ပြည်ပသို့ ရော်ဘာတင်ပို့လျက်ရှိသော ဖိုးလမင်း ကုမ္ပဏီနှင့် မလေးရှားနိုင်ငံ Felda Global
Ventures Holdings Berhad (FGV) ကုမ္ပဏီတို့ ပူးပေါင်းကာ မြန်မာနိုင်ငံတွင် တန်ဖိုးမြင့်
ရာဘာကုန်ချောထုတ်လုပ်သည့်စက်ရုံ ပူးတွဲ တည်ထောင်ရန် မတ်လ ၈ ရက်နေ့က သဘောတူ
လက်မှတ်ရေးထိုးခဲ့ကြောင်း ဖိုးလမင်းကုမ္ပဏီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ပြောသည်။
"ဖိုးလမင်းကုမ္ပဏီကထုတ်တဲ့ တစ်ဆင့်ပြုပြင် ထားတဲ့ ရော်ဘာကုန်ချောတွေကို မလေးရှားနိုင်ငံ
နဲ့ တရုတ်နိုင်ငံမှာ ရောင်းတယ်။ ရော်ဘာ အရည် အသွေးကြောင့် ရောင်းဈေးက ဘယ်တော့မှ
ဈေးကောင်းမရဘူး။ ဈေးအနှိမ်ခံရတယ်။ အရည်အသွေးမြင့် နိုင်ငံခြားကုမ္ပဏီနဲ့ ပူးပေါင်း ပြီး
ရော်ဘာအရည်အသွေးမြှင့်ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ပါတယ်" ဟု ဦးထွန်းထွန်းဝင်းက ပြောသည်။
လတ်တလော သဘောတူညီချက်အရ ဖိုးလမင်းနှင့် FGV ကုမ္ပဏီတို့ ပူးပေါင်းကာ အဆင့်မြှင့်
ရာဘာကုန်ချောကို အဓိကထား ထုတ်လုပ်မည်ဖြစ်ပြီး နောက်ပိုင်းတွင် တာယာ စက်ရုံကဲ့သို့
ရာဘာ ကုန်ချောပစ္စည်းများကို လည်း ဆက်လက်ထုတ်လုပ်သွားရန် ရည်ရွယ်ကြောင်း ၎င်း
ကပြောသည်။
ဖိုးလမင်းနှင့် FGV ကုမ္ပဏီတို့သည် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလမှစတင်၍ ရာဘာလုပ်ငန်း တွင်
ပူးတွဲလုပ်ကိုင်ရန် သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးပြီးဖြစ်ကာ ယခုအကြိမ်တွင် ပူးတွဲ
ကုမ္ပဏီတည်ထောင်ရန် သဘောတူခဲ့ခြင်း လည်း ဖြစ်သည်။
"FGV ကုမ္ပဏီက ဖိုးလမင်းကုမ္ပဏီနဲ့၂၀၁၂ ခုနှစ်ကတည်းက MOU ရးထိုးပြီး ပူးပေါင်းဆောင်ရွက်
ခဲ့တာ အောင်မြင်ခဲ့တယ်။ FGV ကုမ္ပဏီက ရာဘာလုပ်ငန်းမှာ အတွေ့အကြံုရှိတဲ့အတွက် ဖိုးလမင်း
နဲ့တွဲဖက်ပြီး မြန်မာနိုင်ငံ ရဲ့ ရာဘာလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှု စတင်ပြုလုပ် ခဲ့တာပါ။ ရာဘာလုပ်ငန်း
က တစ်ဆင့် တခြား ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်သွားမယ်"ဟု FGV ကုမ္ပဏီဥက္ကဋ္ဌ Mr. Mohd Emir
Mavani Abdullah က ပြောသည်။
ဖိုးလမင်းကုမ္ပဏီနှင့် ပူးပေါင်းပြုလုပ်မည့် ရာဘာလုပ်ငန်းတွင်လုပ်ငန်းအစပိုင်း၌ အမေရိ ကန်ဒေါ်လာ
၁၀ သန်းမှ သန်း ၅၀ အထိရင်းနှီး မြှုပ်နှံမည်ဖြစ်ပြီး နောက်ပိုင်းတွင် တိုးချဲ့သွားရန် ရည်ရွယ်ကြောင်း
FGV ကုမ္ပဏီ ဒုဥက္ကဋ္ဌ Mr. Datuk Abd Halim Hamit က ပြောသည်။















