟောင်းကို အင်ဒိုအမည်
နဲ့ညွှန်းပြီး ပြောပြ ပါတယ်။ သူ့ရဲ့စိုးရိမ်ပူပန်မှုကတော့ ပူးပေါင်းအဖွဲ့မှာပါ၀င်တဲ့ အဖွဲ့ဝင်တွေရဲ့
အနေအထားကြောင့် ဖြစ်ပေါ်လာတာပါ။ ဘာဖြစ်လို့လဲဆိုတော့ တချို့ အဖွဲ့ဝင်တွေဟာ အင်ဒိုနီး
ရှားဆောက်လုပ်ရေး ကုမ္ပဏီကြီးတွေက ဖြစ်နေလို့ပါပဲ။ လူထုကြား မှာလည်း မြို့ဟောင်းကို ပြင်
ဆင်မွမ်းမံဖို့ တက်ကြွနေတဲ့သူတွေ မရှိပါဘူး။
တချို့ကတော့ ကိုလိုနီတွေတည်ဆောက်ခဲ့တဲ့ မြို့ဟောင်းကို ဖိနှိပ်ချုပ်ချယ်အုပ်ချုပ်ခဲ့တဲ့ အစိုးရရဲ့
အမှတ်အသားတစ်ခုအဖြစ်မြင်ကြ ပြီး ၁၉၄၀ပြည့်လွန်နှစ်များ နှောင်းပိုင်းမှာ ဒတ်ချ် ကိုလိုနီတွေ
အင်ဒိုနီးရှားကနေထွက်သွားပြီး ကတည်းက အဲဒီမြို့ဟောင်းကို ထိန်းသိမ်းဖို့ စိတ်ဝင်စားတဲ့သူတွေ
ဂျကာတာမှာ သိပ်မရှိ ပါဘူး။ ဒါပေမဲ့ မြို့ဟောင်းမွမ်းမံပြင်ဆင်ရေးကို ထောက်ခံအားပေးတဲ့
သူတွေကတော့ အကောင်းမြင်ကြပါတယ်။
ဒီမြို့ဟောင်းကို ပြင်ဆင်လိုက်ရင် တခြားအရှေ့တောင် အာရှ မြို့တော်တွေနဲ့ယှဉ်ပြီး ကမ္ဘာလှည့်
ခရီးသည် အရေအတွက်နည်းနေတဲ့ ဂျကာတာကို ခရီးသွားဧည့်သည်တွေ အများအပြားလာဖြစ်
အောင် ဆွဲဆောင်နိုင်လိမ့်မယ်လို့သူတို့က ယုံကြည်ထားပါတယ်။
(အေအက်ဖ်ပီ)
















