သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်ရန်အတွက် မြေငှားရမ်းရန်အဆိုပြု လွှာ
ပေးပို့ထားသည့် ကုမ္ပဏီပေါင်း ၁၇ ခုရှိပြီ ဖြစ်ကာ အဆိုပါကုမ္ပဏီ များမှာ ဂျပန်၊ ဟောင်ကောင်
ဩစတြေးလျနှင့် တရုတ်နိုင်ငံတို့မှ ဖြစ်ကြောင်း မြန်မာ ဂျပန် သီလဝါဖွံ့ဖြိုး တိုးတက်ရေးကုမ္ပဏီ
လီမိတက် ဥက္ကဋ္ဌမစ္စတာ ့ညေငေ ွှေုေျ့င က မတ်လ ၁၈ ရက်တွင်ပြုလုပ်သော သီလဝါအထူးစီးပွား
ရေးဇုန်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုေဆွေးနွေးပွဲတွင် ပြောသည်။
အဆိုပါကုမ္ပဏီ ၁၇ ခုသည် အထည်ချုပ်၊ ဇိနပ်လုပ်ငန်း၊ ွှိတ်၊ ွှစားအစာနျင့် အီလက်ထရွန်းနစ်
ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီများ ဖြစ်ကာ အများစုမှာ ဂျပန်နျင့် ဟောင်ကောင် ကုမ္ပဏီများဖြစ်
ကြောင်း ၎င်းကပြောသည်။
"အခုလုပ်ငန်း အနေအထားကတော့ ကျွန်တော်တို့ အရင်မျှော်မှန်းထားတာထက်ပိုပြီးတော့
အဆင်ပြေနေတယ်လို့ ပြောလို့ရပါ တယ်" ဟု မစ္စတာ ့ညေငေ ွှေုေျ့င က ပြောသည်။ မြေငှားရန်
အဆိုပြုထားသည့် ကုမ္ပဏီများ အတွက် စက်ရုံဆောက်လုပ်သည့်လုပ်ငန်းများ ကို လာမည့်မေလတွင်စတင်မည်ဖြစ်ကြောင်း ပြောသော်လည်း မြေငှားခနှုန်းထားများနှင့်ပတ်သက်၍
ပြောကြားခဲ့ခြင်းမရှိပေ။
သို့ရာတွင် သီလဝါအထူးစီးပွားရေးဇုန်တွင် စက်မှုလုပ်ငန်းများအတွက် သတ်မှတ်မည့် မြေငှား
ရမ်းခဈေးသည် မြန်မာနိုင်ငံရှိပြင်ပ စက်မှုဇုန်များ၏ မြေငှားရမ်းခနှုန်း ထားအောက် ပျမ်းမျှ ၃၀
ရာခိုင်နှုန်းသက်သာမည်ဖြစ်ကြောင်း မြန်မာသီလဝါဟိုးဒင်း အများပိုင်ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်
က ပြောသည်။
"မြေငှားခဈေး ဘယ်လောက်ဆိုတာကို အတိ အကျမပြောနိုင်သေးပေမယ့် ယေဘုယျအနေနဲ့
ပြောရရင်တော့ အပြင်စက်မှုဇုန်ကဈေးတွေ အောက် အနည်းဆုံး ၃၀ ရာခိုင်နှုန်းလောက် တော့
သက်သာမှာပါ"ဟု ၎င်းကပြောသည်။
စီးပွားရေးအသိုင်းအဝိုင်းမှ လုပ်ငန်းရှင်များ ၏အဆိုအရ ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များ၌
တစ်လစာ မြေငှားရမ်းခဈေးနှုန်းမှာ တစ်စတုရန်းပေလျှင် ၂၂၅ ကျပ်မှ ကျပ် ၃၀၀ အတွင်း ပေါက်
ဈေးရှိသည်။
ရင်းနှီးမြှုပ်နှံသူများသည် အထူးစီးပွားရေးဇုန် ဥပဒေအရ မြေငှားရမ်းမှုအား ကနဦး နျစ် ၅၀ နှင့်
သက်တမ်းတိုးမှုအတွက် တစ်ကြိမ်လျှင် ၁၀ နျစ် နျင့် စုစုပေါင်းနျစ်ကြိမ် ထပ်မံသက်တမ်းတိုးခွင့်
ရှိခြင်းကြောင့် နျစ်ပေါင်း ရ၀ အထိ လုပ်ပိုင်ခွင့် ပြုထားပြီး ထိုကဲ့သို့ကာလရှည်ငှားရမ်းနိုင်သဖြင့်
ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် အခွင့် သာနိုင်သည်။
သို့သော်လည်း ပြည်တွင်း လုပ်ငန်းရှင်များအတွက် ကာလရှည် မြေငှားရမ်းခအတွက်
ရင်းနှီးမြှုပ်နှံနိုင်ရန် မလွယ် ကူနိုင်ကြောင်း လှိုင်သာယာ စက်မှုဇုန်စီမံခန့်ခွဲ ရေး ကော်မတီဥက္ကဋ္ဌ
ဦးမြတ်သင်းအောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။
"မြေငှားခသက်သာမယ်ဆိုပေမယ့် သီလဝါ မှာကနှစ်ကာလအရှည်ကြီးအတွက် မြေငှားခ ပေးထား
ရမှာဆိုတော့ ပြည်တွင်းလုပ်ငန်းရှင် တွေကတော့ ၀င်ဖို့ခက်လိမ့်မယ်။ ငါးနှစ်လောက် စီ ငှားလို့
ရရင်တော့ ဟုတ်တာပေါ့။ အပြင်စက်မှု ဇုန်တွေမှာက မြေငှားခက သီလဝါထက်ဈေးကြီး တယ်
ဆိုပေမယ့် တစ်နှစ်စာချင်းပေးပြီးငှားလို့ ရတယ်လေ" ဟု ၎င်းကပြောသည်။
သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံ ရေးအတွက် မြေငှားရန်အဆိုပြုလွှာပေးပို့ထား သည့် ကုမ္ပဏီများ၏တောင်းဆိုမှုများမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတိုင်း တင်ပြလျက်ရှိသည့် အခက်အခဲ
တစ်ရပ်ဖြစ်သော ရေ၊ လျှပ်စစ်မီးနျင့် သဘာဝဓာတ်ငွေ့ အစရှိသည့်အခြေခံ အဆောက်အအုံများ
လုံလောက်စွာရရှိရေးအပြင် လုပ်သားအင်အား လုံလောက်စွာ ရရှိရေးကိုပါ ဆောင်ရွက်ပေးရန်ပါ
တောင်းဆို ကြကြောင်း မစ္စတာ Yanai Takashi က ပြောသည်။
"လုပ်သားအင်အားကိုတော့ သီလဝါအထူးစီးပွားရေးဇုန်နဲ့နီးတဲ့ ရန်ကုန်မှာ လူဦးရေ အများအပြား
ရှိတဲ့အတွက် လုံလုံလောက်လောက် ရရှိလိမ့်မယ်လို့တော့ မျှော်မှန်း ထား ပါတယ်။ တကယ်လို့
မျှော်မှန်းသလောက်လုပ်သား အင်အားမရရှိရင်တော့ မြန်မာအစိုးရနဲ့ ဆွေးနွေးပြီး လုပ်သားတွေ
အတွက် သင်တန်းပေးတဲ့ ကိစ္စမျိုးတွေကို ဆောင်ရွက်သွားမှာပါ။ လောလောဆယ်တော့ အဲဒါနဲ့
ပတ်သက်ပြီး သီးသန့်စီစဉ်ထားပြီးတာတော့ မရှိသေးပါဘူး"ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ခန့်သည် အသက် ၂၄ နျစ်အောက်လူှုယ်များဖြစ်ရာ အလုပ်လုပ်
ကိုင်နိုင်သည့်အသက်အရွယ် လုပ်သားအရင်းအမြစ်အင်အားစုသည် မြန်မာနိုင်ငံ တွင်လုံလောက်
စွာရှိသည်ဟု Nielsen MMRD ၏သုတေသနစာတမ်းတစ်စောင်တွင် ဖော်ပြ ထားသည်။
သီလဝါအထူးစီးပွားရေးဇုန် စုစုပေါင်း ဧရိယာ ၂,၃၄၂ ဟက်တာ (၅,၇၈၇ ဒသမ ၁၇၈ ဧက) တွင်
Class A ဟုသတ်မှတ်ထားသည့် မြေ ၄၀၀ ဟက်တာအနက် ၁၇၉ ဟက်တာပေါ် တွင် မြေယာ
ပြုပြင်းခြင်းလုပ်ငန်းများကို စတင် လုပ်ဆောင်ရာတွင် ၉၀ ရာခိုင်နငန်း ပြီးစီး နေပြီဖြစ်ကာ မြေငှား
ရမ်းရန်အဆိုပြုထားသည့် ကုမ္ပဏီ ၁၇ ခု အတွက် လိုအပ်ချက်မှာ ၁၇၉ ဟက်တာ၏ ထက်ဝက်
ခန့်ဖြစ်သည်။
သီလဝါ အထူးစီးပွားရေးဇုန်တွင် စက်ရုံများ တည်ဆောက်ခြင်းအား လာမည့်မေလတွင် စတင်
မည်ဖြစ်ကာ အဆိုပါစက်ရုံများသည် ၂၀၁၅ ခုနှစ် နျစ်လယ်ပိုင်းတွင် လုပ်ငန်းစတင်လည်ပတ်နိုင်
ဖွယ်ရှိသည်ဟု မစ္စတာ Yanai Takashi ကပြောသည်။
















