အဆောက်အအုံ၊ဆောက်လုပ်ရာတွင်၊သတ်မှတ်အရည်အသွေး ပြည့်မီအောင် လိုက်နာဆောင်ရွက်နေမှုများ အားနည်းနေသေး

အဆောက်အအုံ၊ဆောက်လုပ်ရာတွင်၊သတ်မှတ်အရည်အသွေး ပြည့်မီအောင် လိုက်နာဆောင်ရွက်နေမှုများ အားနည်းနေသေး

အထပ်မြင့်အဆောက်အအုံများ တည်ဆောက် ရာတွင်အရေးပါသည့် အဆောက်အအုံအရည်
အသွေး ပြည့်မီအောင်အသုံးပြုမှုကို လက်ရှိတွင် ရန်ကုန်မြို့ရှိဆောက်လုပ်ရေးလုပ်ငန်းများ၌
ပိုမိုလိုက်နာလာကြသော်လည်း တရားဝင် ဆောက်လုပ်ခွင့်မရယူပဲ တည်ဆောက်နေသည့်
အဆောက်အအုံများမှာ လိုက်နာမှုအားနည်း နေသေးကြောင်း ရန်ကုန်မြို့တော် စည်ပင်
သာယာရေးကော်မတီမှ တာဝန်ရှိသူများက ပြောသည်။

"ရန်ကုန်မှာ အထပ်မြင့်ဆောက်တော့မယ်ဆိုရင် ဆောက်လုပ်ရေးလုပ်ငန်းတွေ ကုမ္ပဏီ တွေ
စည်ပင်သာယာမှာတည်ဆောက်ခွင့် တင် ရတယ်။ ဒီလိုတင်ပြပြီး ခွင့်ပြု လိုက်ရင် ကုမ္ပဏီ က
ဆောက်လုပ်ရေးကြီးကြပ်အင်ဂျင်နီယာကိုယ်တိုင် အဆောက်အအုံအရည်အသွေးမီအောင်
သတ်မှတ်ထားတဲ့စည်းကမ်းတွေအတိုင်း လိုက်နာပါ မယ်ဆိုပြီး လက်မှတ်ထိုး ရတယ်။ ဆောက်
တဲ့အချိန်မှာလည်း သတ်မှတ်ချက်အတိုင်းဆောင်ရွက်မှု ရှိ မရှိကို စည်ပင်သာယာက လိုက်စစ်
ဆေးတယ်။ စစ်ဆေးမှုတွေအကုန်ပြီးလို့ သတ်မှတ်ချက်ပြည့်မီတော့မှ အဆောက်အအုံမှာ
နေထိုင်ခွင့် ချပေးတယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မှ တာဝန်ရှိသူ
တစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်း အထပ်မြင့်အဆောက်အအုံများတည်ဆောက်ရာတွင် အရည်အသွေးပြည့်မီ ရန်
ဆောက်လုပ်ရေးဝန်ကြီးဌာနလက်အောက် ရှိ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၏ စီမံကိန်းဌာန
က လိုက်နာဆောင်ရွက်ရမည့်အချက်အလက်များ သတ်မှတ်ထားပြီး ရန်ကုန်မြို့တော် စည်ပင်
သာယာရေးကော်မတီ လက်အောက်ရှိ စစ်ဆေးရေးဌာနခွဲမှ တာဝန်ရှိသူများကလိုက်လံ စစ်ဆေး
ကြောင်း စည်ပင်သာယာရေးကော်မတီ က တာဝန်ရှိသူကပြောသည်။

ထိုသို့စစ်ဆေးရန် ရန်ကုန်မြို့တွင်းမြို့နယ် တိုင်းတွင် စစ်ဆေးရေးအဖွဲ့များထားရှိပြီး ယင်း အဖွဲ့များ
က ခွင့်ပြုထားသည့်အတိုင်း လိုက်နာမှု ရှိ၊ မရှိ လိုက်လံစစ်ဆေးကာလုပ်ငန်းခွင်တွင်ထားရှိသည့်
Log Book တွင် စစ်ဆေးတွေ့ရှိ ချက်များကို မှတ်တမ်းတင်ကာ လိုက်နာမှု မရှိပါက လုပ်ငန်းရပ်
နားသည်အထိ အရေးယူ ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ
ဌာန (အဆောက် အအုံ) မှ တာဝန်ရှိသူ ဦးနေဝင်းက ပြောသည်။

"အထပ်မြင့် အဆောက်အအုံတွေ ဆောက် လုပ်တဲ့နေရာမှာ လိုင်စင် အင်ဂျင်နီယာက သူကိုယ်
တိုင် ကြီးကြပ်ပြီးဆောက်ပါမယ်ဆိုတာ ကို ပုံစံတင်ကတည်းက လက်မှတ်ထိုးပြီး တင်ရ တယ်။
ဆောက်လုပ်တဲ့အခါမှာလည်း လိုင်စင် အင်ဂျင်နီယာက လုပ်ငန်းခွင်ထဲမှာ ပုံမှန်ရှိရ မယ်။ စစ်ဆေးရေးအဖွဲ့က တွေ့ရှိချက်တွေကို ရေးရင် ဆောက်လုပ်ရေးအင်ဂျင်နီယာက လိုက်နာဆောင်
ရွက်ချက်တွေကို Log book မှာ ရေးရတယ်။ အဲဒီအချက်တွေဘာမှမရှိဘူးဆိုရင် အဆောက်အအုံ
ကို နေထိုင်မှု ခွင့်လည်း မပေးဘူး။ လုပ်ငန်းကိုလည်း ရပ်နားထားတဲ့ အထိ အရေးယူတယ်" ဟု
၎င်းက ပြောသည်။

ရန်ကုန်မြို့တွင် အထပ်မြင့်အဆောက်အအုံ များဆောက်လုပ်ရာ၌ ဆောက်လုပ်ရေးလုပ်ငန်းသုံး
ပစ္စည်းများ သတ်မှတ်အရည်အသွေး မမီခြင်းကြောင့် အဆောက် အအုံများ ပြိုကျပျက်စီးမှုဖြစ်ပေါ်
ခဲ့သည့်အတွက် နောက်ပိုင်း တွင် စည်းကမ်းပိုမိုတင်းကျပ်မှုများကြောင့် ဆောက်လုပ်ရေးလုပ်ငန်း
များမှာ လိုက်နာ ဆောက်ရွက်မှု ရှိလာသော်လည်း တည်ဆောက် ခွင့်မရရှိသည့် လိုင်စင်မဲ့ဆောက်
လုပ်သည့်အဆောက်အအုံများမှာ သတ်မှတ်အရည်အသွေးများနှင့်အညီ ဆောက်လုပ်ခြင်းမရှိဟု
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သတ်မှတ်သည်။

"တစ်ကယ်မှန်ကန်တဲ့ ကန်ထရိုက်တွေက အရည်အသွေးမမီတဲ့အဆောက်အအုံ ဘယ်လိုမှတည်
ဆောက်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို ဆောက်ခွင့်ပေးလိုက်ပြီဆိုကတည်းက
စစ်ဆေးရေးအဖွဲ့က လိုက်စစ်တယ်။ ကွန်ကရစ်လောင်းရင် ကွန်ကရစ်တုံးတွေ နမူနာ ယူပြီး
ခွဲကြည့်တယ်။ သတ်မှတ်ထားတဲ့ ဏှှု ရှိ မရှိ စစ်ဆေးတယ်။ အခုနောက်ပိုင်း ကန်ထရိုက် တွေက
ကိုယ်တိုင်တောင် ဘိလပ်မြေ ဖျော်ပြီး မလောင်းတော့ဘူး အရည်အသွေးမီလောင်းတဲ့ ကုမ္ပဏီ
တွေကိုငှားပြီး လောင်းလာကြတယ်။ ဒါပေမဲ့ ပါမစ်မရတဲ့အဆောက်အအုံတွေကျ တော့ ကျွန်တော်
တို့လည်း မစစ်နိုင်လို့ သတ်မှတ် ထားတဲ့အရည်အသွေးနဲ့ အညီတည်ဆောက် တယ်လို့ ဘယ်လို
နည်းနဲ့မှ အာမမခံနိုင်ဘူး" ဟု အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ တာဝန်ရှိသူ တစ်ဦးက
ပြောသည်။


 

ပြီးခဲ့သည့်လအတွင်းကလည်း ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီက ရန်ကုန်မြို့တွင်း
စည်ပင်သာယာ၏ ဆောက် လုပ်ခွင့်ပါမစ်မရရှိဘဲ တည်ဆောက် နေသည့် အဆောက်အအုံများ
အား ဖြိုဖျက်သည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ဖြစ်သည်။ ရန်ကုန်တိုင်း
ဒေသကြီးတွင် ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက်မရပဲ တည်ဆောက်
လျက်ရှိသည့် အဆောက်အအုံပေါင်းမှာ ၂၀၁၃ ၁၄ ဘဏ္ဍာ နှစ်တွင် အလုံးပေါင်း ၁,၀၀၀ ကျော်ရှိပြီး
အဆိုပါ အဆောက်အအုံများအား တရားစွဲဆိုထားကြောင်းလည်း ရန်ကုန်မြိုကတော် စည်ပင်
သာယာရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်မြို့တွင် အဆောက်အအုံ တည် ဆောက်မှုများအား နေရာအနှံ့အပြားတွေ မြင်တွေ့နေရပြီး
ဆောက်လုပ်ရေးလုပ်ငန်းများမှာ အပြိုင်အဆိုင် ပေါ်ပေါက်လာသည့်အတွက် အရည်အသွေးကို
ပြည့်မီစွာတည်ဆောက်သည့် လုပ်ငန်းများသာလျှင် ဆက်လက်ရပ်တည်သွား နိုင်မည်ဖြစ်ကြောင်း
မြန်မာနိုင်ငံဆောက်လုပ် ရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသာဌေး ကပြောသည်။

"အခုနောက်ပိုင်း ဆောက်လုပ်ရေးလုပ်ငန်း တွေက အရည်အသွေးပိုင်းကို ဦးစားပေး လာကြပါ
တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန် မှာကလည်း လုပ်ငန်းတွေက အပြိုင်အဆိုင် ပေါ်လာကြ
တော့ အရည်အသွေးမမီတဲ့အဆောက်အအုံတွေ သူ့အလိုလို နာမည်ကျ သွားမှာပဲ။ နောက်ပိုင်း
နေထိုင်တဲ့သူတွေ ကလည်း ခေတ်မီလာ ကြတော့ ရွေးချယ်လာတတ်ကြတယ်" ဟု ၎င်းကပြော
သည်။

အဆောက်အအုံများကို ရင်းနှီးမြှုပ်နှံမှုအဖြစ် ပြန်လည်အရောင်းအဝယ်လုပ်ရန် ၀ယ်ယူသူများသည် အဆောက်အအုံ ဆောက်လုပ်သည့်အရည်အသွေးထက် နေရာ စည်ကားမှုများကို ဦးစားပေးကြ
သော်လည်း အဆောက်အအုံကို နေထိုင်ရန် ၀ယ်ယူသူများက အဆောက် အအုံ၏ အရည်အသွေး
များကို သေချာစိစစ်ပြီး မှ ၀ယ်ယူကြကြောင်း စိုင်းခွန်နောင် အိမ်ခြံမြေအကျိုးဆောင်မှ အထွေထွေ
မန်နေဂျာ ဦးရန်အောင်က ပြောသည်။ "ပြန်ရောင်းမယ့်သူတွေက အဆောက်အအုံ တည်နေရာနဲ့ပြန်
ရောင်းရင် အကျိုးအမြတ် ဘယ်လောက်ရမလဲဆိုတာကိုပဲ ဦးစားပေးပြီး ကြည့်ကြတယ်။

တကယ် နေမယ့်သူတွေကတော့ အဆောက်အအုံ အရည်အသွေးနဲ့ ဘယ် ဆောက်လုပ်ရေးက
တည်ဆောက်လည်းဆိုတာ ကို ကြည့်တယ် နာမည်ကြီးဆောက်လုပ်ရေး တွေနဲ့ ယုံကြည်ရလောက်
တဲ့ဆောက်လုပ်ရေးကိုပဲ ရွေးကြတယ်"ဟု ၎င်းကပြောသည်။

အဆောက်အအုံနှင့်ပတ်သက်သည့် ဗဟုသုတ နည်းပါးခြင်းနျင့် လူနေမှုအဆင့်အတန်းကျဆင်းခြင်း
ကြောင့်လည်း အာမခံချက်မရှိသောအဆောက်အအုံများကို ၀ယ်ယူနေထိုင်သူ များလည်း ရှိနေဆဲ
ဖြစ်သည်။

"နေရာအခက်အခဲတွေ ရှိနေသေးလို့ အဆောက်အအုံရဲ့အရည်အသွေးကို ဦးစားမပေးနိုင်သေးဘူး။
လူတန်းစေ့ နေထိုင်နိုင်မယ်ဆို အဆောက်အအုံအရည်အသွေးပိုင်းကို ပိုဦးစားပေးလာကြလိမ့်မယ်။
အရည်အသွေး ပိုင်းက တဖြည်းဖြည်းနဲ့ပိုအရေးပါလာမယ်" ဟု ဦးရန်အောင်က ပြောသည်။

ယခုခေတ်တည်ဆောက်သော အဆောက်အအုံများတွင် အရည်အသွေးမပြည့်မီသည့်အခြေအနေ
များ အဖြစ်နည်းသော်လည်း ၁၉၉၁ ၉၂ ခုနှစ်ဝန်းကျင်ခန့်က ဆောက်လုပ်သောအဆောက်အအုံများ
တွင် အရည်အသွေး မပြည့်မီသည့်အတွက် အဆောက်အအုံ ယိုင်ခြင်းနျင့် ကွဲအက်ခြင်းများ အဖြစ်
များ ကြောင်း ဦးရန်အောင်က ပြောသည်။

"တာမွေ၊ ဗကျာက်မြောင်းနဲ့ စမ်းချောင်းဘက် မှာ တိုက်ယိုင်တာတွေအဖြစ်များတယ်။
Foundationကို အသေအချာမတူးပဲ ဆောက် ထားပြီး ဘေးမှာ နောက်ထပ်တိုက်တစ်ခုလည်း
ထပ်ဆောက်ရော ပထမတိုက်က ယိုင်သွားတယ် ဆိုတဲ့ကိစ္စမျိုးတွေက အဖြစ်များတယ်"ဟု
ဦးရန်အောင်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်