ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်း တည်ဆောက်လိုသူများကို ယခုနှစ်မတ်လမှစတင်ခါ
အောက်တိုဘာလအထိ တင်ဒါခေါ်ယူ ရွေးချယ်သွားမည်ဖြစ်ကြောင်း တင်ဒါစိစစ်ရွေးချယ်ရေး
ကော်မတီ ဒုတိယဥက္ကဋ္ဌ ရထားပို့ ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်း က ပြော
သည်။
တင်ဒါရွေးချယ်မှုပုံစံနှင့်ပတ်သက်၍ တင်ဒါရွေးချယ်ခေါ်ယူထားပြီးဖြစ်သည့် အကြံပေး ကုမ္ပဏီ၏
အကြံပေးမှုဖြင့်ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ တည်ဆောက်လိုသူ
များကို ရွေးချယ်ပြီးစီးချိန်တွင် စီမံကိန်းအကောင်အထည်ဖော်မှုလုပ်ငန်းစဉ်များအတွက် စီမံကိန်း
ရေးရာစီမံ ခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အဖွဲ့ အစည်းများကို တင်ဒါထပ်မံခေါ်ယူ ရွေးချယ်
သွားမည် ဖြစ်သည်။
"တည်ဆောက်မယ့်သူ ရွေးချယ်ပြီးစီးသွား ရင် အကြံပေးကုမ္ပဏီနဲ့ ကျွန်တော်တို့ရဲ့လုပ်ငန်း စဉ်က
အဆုံးသတ်သွားမှာပါ။ စီမံကိန်းအကောင် အထည်ဖော်မှုလုပ်ငန်းအတွက် စီမံခန့်ခွဲမှုအဖွဲ့ အစည်း
တွေကိုထပ်ခေါ်ပြီး လုပ်ဆောင်သွားမှာ ပါ။ အရေးကြီးတာက ပွင့်လင်းမြင်သာမှုနဲ့ ထိခိုက် နစ်နာမှု
အနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင် ဖို့ဖြစ်ပါတယ်" ဟု ဦးမြင့်သိန်းကပြောသည်။
တည်ဆောက်လိုသည့် ကုမ္ပဏီများကို စိစစ်ရွေးချယ်ပြီးစီးပါက ခိုင်မာသည့်စာချုပ်များ ချုပ်ဆို
လုပ်ကိုင်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းကပြောသည်။ "မြန်မာနိုင်ငံတစ်ခုတည်းရဲ့
အကျိုးစီးပွား မဟုတ်ပါဘူး။ ပွင့်လင်းမြင်သာအောင် လုပ်ဆောင်သွားမှာပါ" ဟု ဦးမြင့်သိန်းကပြော
သည်။
စီးပွားရေးဇုန်တည်ဆောက်မှုအတွက် လယ်ယာမြေများ လူနေကျေးရွာများနှင့် ဝေးကွာသော
နေရာကို ရွေးချယ်ထားကာ ရခိုင်ပြည်နယ်ဒေသခံ ပညာရှင်များပါ၀င် သည့် သဘာဝပတ်ဝန်း
ကျင်ထိခိုက်နစ်နာမှု လေ့လာစိစစ်ချက် အစီရင်ခံစာများရေးဆွဲနိုင် ရန် ဆောင်ရွက်ထားပြီးဖြစ်
ကြောင်း ဇုန်တည်ဆောက်ရေး ကော်မတီတွဲဖက်အတွင်းရေးမှူး ဦးအောင်ကျော်စန်းကပြောသည်။
"ပတ်ဝန်းကျင်နဲ့ လူမှုဘဝထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်အောင် ဒေသခံတွေပါ၀င်တဲ့ စောင့် ကြည့်
အဖွဲ့ ဖွဲ့ထားပြီး လုပ်ငန်းကော်မတီရဲ့ လုပ်ငန်းတိုင်းကို လိုက်ပါစောင့်ကြည့်နေတာ ပါ။ ရခိုင်ပြည်
နယ်ဒေသခံတွေအတွက် အကျိုး ရလဒ်တွေထွက်ပေါ်လာဖို့လည်း စီမံကိန်း အတွက် ရခိုင်မှာဖွဲ့
ထားတဲ့ အများပိုင်ကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာပါ" ဟု အဆိုပါ စီမံကိန်းအားစောင့်ကြည့်
ရန် ကျောက်ဖြူဒေသ ခံများ ပူးပေါင်းဖွဲ့စည်းထားသော စောင့်ကြည့် ရေးအဖွဲ့ဥက္ကဋ္ဌအငြိမ်းစား
အင်ဂျင်နီယာချုပ် ဦးဘရွှေက ပြောသည်။
လက်ရှိတွင် လုပ်ဆောင်လိုသည့် ကုမ္ပဏီ နည်းပါးပြီး တရုတ်၊ ကိုရီးယား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံ
များမှ ကုမ္ပဏီအချို့ ကွင်းဆင်း လေ့လာလျက်ရှိသည်။ နိုင်ငံတော် အစိုးရ၏ အထူးစီးပွားရေးဇုန်
စီမံကိန်း ဖော်ဆောင်မှုလုပ်ငန်း သုံးခုအနက် တစ်ခုပါ၀င်သည့် ကျောက်ဖြူအထူးစီးပွားရေး ဇုန်
တည်ဆောက်ရန် ယမန်နှစ် စက်တင်ဘာလ အတွင်းက စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။
ကျောက်ဖြူမြို့အရှေ့ဘက် တစ်မိုင်အကွာ စစ်တော်နှင့် ဆီမော်ရွာအနီး ဧကတစ်ထောင် ကျော်
တွင်ရေနက်ဆိပ်ကမ်းအပါအဝင် အထူး စီးပွားရေးဇုန်တည်ဆောက်သွားမည်။















