တစ်ချိန်က ကမ္ဘာ့နာမည်ကြီး အီလက်ထရွန်းနစ် လုပ်ငန်းကြီးတစ်ခုဖြစ်သော ဆိုနီကော်ပိုရေးရှင်း
သည် လုပ်ငန်း၏ အသားတင် အကျိုးအမြတ် ရရှိမှုကို ပြန်လည်ချိန်ညှိနိုင်ရန် နှစ်ပေါင်း ၆၀ ကြာ
ကုမ္ပဏီရုံးချုပ်စိုက်တည်ခဲ့သည့် တိုကျို၏ အထင်ကရ နေရာတစ်ခုတွင် တည်ရှိသော ရုံးချုပ်
အဆောက်အအုံနှင့် ယင်းမြေနေရာရှိ အခြားအဆောက်အအုံများ ကို ရောင်းထုတ်တော့မည်
ဖြစ်ကြောင်း မတ်လ ရ ရက်နေ့က ထုတ်ဖော်ကြေညာ လိုက်သည်။
အဆိုပါ အဆောက်အအုံများအား ဆူမီတိုမို အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသို့ တန်ကြေး
ယန်း ၁၆ ဒသမ ၁ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၅၇ သန်း) ဖြင့်ရောင်းချမည်ဖြစ်ပြီး နောက်လ
တွင် အပြီးသတ်ရောင်းချနိုင် မည်ဖြစ်ကြောင်း ဆိုနီကော်ပိုရေးရှင်းက ကြေညာသည်။
ယင်းရောင်းချမည့် အဆောက်အအုံများမှာ တိုကျိုမြို့ ရှင်နာဂါ၀ါဘူတာရုံအနီးရှိ ဂိုတန်ရာမ
ဧရိယာအတွင်းတည်ရှိပြီး ၎င်းနေရာရှိမြေဈေး များ မြင့်တက်လာသည်မှာ မကြာသေးပေ။
ဆိုနီသည် ၂၀၀၇ ခုနှစ်က ယင်းနေရာရှိ အဆောက်အအုံ အစိတ်အပိုင်းတစ်ခုကို ရောင်းချခဲ့ပြီး
၎င်း၏ရုံးချုပ်အား ရှင်နာဂါ၀ါ ဘူတာ၏ မျက်နာချင်းဆိုင်အရပ်သို့ ပြောင်း ရွှေ့ခဲ့သည်။
ဒုတိယကမ္ဘာစစ်ကာလ ဂျပန်နိုင်ငံ စစ်ရှုံး အပြီး တစ်နှစ်အကြာ ၁၉၄၆ ခုနှစ်တွင် ဆိုနီကုမ္ပဏီကို
တိုကျိုဆုရှင်းကိုဂျို အမည်အဖြစ် စတင်တည်ထောင်ခဲ့သည်။ နောက်တစ်နှစ်တွင် တိုကျိုမြို့
အတွင်းရှိ အခြားနေရာတစ်ခုမှ ဂိုတန်ရာမဧရိယာသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ၎င်း၏ နည်းပညာ
သစ်ဖြစ်သော နှင့် နာမည်ကျော် ရုပ်မြင်သံကြားစက်များထုတ်လုပ်နိုင်သည့် ကမ္ဘာ့ကုမ္ပဏီကြီး
တစ်ခုအဖြစ် တိုးတက်ဖွံ့ဖြိုးလာသည်။
တစ်ခေတ်တစ်ခါက ဆန်းသစ်ခဲ့သော ထုတ်ကုန်များ စုစည်းပြသထားသည့်ပြတိုက်တစ်ခုမှာ
ဂိုတန်ရာမဧရိယာတွင် ကျန်ရှိနေသေး သောအဆောက်အအုံ အနည်းငယ်ထဲတွင် တစ်ခု
အပါအဝင်ဖြစ်သည်။ လေးနှစ်ဆက်တိုက် အရှုံးပေါ်နေမှုများကိုဖြေရှင်းရန် မန်ဟန်တန်ရှိ
၎င်း၏အမေရိကန်ရုံးချုပ်ကို ဒေါ်လာ ၁ ဒသမ ၁ ဘီလျံဖြင့် မနှစ်က ရောင်းချခဲ့အပြီး ယခုကဲ့သို့
ထပ်မံရောင်းချခြင်းဖြစ်ကြောင်း ဆိုနီကုမ္ပဏီက ကြေညာသည်။
ဆိုနီနှင့် ၎င်း၏ ပြည်တွင်းပြိုင်ဘက်များ ဖြစ်သော ပင်နာဆိုးနစ်နှင့် ရှပ်ကုမ္ပဏီတို့မှာ လည်း
၎င်းတို့၏ထုတ်ကုန်ပစ္စည်းများရောင်း မထွက်ဘဲ အရှုံးပေါ်နေသော လူသုံးကုန်လျှပ်စစ် ပစ္စည်းများ
ဈေးကွက်တွင် ပြည်ပကုမ္ပဏီများ နှင့် အပြိုင်အဆိုင်ဖြစ်လာပြီး ခက်ခက်ခဲခဲ ရုန်းကန်နေရခြင်းကြောင့်
ပြီးခဲ့သည့်နှစ်များ အတွင်း ဆုံးရှုံးမှုများကိုကာမိစေရန် မလွှဲသာမရှောင်သာသော နည်းလမ်းများဖြင့်
ပြန်လည်ပြင်ဆင်ဖွဲ့စည်းမှုများကို လုပ်ဆောင်ခဲ့ရသည်။
ဆိုနီသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ်အတွင်း အကျိုးအမြတ် ပြန်လည်ရရှိခဲ့သော်လည်း ယခု
ဘဏ္ဍာနှစ်အတွင်း မတ်လအထိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၈ ဘီလျံ အရှုံးပေါ်ခဲ့ခြင်း
ကြောင့် အလုပ်သမားဦးရေ ၅,၀၀၀ လျှော့ချရန်နှင့် အရောင်းအဝယ်ထိုင်းနေသော ပီစီ
ဈေးကွက်ကို ရပ်နားရန်လည်း စီစဉ်လျက်ရှိ သည်။ ယခုအဆောက်အအုံရောင်းချမှုမှာ
လက်ရှိဘဏ္ဍာနှစ်၏ ၀င်ငွေမျှော်မှန်းချက်အပေါ် အကျိုးအသက်ရောက်မှုမရှိနိုင်ကြောင်း
ဆိုနီက ပြောသည်။
(အေအက်ဖ်ပီ)
















