ဒလမြို့နယ်ရှိ ဒလကူးတို့ဆိပ် ခံတံတား တည်ဆောက်ရေး စီမံကိန်း အတွက်ပန္နက်တင်
မင်္ဂလာကိုယခုလ ၁၂ရက်နေ့တွင် နံနက်ရနာရီ ၂၀မိနစ်တွင် ပြုလုပ်ခဲ့ပြီး ဂျပန် အပြည်ပြည်
ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက ဆိပ်ခံဂျက်တီ ဘောတံတား အပါအဝင် ဧည့်သည်
နားနေဆောင်များကိုပါပြင်ဆင်ပေးသွားမည်ဖြစ်သည်။
ဂျက်တီတစ်ခုတည်းအတွက် အမေရိကန်ဒေါ်လာ သုံးသန်းကုန်ကျမည် ဖြစ်ပြီး ကျန်သည့် ဘောတံတားအပါအဝင်ဧည့်သည်နားနေဆောင်များတည်ဆောက်ရေးအတွက်
အသုံးပြုမည့် ကုန်ကျစရိတ်အား မသိရသေးပေ။ အဆိုပါတည်ဆောက်ရေးစီမံကိန်းအား
ဒလသင်္ဘောကျင်းတွင် ဖေဖော်ဝါရီလအတွင်းမှ စတင်ခဲ့ရာ တစ်လခန့်ကြာမြင့်ပြီဖြစ်ပြီး
လာမည့် စက်တင်ဘာလအတွင်းပြီး မည်ဟုခန့်မှန်းထားသည်။
အဆိုပါတည်ဆောက်မှုအတွက် ဂျပန်နိုင်ငံမှ ပညာရှင်သုံးဦးနှင့် မြန်မာနိုင်ငံမှ အင်ဂျင်နီယာ
များပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း ဒလသင်္ဘောကျင်း တွင် အဆိုပါဆိပ်ခံတည်ဆောက်မှု
အတွက် တာဝန်ကျ လက်ထောက်အင်ဂျင်နီယာ ကိုမျိုးဝင်းသိမ်းက မြန်မာတိုင်း(မ်)ကိုပြောသည်။
"ဂျပန်နိုင်ငံမှပညာရှင်သုံးဦးနဲ့အတူ အကူတစ်ဦးပါ၀င်ပါတယ်။အခုတည်ဆောက်နေတဲ့ ဆိပ်ခံ
အကျယ်ကတော့ ပေတစ်ရာ့နှစ်ဆယ်ကျော်ရှည်လျားပါတယ်။ အနံကနှစ်ဆယ့် ခြောက်ပေ၊
ဇောက် ခုနှစ်ပေကျော်ပါတယ်။ လျှောက်လမ်းနှစ်ခုပါ၀င်မှာဖြစ်ပါ တယ်"ဟု၎င်းကပြောသည်။
ပျက်စီးသွားတဲ့ဂျက်တီတွေအတွကိကိဂျပန်အစိုးရအနေနဲ့ ပြင်ဆင်ပေးဖို့စတင်ခဲ့တာ ဖြစ်ပါတယ်။
တစ်ပြိုင်တည်းမှာပဲ ဂျပန်အစိုးရအနေနဲ့ ဖယ်ရီသုံးစီး ကူညီပေးဖို့ကို ဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲဒီသင်္ဘောတွေရောက်လာတဲ့အချိန်အသုံးပြုဖို့အဆင်ပြေအောင် ဒီဆိပ်ခံတံတားကို အသစ်လုပ်
တာဖြစ်ပါတယ်"ဟု ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှဌာနေကိုယ်စား
လှယ် မစ္စတာ မာဆာဟီကိုတာနာကာ ကပြောသည်။















