၂၇ ထပ်ရှိ အထပ်မြင့်ကွန်ဒိုမီနီယံ ၀ယ်ယူရန် စိတ်ဝင်စားသူများ

၂၇ ထပ်ရှိ အထပ်မြင့်ကွန်ဒိုမီနီယံ ၀ယ်ယူရန် စိတ်ဝင်စားသူများ

ရွှေနန်းတော် စိန်ရွှေရတနာလုပ်ငန်းစုဖြစ်သည့် United GP Development ကုမ္ပဏီလီမိတက်
က ဦးဆောင်တည်ဆောက်သွားမည့် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းနှင့် ဆရာစံလမ်းထောင့်
ရှိ ၂၇ ထပ် အမြင့်ရှိ 68RESIDENCE အဆင့်မြင့်ကွန်ဒိုမီနီယံ စတင်မိတ်ဆက်သည့် အခမ်းအနား
တွင် အဆိုပါကွန်ဒိုမှအခန်းများကို ၀ယ် ယူရန် စိတ်ဝင်စားသူများပြားကြောင်း အဆိုပါကုမ္ပဏီမှ
ဒါရိုက်တာ ကိုဆိုင်မွန်က မြန်မာ တိုင်း(မ်) ကို ပြောသည်။

"ကျွန်တော်တို့ ဒီကွန်ဒိုမီနီယံကြီး တည် ဆောက်သွားမယ်ဆိုတဲ့ အကြောင်းကို မတ်လ ၁၄ ရက်
နေ့နဲ့ ၁၅ ရက်နေ့တွင် မိတ်ဆက်ပွဲလေး လုပ်ခဲ့ပါတယ်။ နှစ်ရက်ဆက်တိုက် ကျင်းပတဲ့ မိတ်ဆက်
ပွဲမှာ ဧည့်သည်ပေါင်း နှစ်ထောင် လောက် လာတက်ပါတယ်။ ဒီမိတ်ဆက်ပွဲ အခမ်း အနားမှာတင်
ကွန်ဒိုအခန်းတွေကို ၀ယ်ယူချင် တဲ့သူတွေ တော်တော်များပါတယ်။ ပွဲပြီးသွားတဲ့အချိန်မှာ အခန်း
တွေကိုဝယ်ဖို့ ကြိုတင်စာရင်းသွင်းထားတာ ၈၀ ရာခိုင်နှုန်းလောက်အထိ ရှိသွားပါပြီ" ဟု ၎င်းက
ပြောသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံတွင် အဆင့်မြင့် ကွန်ဒိုမီနီယံများကို စိတ်ဝင်စားမှုများလာပြီး ၀ယ်လိုအား
တက်လာခြင်းကြောင့် ဆောက်လုပ် မှုများလာခြင်းသည် ပြည်သူများ၏ နေထိုင်မှု ပုံစံ ပြောင်းလဲ
လာခြင်းကြောင့် ဖြစ်ကြောင်း ကိုဆိုင်မွန်က ပြောသည်။

"အခုနောက်ပိုင်းမှာ လူတိုင်းက သူတို့ရဲ့ နေထိုင်မှုကို နိုင်ငံတကာ အဆင့်အတန်းမီချင် လာကြ
တယ်။ ကိုယ်နေထိုင်ရမယ့်နေရာကို အကောင်းဆုံး ဖြစ်ချင်ကြတယ်။ အဲဒီလိုပြောင်း လဲလာမှုတွေ
ကြောင့် မြန်မာနိုင်ငံမှာ လိုအပ်ချက် တွေဖြစ်လာတယ်။ သူတို့ရဲ့ လိုအပ်ချက်တွေကို ကျွန်တော်
တို့လိုလုပ်ငန်းတွေက အကောင်းဆုံး ၀န်ဆောင်မှုတွေနဲ့ အကောင်အထည်ဖော်ပေး ချင်ပါတယ်။
ဒါကြောင့်လည်း ရန်ကုန်မြို့မှာ နိုင်ငံတကာ အဆင့်အတန်းမီ အဆောက်အအုံ ဆိုတဲ့ ပြယုဂ်ဖြစ်
လာမယ့် ဒီကွန်ဒိုမီနီယံကို တည်ဆောက်ဖို့ ကြိုးစားခဲ့တာပါ" ဟု ၎င်းက ပြောသည်။ အခန်းဝယ်
ယူရန် ကြိုတင်စာရင်းသွင်း သူများမှာ ကြိုတင်မှာယူမှုအတွက် ကျပ်သိန်း ၅၀ ကို စရန်ပေးသွင်း
ရပြီး မေလမှစတင်ပြီး ၁၇ ထပ်အထိရှိသော အခန်းများကို အရောင်းဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး
၁၈ ထပ် နှင့်အထက်ရှိသော အခန်းများကိုမူ ဇူလိုင်လ တွင် အရောင်းဖွင့်လှစ်ပေးသွားမည်
ဖြစ်သည်။


 

ကြိုတင်စာရင်းပေးသွင်းသူများမှာ အခန်း တန်ဖိုး၏ ငါးရာခိုင်နှုန်းကို အရောင်းဖွင့်လှစ် သည့်လတွင်
ပေးသွင်းရမည်ဖြစ်ပြီး နောက် နှစ်လတွင် တစ်လလျှင် ဆယ်ရာခိုင်နှုန်းစီ ဆက်လက်ပေးဆောင်
သွားရမည်ဖြစ်ကာ ထိုသို့ ပေးဆောင်သူများမှာ အခန်းဝယ်ယူရန်သေချာသည့်အနေအထား ရရှိ
မည် ဖြစ်သည်။

သို့သော် ကျန်သည့် ရ၅ ရာခိုင်နှုန်းကိုမူ ၃၆ လ အတွင်း အရစ်ကျ ပေးဆောင်သွားရမည် ဖြစ်သည်။
လက်ရှိအချိန်တွင် ယင်းကွန်ဒိုရှိ အခန်းများ ကို တစ်စတုရန်းပေလျှင် ကျပ် ၃၅၀,၀၀၀ မှ ၄၅၀,၀၀၀
အတွင်း ဈေးနှုန်း သတ်မှတ်ထားသည်။ အဆိုပါကွန်ဒိုမီနီယံကို တစ်ဧကအကျယ်အဝန်းရှိ ဘိုးဘွား
ပိုင်မြေပေါ်တွင် ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် စတင်တည်ဆောက်သွားမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ စက်
တင်ဘာလခန့်တွင် ရုပ်လုံးပေါ်လာမည်ဖြစ်ကာ ၂၀၁၈ ခုနှစ် အစောပိုင်းခန့်တွင် ၀ယ်ယူသူများ
နေထိုင်ခွင့် ရရှိမည်ဖြစ်သည်။

"ကွန်ဒိုတည်ဆောက်တဲ့အပိုင်းက ၂၀၁၇ ခုနှစ်၊ စက်တင်ဘာကို အပြီးတည်ဆောက်မှာပါ။ ဒါပေမဲ့ နေထိုင်ခွင့်လျှောက်တင်ဖို့အတွက်က လေးငါးလလောက်ကြာဦးမှာဆိုတော့ အခန်း ၀ယ်
ထားတဲ့သူတွေကို ကျွန်တော်တို့ ၂၀၁၈ ခုနှစ် အစောပိုင်းလောက်မှာ အခန်းအပ်နိုင်မှာပါ" ဟု
ကိုဆိုင်မွန်ကပြောသည်။

ထို့ပြင် ကမ္ဘောဇဘဏ်လီမိတက်နှင့် ပူးပေါင်း ကာ အခန်းဝယ်ယူသူများ ငွေချေးဝယ်ယူနိုင် ရန်
ပူးပေါင်းချိတ်ဆက် လုပ်ဆောင်သွားမည် ဖြစ်သည်။ "Somerset Serviced Residence က
လည်း မြန်မာနိုင်ငံမှာ ပထမဦးဆုံးခြေလှမ်းအနေ နဲ့ 68 RESIDENCE ကွန်ဒိုမှာ Serviced
Apartment အဖြစ် သူတို့က အခန်းပေါင်း ၁၅၃ ခန်းကို 68 RESIDENCE တည်ဆောက်သွား
မှာပါ။ ကျွန်တော်တို့ ကုမ္ပဏီကလည်း ပထမဦးဆုံးခြေလှမ်း၊ သူတို့က လည်း ပထမဦးဆုံးခြေလှမ်း
အနေနဲ့ ရန်ကုန်မြို့ မှာ အထင်ကရဖြစ်ပြီး အကောင်းဆုံးဝန်ဆောင် မှုတွေပေးနိုင်မယ့် ကွန်ဒိုမျိုးကို
တည်ဆောက် ချင်တဲ့အတွက် ပူးပေါင်းဖြစ်ခဲ့ပါတယ်" ဟု ကိုဆိုင်မွန်က ပြောသည်။

ယင်းကွန်ဒိုတွင်၏ မြေအောက်ထပ်တွင် ကား ၄၄၄ စီး ရပ်နားနိုင်သော နေရာများ၊ မြေညီထပ်တွင်
နာမည်ကြီးတံဆိပ် လက်လီ အရောင်းဆိုင်များ ရေကူးကန်များ၊ စားသောက် ဆိုင်များနှင့်
အားကစားခန်းမများ ပါ၀င် မည်ဖြစ်သည်။ ၆၈ ျွနှှီုနဃြန ကွန်ဒိုအတွက် ရေကူးကန် ကို ၂၆ လွှာ
တွင်တည်ဆောက်မည်ဖြစ်ပြီး Somerset Serviced Residence အတွက် ရေကူးကန်နှင့် အခြား
အပန်းဖြေဝန်ဆောင်မှု များမှာ လေးလွှာတွင်တည်ရှိမည် ဖြစ်သည်။

အဆိုပါကွန်ဒို၏ အခန်းဖွဲ့စည်းတည်ဆောက် ပုံများမှာ အဓိကတံခါးမကြီးမှတစ်ဆင့် သီးသန့်အခန်း
နှစ်ခုကို ဆက်သွယ်ပေးထားသောစနစ် အသုံးပြုဖွဲ့စည်းထားသည့်အခန်းနှင့် ကွန်ဒို အခန်းအတွင်း
နှစ်ထပ်ဖွဲ့စည်းတည်ဆောက် သည့်စနစ် အသုံးပြုဖွဲ့စည်းထားသော အခန်း အမျိုးအစား နှစ်မျိုးဖြင့်
တည်ဆောက်သွားမည် ဖြစ်ကြောင်း ကုမ္ပဏီမှတာဝန်ရှိသူများက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်