အာရှနှင့် ပစိဖိတ်ဒေသ စီးပွားရေးဆိုင်ရာတိုး တက်မှုများဆောင်ရွက်လျက်ရှိသည့် အာရှဖွံ့ဖြိုး
ရေးဘဏ် (ADB) က ရန်ကုန်နှင့် မန္တလေး တစ်ဝိုက်ရှိ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှု နည်းနေသောမြို့နယ်များတွင် ရေသန့်ရှင်းရေး နှင့် ရေမြောင်းတူးဖော်ရေးလုပ်ငန်းများ၊ အဆင့်
မြှင့်တင်ရေးလုပ်ငန်းများနှင့် ရေကြီးမှုဘေးအန္တရာယ်များ ကာကွယ်နိုင်ရန် အမေရိကန်ဒေါ်လာ
လေးသန်း အသုံးပြုသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့အခြေစိုက် ADB ရုံးခွဲက
မတ်လပထမပတ်တွင် သတင်း ထုတ်ပြန်ခဲ့သည်။
"မြန်မာနိုင်ငံက မြို့ကြီးတွေရဲ့ တချို့ရပ်ကွက် တွေမှာ လူနေမှုအခြေအနေတွေက စိတ်ပျက်
စရာကောင်းပြီး နေထိုင်တဲ့သူတွေလည်း ရေကြီး တဲ့ဒဏ်ကြောင့် နာတာရှည်ကျန်းမာရေးပြဿနာ
တွေ ရင်ဆိုင်နေရပါတယ်။ ဒီလိုရင်ဆိုင်ရတဲ့အတွက် စီးပွားရေးအခွင့်အလမ်းတွေ ရရှိဖို့ လည်း
အတားအဆီးဖြစ်နေပါတယ်။ အခု ထောက်ပံ့ကြေးက နေထိုင်တဲ့ပြည်သူတွေရဲ့ပတ်ဝန်းကျင်
ပြုပြင်ပြောင်းလဲဖို့ စည်ပင်က ၀န်ထမ်းတွေနဲ့ ပူးပေါင်းလုပ်ကိုင်နိုင်ဖို့ အခွင်အရေးဖန်တီးပေးနိုင်
မှာပါ" ဟု ADB ၏ အရှေ့ တောင်အာရှဌာန လူမှုရေးကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ကျွမ်းကျင်
အရာရှိ Mr.Linda Adams ကပြောသည်။
ယခုထောက်ပံ့ငွေ 'ကန်' ဒေါ်လာ လေးသန်း မှာ ADB ၏ ဂျပန်နိုင်ငံဆင်းရဲမှုလျှော့ချရေးရန်ပုံငွေက
ထောက်ပံ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် အတွင်းက ADB ၏ရှေ့ပြေးစမ်းသပ်ဆောင်ရွက် သည့်စီမံကိန်း
ဖြစ်သော ရန်ကုန်တိုင်း ဆင်ခြေဖုံး ရှိ ဒေါပုံမြို့နယ်အတွက် ငွေကြေးထောက်ပံ့မှု အောင်မြင်ခဲ့ခြင်း
ကြောင့် ယခုကဲ့သို့ ရန်ကုန် နှင့် မန္တလေးမြို့များအတွက် ထောက်ပံ့ခြင်း ဖြစ်ပြီး စည်ပင်သာယာ
ရေးကော်မတီနှင့် ပူးပေါင်းကာ မြို့နယ်နှစ်ခုလုံးတွင် ရပ်ရွာဖွံ့ဖြိုး ရေးကော်မတီများလည်း
ဖွဲ့စည်းသွားမည် ဖြစ်သည်။
"မနှစ်က ADB ရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ ရန်ကုန်ဆင်ခြေဖုံးမြို့ဖြစ်တဲ့ ဒေါပုံမှာ အညစ် အကြေး
ပုံမှန်စွန့်ပစ်နိုင်အောင်၊ အိမ်သာတွေ တည်ဆောက်ပြီး မိလ္လာကန်အနည်ဆယ်တာ တွေ ပြုလုပ်နိုင်
ခဲ့ပါတယ်။ ဒါကြောင့် အဲဒီဒေသရဲ့ ရေကြီးမှုမှာ ပတ်ဝန်းကျင်သန့်ရှင်းမှုကို ကောင်း ကောင်း
အထောက်အပံ့ဖြစ်ခဲ့တယ်။ ဒီစီမံကိန်း အောင်မြင်လို့ လူနေသိပ်သည်းတဲ့ ရန်ကုန်နဲ့ မန္တလေးမြို့
တွေက မြို့နယ်တွေမှာ ထပ်မံဆောင် ရွက်ဖို့ ဒေါ်လာလေးသန်းကို ထောက်ပံ့ခဲ့တာပါ" ဟု
၎င်းကပြောသည်။
ထို့ပြင် ADB ဘဏ်က ၂၀၁၈ ခုနှစ်တွင် အိမ်သာအလုံး ၂,၀၀၀၊ မြို့ပြကွန်ရက်ကို ဆက်သွယ်
သည့် ၁၇ ကီလိုမီတာအရှည်ရှိ ရေစီး မြောင်းများတည်ဆောက်ရန်နှင့် ရပ်ကွက်တွင်း နေထိုင်
သူများ၏ စွန့်ပစ်ပစ္စည်းများ စွန့်ပစ် သည့် စနစ်တစ်ခုကိုလည်း မြန်မာနိုင်ငံအတွင်း ရှိ မြို့နယ်
လေးခုတွင် တည်ဆောက်မှုအတွက် ထောက်ပ့ံပေးသွားရန်ရည်ရွယ်ထားကြောင်း လည်း
ဘဏ်၏သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် မြို့ပြဒေသတွင်နေထိုင် ကြသည့် လူဦးရေအများစုမှာ ၁၉၈၀ နှင့် ၁၉၉၀ ပြည့်နှစ်
၀န်းကျင်များက အသစ်နေရာချထားပေး သည့်မြို့သစ်များတွင် နေထိုင်ကြခြင်းဖြစ်ပြီး ယင်းမြို့သစ်
များ၏ အခြေခံအဆောက်အအုံ ကဏ္ဍတိုးတက်ရေးဆောင်ရွက်မှုမှာ အလွန်နည်းပါးကြောင်း
Mr.Linda Adams က ပြောသည်။
"ပြောင်းရွှေ့ပြီးနေထိုင်ကြတဲ့သူတွေများပြား လာတာနဲ့အမျှ အခြေခံအဆောက်အအုံ နည်းပါး
တဲ့မြို့တွေမှာ ရေသန့်လုံလုံလောက် လောက်မရသလို မိလ္လာပိုက်လိုင်းစနစ်တွေက လည်း ပိုပြီး
အခြေအနေဆိုးလာတတ်ပါတယ်။ ဒီတော့ ရေဝယ်သုံးရသလို အညစ်အကြေး စွန့်တာတွေ
အတွက်အသုံးစရိတ်များပြီး ပိုက်ဆံ ချေးတဲ့သူတွေကိုမှီခိုရတဲ့အထိ ဖြစ်သွားနိုင် ပါတယ်" ဟု
၎င်းကပြောသည်။















