ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းဝယ်ယူခွင့် မဆုံးဖြတ်ရသေး

ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းဝယ်ယူခွင့် မဆုံးဖြတ်ရသေး

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ဗိုလ်မှူးဗထူးလမ်းမကြီးပေါ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာ
ရေးကော်မတီက တာဝန်ယူတည်ဆောက်လျက်ရှိသည့် ဗိုလ်ဗထူး တန်ဖိုး မျှတ အိမ်ရာစီမံကိန်း
သည် ၂၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ
အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ ဒုတိယဌာနမှူး ဦးနေဝင်း က မြန်မာတိုင်း(မ်) ကို ပြော
သည်။

အဆိုပါ တန်ဖိုးမျှတအိမ်ရာစီမံကိန်းကို လာမည့် ၂၀၁၅ တွင် အပြီးတည်ဆောက်ရန် ရည်ရွယ်
ထားပြီး ယခုအခါတွင် တိုက်ခန်းအားလုံး၏ အခြေခံအုတ်မြစ်များ တည်ဆောက် ပြီးစီးကာ တိုက်
သုံးလုံးမှာ သုံးထပ်အထိပြီးစီးနေပြီဖြစ်ကြောင်း ဦးနေဝင်းကပြောသည်။

"ဗိုလ်ဗထူးအိမ်ရာက ၂၀ ရာခိုင်နှုန်းလောက် ပြီးနေပါပြီ။ တိုက်ခန်းတွေအကုန်လုံးကိုတော့ အခြေ
ခံအုတ်မြစ်ချပြီးသွားလို့ တိုက်သုံးလုံး ကတော့ သုံးထပ် လောက်ရောက်နေပြီ။ ဒီအိမ်ရာ ကို
၂၀၁၅ ခုနှစ်မှာ အပြီးတည်ဆောက်သွားမှာ ပါ။ နောက်ထပ်စီမံကိန်းတွေကိုလည်း ဆက်ပြီး
အကောင်အထည်ဖော်ဖို့ လုပ်နေပါတယ်။ ဒီစီမံကိန်းတွေ အတွက်လည်း ကုမ္ပဏီတွေကို
ဒီလကုန်နောက်ဆုံး တင်ဒါခေါ်ယူထားပါ တယ်" ဟု ၎င်းကပြောသည်။

ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာကို ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီက ဆောက်လုပ်
ရေးပိုင်းအတွက် တင်ဒါခေါ်ယူ ခဲ့ရာ ပြညောမေ ဠစငူန ကုမ္ပဏီမှရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်၊ မေလခန့်
တွင် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

မြေဧက ၁၁၄ ဧကပေါ်တွင်တည်ဆောက်လျက်ရှိသည့် အဆိုပါတန်ဖိုးမျှတအိမ်ရာတွင် အခန်း
ပေါင်း ၄၄၈ ခန်းပါ၀င်မည့် တိုက်ခန်း ၁၄ လုံး တည်ဆောက်သွားမည်ဖြစ်ကာ ယင်း အခန်းများ
၀ယ်ယူလိုသူများကို ဇန်နဝါရီလ ၃၁ ရက်နေ့နောက်ဆုံးထားကာ လျှောက်လွှာခေါ်ယူခဲ့ပြီး ဖြစ်
သည်။

သို့သော် အခန်းဝယ်ယူလိုသူဦးရေမှာ ပါ၀င် မည့် အခန်းအရေအတွက်ထက် များပြားခဲ့ သဖြင့်
လျှောက်လွှာများကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က မဲစနစ်ဖြင့် ရွေးချယ် မည်ဖြစ်သော်
လည်း ယခုအချိန်အထိ ရွေးချယ်မှု မပြုလုပ်ရသေးကြောင်း ဦးနေဝင်းကပြောသည်။

"ကျွန်တော်တို့ကတော့ လာတင်ထားတဲ့လျှောက်လွှာ တစ်သောင်းကျော်ကို တိုင်းဒေသကြီး
အစိုးရကို ပေးပြီးသွားပါပြီ။ ဒါပေမဲ့ အခုထိတော့ အကြောင်းပြန်မလာသေးဘူး။ ဗိုလ်မင်းရောင်
အိမ်ရာ အတွက်ကလည်း လျှောက်လွှာတွေခေါ်နေတုန်းဆိုတော့ ဗိုလ်မင်းရောင်အိမ်ရာပြီးမှ
နှစ်ခုပေါင်းပြီး မဲနှိုက်မယ် လို့ထင်ပါတယ်" ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ဒုတိယစီမံကိန်းဖြစ်သည့် ဒဂုံ မြို့သစ်မြောက်
ပိုင်းမြို့နယ် အတွင်းရှိ ဗိုလ် မင်းရောင် တန်ဖိုးမျှတအိမ်ရာကို ယခု လကုန်အထိ လျှောက်လွှာများ
လက်ခံထားပြီး လက်ရှိအချိန်တွင် ၀ယ်ယူလိုသူများ၏ လျှောက် လွှာပေါင်း ၃၁၀ ခန့်သာ ရှိသေး
ကြောင်း အင်ဂျင် နီယာဌာန (အဆောက်အအုံ) မှ တာဝန်ရှိသူ များကပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာက အကောင်အထည်ဖော် တည်ဆောက်မည့် တန်ဖိုးမျှတ
အိမ်ရာစီမံကိန်း ငါးခုခန့်ရှိပြီး ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင် အပါအဝင် ပင်လုံအိမ်ရာ၊ ဧရာ ၀ဏ်
အိမ်ရာနှင့် တက္ကသိုလ်အိမ်ရာ စီမံကိန်းတို့ ဖြစ်ပြီး ယင်းစီမံကိန်းများ၏ ဆောက်လုပ်ရေးပိုင်း
အတွက် တင်ဒါများခေါ်ယူလျက်ရှိကာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် သွား
မည်ဖြစ်ကြောင်း ဦးနေဝင်းကပြောသည်။

"အခု အိမ်ရာနှစ်ခုတောင် လာလျှောက်တဲ့သူ တွေက သောင်းချီနေတာ။ ဆောက်မယ့်အခန်း က
နှစ်ခုပေါင်းမှ အခန်းပေါင်း ၁,၂၀၀ ကျော်ပဲ ရှိသေးတော့ နောက်ထပ်အများကြီး လိုအပ်နေသေး
တယ်။ အဲဒါကြောင့် နောက်ထပ် တန်ဖိုးမျှတအိမ်ရာစီမံကိန်းတွေကို ဆက်ပြီး အကောင်အထည်
ဖော်သွားမှာပါ" ဟု ၎င်းက ပြောသည်။

အဆိုပါ တန်ဖိုးမျှတ အိမ်ရာများတွင် အခန်း ၀ယ်ယူသူများသည့် လက်လွှဲရောင်းချခြင်းများ နှင့်
အခန်းပြန်လည်ငှားရမ်းမှုများ ပြုလုပ်ခွင့် မရှိကြောင်း ၎င်းကပြောသည်။ "စလုပ်ကတည်းက
ဒီအခန်းတွေကို လက်လွှဲ ရောင်းချတာတို့၊ ပြန်ငှားတာတို့ လုံးဝခွင့်မပြု ဘူးလို့ ကြေညာပြီးသားပါ။
တကယ်လိုတဲ့သူ တွေကိုပဲ ရောင်းချပေးနေတာပါ။ စီးပွားရေး လုပ်စားဖို့ ရောင်းချပေးတာ မဟုတ်
ပါဘူး" ဟု ၎င်းကပြောသည်။

အဆိုပါ ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာတွင် အခန်းဈေးနှုန်းများမှာ အကျယ်အဝန်းပေါ် မူတည်၍
ပုံစံအေ ၉၂၇ စတုရန်းပေ အခန်း အတွက် ကျပ် ၃၄၇ သိန်း၊ ပုံစံဘီ ၈၈၇ စတုရန်း ပေအတွက်
၃၂၉ သိန်း၊ ပုံစံဘီ ၆၁၄ စတုရန်းပေ အခန်းအတွက် သိန်း ၃၃၀ နှင့် ပုံစံဘီ ၅၆၅ စတုရန်းပေ
အတွက် ၂၃၇ သိန်း တို့ဖြင့် ရောင်းချသွားမည် ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်