ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှဆောက်လုပ်လျက်ရှိသည့် ဒဂုံမြို့သစ်
(မြောက် ပိုင်း) မြို့နယ်၊ ၄၂ ရပ်ကွက်အတွင်းရှိ ဗိုလ်မင်း ရောင် လမ်းမပေါ်ရှိ အခန်းပေါင်း
၈၀၀ ပါ၀င် သော ဗိုလ်မင်းရောင်တန်ဖိုးမျှတအိမ်ရာမှ လူနေတိုက်ခန်းများဝယ်ယူနိုင်ရန်
ယခုလ ၃၁ ရက်နေ့ထိ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ
ရေးကော်မတီ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ ဒုတိယ ညွှန်ကြားရေးမှူးဖြစ်သူ
ဦးနေဝင်းက ပြောသည်။
"ဗိုလ်မင်းရောင်အိမ်ရာအတွက် ကျွန်တော်တို့ ရန်ကုန်မြို့တော်စည်ပင်သာယာ အင်ဂျင် နီယာ
ဌာနက ဆယ်ထပ်ရုံးမှာ လျှောက်လွှာတွေ ကို မတ်လ ၁ ရက်နေ့ကစ ပြီးလက်ခံနေပါပြီ။ ၃၁
ရက်နေ့အထိ နောက်ဆုံးလက်ခံမှာပါ။ အခု လောလောဆယ်တော့ လျှောက်တဲ့သူသိပ်မများ
သေးဘူး။ လျှောက်လွှာတင်တဲ့လူဦးရေ ကန့်သတ်မထားပါဘူး" ဟု ၎င်းကပြောသည်။ ဗိုလ်မင်း
ရောင် အိမ်ရာလျှောက်ထားမှုတွင် ယခင်ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ဗိုလ်မှူးဗထူးလမ်းပေါ်
တွင်တည်ရှိသည့် ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာအတွက် လျှောက်ထားပြီး ဖြစ်ပြီး ယင်းအိမ်ရာတွင်
အခန်းမရရှိလိုက်သည့်သူများမှာ ဗိုလ်မင်းရောင်အိမ်ရာအတွက် ထပ်မံဆက်လက်လျှောက်ထားရန်
မလိုအပ်ကြောင်း ၎င်းက မြန်မာတိုင်း(မ်) ကိုပြောသည်။
"ဗိုလ်ဗထူးလျှောက်ပြီး အခန်းမရတဲ့သူတွေ က သူတို့ရဲ့လျှောက်လွှာတွေကို အခုဗိုလ်မင်း ရောင်
အိမ်ရာအတွက် ထပ်လျှောက်စရာမလိုတော့ဘူး။ ဒီဘက်မှာစာရင်းသွင်းပြီးသားဖြစ်နေပါပြီ။
ဒါကြောင့် သူတို့တွေကဆက်ပြီးလျှောက် ထား စရာမလိုတော့ဘူး။ ဒါပေမဲ့ ဗိုလ်ဗထူးမှာ မလျှောက်
ရသေးတဲ့လူသစ်တွေကတော့ လာလျှောက်လို့ရတယ်။ အခုဗိုလ်မင်းရောင်အိမ်ရာ အတွက်
ရန်ကုန်တိုင်းဒေသကြီးအစိုးရကပဲ မဲစနစ်နဲ့ချပေးသွားမှာပါ" ဟု ၎င်းကပြောသည်။
ယင်းကဲ့သို့လျှောက်ထားသူများအား မဲစနစ်ဖြင့်အခန်းချထားပေးခြင်းသည် တည်ဆောက် မည့်
အခန်းအရေအတွက်ထက် လျှောက်ထား သူဦးရေပိုမိုများပြားခြင်းကြောင့် မဲစနစ်ကို ကျင့်သုံးရခြင်း
ဖြစ်ပြီး မဲပေါက်သူက အခန်းဝယ် ယူရရှိနိုင်မည် ဖြစ်သည်။ ပြီးခဲ့သည့် ဗိုလ်ဗထူး အိမ်ရာအတွက်
လျှောက်ထားသူပေါင်း ၁၄,၀၀၀ ကျော်ခန့်ရှိပြီး ယင်းအိမ်ရာတွင်တည်ဆောက်နေသည့် အခန်းမှာ
စုစုပေါင်း ၄၄၈ ခန်းသာရှိသည်။
ယခု ဗိုလ်မင်းရောင် အိမ်ရာတွင်မှု အခန်းစုစုပေါင်း ၈၀၀ မှာ လေးခန်းတွဲ ရှစ်ထပ်တိုက် ၂၅ လုံး
ဖြစ်ပြီး တစ်တိုက်လျှင် အခန်း ၃၂ ခန်းပါ၀င်မည် ဖြစ်သည်။ အခန်းအမျိုးအစား နှစ်မျိုးဖြစ်ကာ
ပထမအမျိုးအစား ွှပစနဗ အတွက် အခန်း အကျယ်မှာ စတုရန်းပေ ၉၆၁ ဒသမ ၅ ကျယ်ဝန်း ပြီး
အခန်းပေါင်း ၁၆၀ ခန့်ရှိသည်။ ဒုတိယ အမျိုး အစား Type-B အတွက် အခန်းအကျယ်မှာ
စတုရန်းပေ၆၁၈ ခန့်ကျယ်ဝန်းပြီး အခန်းပေါင်း ၆၄၀ ခန့်ပါ၀င်မည် ဖြစ်သည်။
ပထမအမျိုးအစား Type-A အခန်းအတွက် တစ်ခန်းလျှင် ကျပ်သိန်း ၃၇၄ သိန်းခန့်နှင့် ဒုတိယ
အမျိုးအစား အခန်းအတွက် တစ်ခန်းလျှင် ကျပ်သိန်း ၂၅၅ သိန်းခန့်ဖြင့် ရောင်းချသွားမည်ဖြစ်
သည်။
လျှောက်ထားသူ များထဲမှာ အခန်းရရှိသူများသည် ဆောက်လုပ် စဉ်ကာလအတွင်း တန်ဖိုး၏
၃၀ ရာခိုင်နှုန်း အား သုံးကြိမ်ခွဲကာ အရစ်ကျပေးဆောင်ရမည်ဖြစ်ပြီး အဆောက်အအုံဆောက်
လုပ်ပြီးစီး၍ အခန်းပေးအပ်သည့်အချိန်တွင် ကျန်ရှိသည့် ဆယ်ရာခိုင်နှုန်းကို အပြီးအပြတ်ပေးချေ
ကာ နေထိုင်ခွင့်လည်းရရှိမည် ဖြစ်သည်။
ယင်းအခန်းဝယ်ယူလိုသူများသည် မိသားစုလစဉ်ဝင်ငွေ ကျပ် ၃၀၀,၀၀၀ ခန့်ရှိရမည်ဟု ယေဘုယျသတ်မှတ်ထားသော်လည်း လျှောက်ထားသူများမှာ ငွေပေးချေရ မည့်
အချိန်တွင် ပေးချေနိုင်ပါက မည်သူမဆိုလျှောက်ထားနိုင်ကြောင်း ဦးနေဝင်းကပြောသည်။
"မိသားစု လစဉ်ဝင်ငွေအနည်းဆုံး သုံးသိန်းရှိရမယ်လို့ သတ်မှတ်ထားတယ်ဆိုတာကလည်း
ငွေပေးသွင်းနိုင်အောင်လို့ သတ်မှတ်ထားတာပါ။ ပြောထားပေမယ့်လည်း လာလျှောက်တဲ့သူတိုင်း
ကို ၀င်ငွေသုံးသိန်း ရှိလား မရှိဘူးလားလို့ မစစ်ဆေးနိုင်ဘူး။ ဘယ်သူမဆို ငွေပေးချေရမယ့်အချိန်
ပေးနိုင်မယ်ဆိုရင် ၀ယ်ယူနိုင်တာပဲ" ဟု ၎င်းကပြောသည်။
အဆိုပါ တန်ဖိုးမျှတအိမ်ရာများအား ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီက အကောင်
အထည်ဖော် ဆောင်ရွက်ခဲ့ပြီး တည် ဆောက်မှုပိုင်းအတွက် ဆောက်လုပ်ရေး လုပ်ငန်း များအား
တင်ဒါခေါ်ယူကာ ဆောက်လုပ်နေ ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ မေလမတိုင်ခင်တွင် အပြီးဆောက်
လုပ်ပြီးစီးရန် စီစဉ်ထားကြောင်း အင်ဂျင်နီ ယာဌာနမှ သတင်းထုတ်ပြန်ထားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အဆိုပါတန်ဖိုးမျှတအိမ်ရာများ အား အကောင်
အထည်ဖော်ဆောင်ရွက်ရန် စီမံကိန်းငါးခုခန့်ရှိပြီး ယခု ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင် တန်ဖိုးမျှတ
အိမ်ရာများ ရောင်းချပြီးစီးပါ က ကျန်ရှိနေသည့်စီမံကိန်းသုံးခုအား ဆက် လက် လုပ်ဆောင်
သွားမည်ဖြစ်ကြောင်း ဦးနေဝင်း က ပြောသည်။
ဗိုလ်မင်းရောင် တန်ဖိုးမျှတအိမ်ရာတွင် အပန်းဖြေ အနားယူနိုင်ရန် ပန်းခြံ၊ ကလေး ကစားကွင်း၊
ဈေးဝယ်စင်တာနှင့် ဆေးရုံများကို လည်း ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ယင်းဌာနမှ သတင်း
ထုတ်ပြန်ထားသည်။















