မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် စက်မှုဇုန်တည်ဆောက်ရန် ပြည်နယ်အစိုးရ၏အတည်ပြုချက်
မရရှိသေးသော်လည်း ထိုသို့တည်ဆောက် မည့် သတင်းကြောင့် လယ်ယာမြေဈေးများ ၁၀ ဆ
ခန့်မြင့်တက်သွားကြောင်း ဒေသခံများက ပြောသည်။ "စက်မှုဇုန် ပြန်လုပ်မယ်ဆိုတာတော့ ဟုတ်
တယ်။
ဒါပေမဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့က အတည်မပြုသေးပါဘူး။ ဒါပေမဲ့ ဒီသတင်းနဲ့တင် မြေအရောင်း
အဝယ်တွေ များနေတယ်။ ၀ယ်လိုအားက ပိုမြင့်တယ်" ဟု မွန်ပြည်နယ်၊ ကုန်သည်နှင့် စက်မှု
လက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးလှရှိန်က ပြောသည်။ အဆိုပါစက်မှုဇုန်အား မော်လမြိုင်
မြို့နယ်အတွင်းရှိ ပင်လယ်ကမ်းစပ်ရွာဖြစ်သော ကျောက်တန်းကျေးရွာတွင် တည်ဆောက်သွား
မည်ဖြစ်ပြီး ကျိုက္ခမီမြို့နှင့် မိုင် ၅၀ ခန့်အကွာအဝေးတွင်တည်ရှိကြောင်း ၎င်းကပြောသည်။
စက်မှုဇုန်အတွက် မြေဧရိယာအကျယ်အဝန်း ကို ၂၅၄ ဧက သတ်မှတ်ထားကြောင်း ဦးလှရှိန်
က ပြောသည်။
"ကျောက်တန်းက လယ်မြေတွေက အရင်က ဘယ်လောက်မှမရှိဘူး။ ဒါပေမဲ့ သတင်းထွက်စ
မှာပဲ တစ်ဧကကို သိန်း ၂၀ ဖြစ်သွားတယ်။ သတင်းထွက်တဲ့ နှစ်လကျော်ကာလအတွင်းမှာပဲ
တရိပ်ရိပ်တက်လာတာ အခုဆို တစ်ဧက သိန်း ၂၀၀ နဲ့ အရောင်းအဝယ်ဖြစ်နေကြပြီ" ဟု ၎င်းက
ပြောသည်။
စက်မှုဇုန်တည်မည့် ကျောက်တန်းရွာနေရာ သည် ပင်လယ်နှင့် ထိစပ်နေသောကြောင့် ရေမြုပ်
သည့်ပြဿနာနှင့် ရင်ဆိုင်ရလေ့ရှိခြင်း ကြောင့် စက်မှုဇုန်တည်ဆောက်မည်ဆို လျှင် ထိုအချက်ကို
ထည့်သွင်းစဉ်းစားရန် လိုကြောင်း ၎င်းကပြောသည်။
"မြေတွေဝယ်ထားတာက ဒေသခံတွေချည်းပဲလို့တော့ ပြောလို့မရဘူး။ မော်လမြိုင်မှာက ဒေသခံ
စီးပွားရေးလုပ်ငန်းရှင် သိပ်များများစားစားမရှိဘူး။ တခြားက စီးပွားရေးလုပ်ငန်းရှင်တွေလည်း ပါ
တယ်" ဟု ဦးလှရှိန်က ပြောသည်။
သို့သော် အဆိုပါ ကျောက်တန်းစက်မှုဇုန် စီမံကိန်းသည် အစိုးရနှင့်နီးစပ်သူများ၊ ကျောက်တန်း
ဒေသခံများသာသိသော အကြောင်းအရာဖြစ်ပြီး မြို့ခံလူထုများမှာ အသေအချာမသိသေး ကြောင်း
မော်လမြိုင်မြို့အခြေစိုက် အိမ်ခြံမြေအကျိုးဆောင် ဦးရီဝင်းကပြောသည်။ ယင်းစက်မှုဇုန်စီမံကိန်း
ကို ၁၉၉၇ ခုနှစ်က စတင်ခဲ့ပြီး နောက်ပိုင်းတွင် ရပ်တန့်သွားခဲ့ သည်။ ထို့ကြောင့် ဒေသခံများ
လယ်မြေလုပ်ကိုင် ခြင်း၊ နေထိုင်ခြင်းတို့ကို ခွင့်ပြုထားခဲ့ပြီး ယခု ၂၀၁၄ ၁၅ ဘဏ္ဍာနှစ်တွင် စီမံကိန်း
အား ပြန်လည်လုပ်ကိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
"မော်လမြိုင်စက်မှုဇုန်မြေဈေးတွေက ဒီနှစ် နျစ်ဆန်းပိုင်းလောက်ကစပြီး သိသိသာသာတက်
လာတယ်။ မြေဈေးတက်တာ စက်မှုဇုန် ပြန်လုပ်မယ်ဆိုတဲ့ သတင်းတွေကြောင့်လည်း ပါမယ်ထင်
တယ်။ မြေဈေးက သိပ်မငြိမ်သေးလို့ ဘယ်နှစ်ဆလောက် တက်တယ်ဆိုတာကို ခန့်မှန်းဖို့ခက်
တယ်"ဟု မော်လမြိုင်ဒေသခံ ကိုဇော်ဝင်းထွဋ်က ပြောသည်။
"မော်လမြိုင်မှာ မြေဈေးက စက်မှုဇုန်နားမှာ ပဲ ဈေးတက်နေတာမဟုတ်ဘူး။ မြေတစ်ကွက်လုံး
ရေနစ်နေတဲ့ ဖက်ခင်းဒေသလို နေရာမျိုး တောင်မှ အရင်က ပေ ၄၀၊ ဗပ ၆၀ တစ်ကွက်ကို
သိန်းလေးဆယ်လောက်ပဲ ရှိရာက အခု သိန်း ရှစ်ဆယ်အထိ နှစ်ဆဈေးတက်သွားတယ်။
မြေ ဈေးတွေက မော်လမြိုင်တစ်မြို့လုံးနီးပါးမှာ တဖြည်းဖြည်း တက်နေတာ" ဟု ၎င်းက ပြောသည်။















